Jobs In Myanmar
Load...

ဝန်ထမ်းများအတွက် အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်များပေးရာတွင် လိုက်နာကျင့်သုံးသင့်သော နည်းလမ်း (၅) သွယ်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Employee-Constructive-Feedback-JobsInYangon



ဝန်ထမ်းများအတွက် အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်များပေးရာတွင် လိုက်နာကျင့်သုံးသင့်သော နည်းလမ်း (၅) သွယ်

 

ဝန်ထမ်းများကိုထိရောက်စွာစီမံခန့်ခွဲ၍ ဝန်ထမ်းတစ်ဦးချင်းစီတိုင်းထံမှ အကောင်းဆုံးသောအရည်အချင်းများကို ထုတ်ယူအသုံးပြုနိုင်ရန်အတွက် လုပ်ငန်းရှင်ဖြစ်သူများအနေနဲ့ ထည့်သွင်းအသုံးချနိုင်တဲ့ နည်းစနစ်ပေါင်းများစွာရှိနေပါတယ်။ ထိုအထဲတွင် ဝေဖန်အကြံပြုချက်များပေးအပ်ခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းဟာ ဝန်ထမ်းများရဲ့စိတ်ဓါတ်ခွန်အားကို မြှင့်တင်ပေးနိုင်သလို မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းအတွင်းရှိ ကာလကြာရှည်စွာရှိနေတဲ့အခက်အခဲအချို့ကိုလည်း ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ 

သုသေသနပြုလုပ်မှုအဖွဲ့အစည်းများရဲ့ လေ့လာမှုများအရ ဝန်ထမ်းများဟာ သူတို့ရဲ့မန်နေဂျာများထံမှ အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက် (feedback) များကိုရရှိတဲ့အခါ ပိုမိုကောင်းမွန်တိုးတက်မှုရှိလာတတ်ကြပြီး ထိုသို့ပြုလုပ်မပေးခြင်းကိုနှစ်သက်မှုမရှိကြတာကို ပြသနေပါတယ်။ ကုမ္ပဏီများတွင် ကျင်းပနေကျ နှစ်စဉ် Performance review ပြုလုပ်ခြင်းများအပြင် ပုံမှန် feedback များပြုလုပ်ပေးခြင်းဟာ ဝန်ထမ်းများအနေနဲ့ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်နေတဲ့ နေရာများကို အတိအကျသိရှိနိုင်ဖို့အတွက် မရှိမဖြစ်အရေးကြီးလှပါတယ်။ 

သို့သော်လည်း ဒီသို့ပြုလုပ်ခြင်းဟာ ထင်ထားတာထက်ပိုမို၍ ခက်ခဲလှပါတယ်။ မကြာခဏဆိုသလို မန်နေဂျာများနှင့် လုပ်ငန်းရှင်များအနေနဲ့ သူတို့ပေးလိုတဲ့ message ကို ထိရောက်အောင်ပေးနိုင်ဖို့နှင့် မိမိတို့ပြောကြားလိုက်သည့်စကားက တစ်ဖက်သားအတွက် စိတ်ထိခိုက်မှုရှိသွားစေနိုင်မလား ဆိုတဲ့ အစွန်း (၂) ဖက်ကြားလွန်ဆွဲနေရလေ့ရှိတတ်ကြပါတယ်။ အများစုကတော့ နှုတ်ဆိတ်နေလိုက်ခြင်းကို ပိုမို၍ရွေးချယ်လေ့ရှိတတ်ကြပြီး ဒီလိုနှုတ်ဆိတ်နေလိုက်ခြင်းကြောင့်လည်း နောက်ပိုင်းတွင် ပြဿနာများစွာတက်လာလေ့ရှိတတ်ကြပါတယ်။ 

ဝေဖန်အကြံပြုချက်များမပေးပဲ နှုတ်ဆိတ်နေခြင်းဟာ ကုမ္ပဏီအတွက် နောက်ပိုင်းတွင်ဆိုးကျိုးများကို ဖိတ်ခေါ်မိသလိုဖြစ်နေမှာဖြစ်သော်လည်း ဒီအရာများကို ဝန်ထမ်းများအားအသိပေးပြောကြားဖို့အတွက်လည်း လိမ္မာပါးနပ်မှုရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ သင်တို့ဘက်မှ feedback ပေးတဲ့ပုံစံ (နည်းလမ်း) ဟာ ဝန်ထမ်းများအပေါ် ဖြစ်သွားစေနိုင်တဲ့ အကျိုးသက်ရောက်မှုအတွက်လွန်စွာအရေးကြီးလှတဲ့အတွက် အပြုသဘောဆောင်၍ မိမိတို့လိုချင်တဲ့ ရလာဒ်သို့ရောက်ရှိနိုင်ဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာတော့ www.jobsinyangon.com ကနေ ဝန်ထမ်းများကို ဝေဖန်အကြံပြုချက်များပေးရာတွင် လိုက်နာကျင့်သုံးသင့်သော နည်းလမ်း (၅) သွယ်ကို ဖော်ပြပေးလိုက်ပါရစေ . . . 

 

ဝန်ထမ်းများကို အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်များ မည်ကဲ့သို့ ပေးကြမလဲ? 

Feedback များပေးခြင်းဟာ လုပ်ငန်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ employee management tool တစ်ခုဖြစ်ပြီး ဝန်ထမ်းများရဲ့ Professional လမ်းကြောင်းတွင် တိုးတက်မှုများရှိလာစေရန်၊ ဆက်သွယ်ပြောဆိုမှုများ အချိတ်အဆက်ပိုမိုမိစေရန်နှင့် လုပ်ငန်းခွင်အတွင်း တစ်ဦးနှင့်တစ်ဦး ပိုမို၍ရင်းနှီးမှုရှိလာစေရန်တို့တွင် အထောက်အကူဖြစ်စေနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိတို့လိုလားတဲ့ ရလာဒ်များအားရရှိနိုင်ရန်အတွက် တတ်နိုင်သမျှအပြုသဘောဆန်ဆန်ဖြင့် ဝေဖန်ထောက်ပြမှုများပြုလုပ်တတ်ဖို့လိုအပ်မှာဖြစ်ပါတယ် - 


၁။ ဝန်ထမ်းများနှင့် မိမိအကြားယုံကြည်မှုရှိလာအောင်တည်ဆောက်ပါ။ 

ဝန်ထမ်းများမှ လက်ခံနိုင်ပြီး ထိရောက်မှုလည်းရှိနိုင်မယ့် အပြုသဘောဆောင်တဲ့ feedback များကိုပေးနိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ လုပ်ငန်းခွင်အတွင်းမှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုများတည်ဆောက်ထားဖို့ပဲဖြစ်ပါတယ်။ ဝန်ထမ်းများအနေနဲ့ သူတို့မန်နေဂျာရဲ့ ရည်ရွယ်ချက်များဟာ ရိုးသားမှုရှိတယ်လို့ အကြွင်းမဲ့ယုံကြည်နေဖို့လိုအပ်ပါတယ် - သင့်အနေနဲ့ သင်ဟာသူတို့ရဲ့ကြိုးစားအားထုတ်မှုများကို နှိမ့်ချပစ်ဖို့ကြိုးစားနေတာမဟုတ်ဘူးဆိုတာကို ပြသနိုင်ဖို့လိုအပ်ပြီး ဒီလိုဖြစ်လာစေဖို့အတွက် သင်ဟာမှန်ကန်ရိုးသားတဲ့ ခေါင်းဆောင်သူတစ်ဦးဖြစ်နေဖို့၊ နားထောင်တတ်သူတစ်ဦးဖြစ်နေဖို့၊ မိမိရဲ့အမှားများကို လက်ခံနိုင်တဲ့သူတစ်ဦးဖြစ်နေဖို့နဲ့ မိမိအုပ်ချုပ်နေရတဲ့ဝန်ထမ်းများအပေါ် ဂရုစိုက်ပေးတတ်သူတစ်ဦး၊ သင်ကြားပေးတတ်သူတစ်ဦး ဖြစ်နေဖို့လိုအပ်မှာဖြစ်ပါတယ်။ 

ဖော်ပြပါလက္ခဏာရပ်တွေကို ဝန်ထမ်းများမှ သင့်ထံတွင်တွေ့ရှိလာရပြီဆိုပါက သူတို့အနေနဲ့ သင့်ကို ယုံကြည်ရတဲ့သူငယ်ချင်းတစ်ဦးကဲ့သို့ ထင်မြင်ယူဆလာကြမှာဖြစ်တဲ့အတွက် သင့်ရဲ့ဝေဖန်အကြံပြုချက်များကိုလည်း ပိုမို၍ လက်ခံနားထောင်ပြီး လိုအပ်ချက်များကို ပြုပြင်လိုစိတ်ရှိလာကြမှာဖြစ်ပါတယ်။ 

 

၂။ Feedback များပေးနိုင်ဖို့အတွက် ကြိုတင်စီစဉ်မှုများပြုလုပ်ပါ။ 

လုပ်ငန်းခွင်တစ်ခုတိုးတက်မှုရှိလာဖို့နှင့် ရေရှည်အောင်မြင်မှုများကိုရရှိနိုင်ဖို့အတွက် Feedback များပေးခြင်းကိုပြုလုပ်ပေးဖို့ မရှိမဖြစ်ကိုလိုအပ်ပါတယ်။ ဝန်ထမ်းအများစုအနေနဲ့လည်း ဒီလို feedback များပေးခြင်းကို သူတို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်နှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းကို အကဲဖြတ်နိုင်တဲ့နည်းလမ်းတစ်ခုအနေနှင့် ရှုမြင်တတ်ကြပါတယ်။ ဒါကြောင့် Feedback များပေးအပ်လာတဲ့အခါ သူတို့ဖက်မှအလေးအနက်ထားနားထောင်လေ့ရှိတတ်ကြတဲ့အတွက် သင့်အနေနဲ့လည်း ပြီး ပြီးရောမလုပ်သင့်ပါဘူး။ အရေးကြီးတဲ့ meeting များပြုလုပ်ခြင်းနည်းတူ . . . constructive feedback များကိုပေးအပ်နိုင်ဖို့အတွက် သင့်အနေနဲ့ ထိုက်သင့်တဲ့ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ 

 

၃။ အဆိုးဘက်ကို အလွန်အမင်းအာရုံမစိုက်မိပါစေနဲ့ 

Feedback များဟာ ဝန်ထမ်းများကို သူတို့လုပ်ကိုင်နေရတဲ့အလုပ်များအပေါ် သင်တို့ဘက်က မည်သို့ထင်မြင်ယူဆမှုရှိသလဲ၊ မည်သည့်နေရာများတွင်တော့ မည်သို့ပိုမိုကောင်းမွန်အောင်ပြုလုပ်၍ရနိုင်မလဲနှင့်၊ လုပ်ငန်းအဖွဲ့အစည်းတစ်ခုရဲ့ ရည်မှန်းချက်များကို ရရှိအောင်မြင်နိုင်စေရန် မည်သည့်ပြောင်းလဲမှုများကို ပြုလုပ်ဖို့လိုအပ်မလဲဆိုတာတွေကို အသိပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ 

ဒီကဲ့သို့ feedback များပေးရာတွင် ဝန်ထမ်းများကောင်းမွန်စွာမဆောင်ရွက်နိုင်ခဲ့တဲ့ (အမှားပြုလုပ်ခဲ့တဲ့) အရာများကိုသာ အလွန်အမင်းအာရုံမစိုက်ပါနဲ့။ ထိုအစား သူတို့ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့ စွမ်းဆောင်မှုများကို အသိအမှတ်ပြုပြီး ပိုမိုကောင်းမွန်တဲ့ရလာဒ်များကို ရရှိနိုင်ရန် မည်သို့သောပြောင်းလဲမှုတွေကို ပြုလုပ်၍ရနိုင်ဦးမလဲဆိုသည်အား အကြံပြုပေးလိုက်ပါ။ 

 

၎။ အမြဲတမ်း ပုံမှန် Feedback များပေးခြင်းကို အလေ့အကျင့်ပြုလုပ်ထားပါ။ 

ဝန်ထမ်းများကို Feedback များပေးရာတွင် အပြုသဘောဆောင်၍ ထိရောက်မှုရှိစေရန် အချိန်မှန် Feedback များပေးသွားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ များစွာသော မန်နေဂျာများနှင့် လုပ်ငန်းရှင်များအနေနဲ့ Feedback များပေးခြင်းကို နှစ်ကုန်ဝန်ထမ်းစွမ်းဆောင်ရည်အကဲဖြတ်မှုများတွင်မှ ပြုလုပ်လေ့ရှိတတ်ကြပါတယ်။ ဒီလိုအလေ့အထဟာ ကောင်းမွန်မှုမရှိပါဘူး။ 
ပြဿနာများကို ပိုမို၍ကြီးထွားမလာမှီ ပူပူနွေးနွေးအချိန်တွင်ဖြေရှင်းခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။ နှစ်ကုန်ဝန်ထမ်းစွမ်းဆောင်ရည်အကဲဖြတ်မှုအထိစောင့်ဆိုင်းပြီးမှ Feedback များပေးခြင်းဟာ လုပ်ငန်းစွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်ပြီး လုပ်ငန်းခွင်အတွင်းတွင် မလိုလားအပ်တဲ့ တင်းမာမှုများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုပြုလုပ်ခြင်းကြောင့် မန်နေဂျာများနှင့် ဝန်ထမ်းများအကြား နားလည်မှုလွဲမှားခြင်းများလည်းဖြစ်လာနိုင်ပြီး ဒါက (၂) ဦး (၂) ဖက်စလုံးအတွက် အကျိုးမရှိနိုင်ပါဘူး။ 

 

၅။ အကျင့်စရိုက်များအပေါ်တွင်ထက် လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အာရုံစိုက်ပါ။ 

အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက် (Feedback) များဆိုသည်မှာ လုပ်သား (ဝန်ထမ်း) တစ်ဦးရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် ဝေဖန်ထောက်ပြမှုများပြုလုပ်ခြင်းဖြစ်ပြီး သူတို့ရဲ့ အကျင့်စရိုက်များနဲ့ သက်ဆိုင်မှုရှိမနေသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ မလိုလားအပ်တဲ့ ရလာဒ်များကို ရရှိသွားနိုင်ပါတယ်။ Negative Feedback များကိုပေးတဲ့အခါ တင်းမာမှုလေးတွေရှိလာနိုင်တဲ့အတွက် ဝေဖန်အကြံပြုချက်များဟာ “ပြစ်တင်ဝေဖန်မှုများ” အဖြစ်သို့ မပြောင်းလဲသွားစေရန် ဂရုပြုရမှာဖြစ်ပါတယ်။ လုပ်ငန်းအတွက်အကျိုးရှိစေဖို့ စတင်လိုက်တဲ့ စကားဝိုင်းဟာ တစ်ဦးနှင့်တစ်ဦးအကြားက ကိုယ်ရေးကိုယ်တာပြဿနာများကို ထောက်ပြတဲ့တိုက်ပွဲအဖြစ်သို့ ယုတ်လျော့မသွားစေရန်အတွက် သတိပြုသင့်ပါတယ်။ 

ဆွေးနွေးမှုများကိုပြုလုပ်ရာတွင်လည်း သီးသန့်ဆွေးနွေး၍ ဝန်ထမ်းများရဲ့ Professional လမ်းကြောင်းတွင် တိုးတက်မှုများရှိလာစေရန်နှင့် ကုမ္ပဏီရဲ့ရည်မှန်းချက်များအောင်မြင်မှုရရှိရေးအတွက်ကိုသာ အဓိကထား၍ဆွေးနွေးရမှာဖြစ်ပြီး သက်ဆိုင်မှုမရှိတဲ့အခြားသောအကြောင်းအရာများကိုဆွေးနွေးခြင်းဟာ အကျိုးစီးပွားဖြစ်ထွန်းမှုအတွက် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ 


နိဂုံးချုပ်အနေနဲ့ မှာချင်တာကတော့ . . . 

Constructive Feedback များကို ပေးအပ်နိုင်ဖို့ဟာ မန်နေဂျာများနဲ့ လုပ်ငန်းရှင်များအတွက် မိမိတို့ ထင်ထားတာထက်ခက်ခဲမှုလေးတွေရှိလာနိုင်ပါတယ်။ ဒီကဲ့သို့ပြုလုပ်ရာတွင် တစ်ပါးသူစိတ်ထိခိုက်မှု မရှိစေဖို့အတွက်လည်း ဂရုပြုပေးသင့်ပြီး လူ့သဘောသဘာဝအရ ဒီလိုပြုလုပ်နိုင်ဖို့ဟာ ခက်ခဲလှပါတယ်။ 

သို့သော်လည်း Constructive Feedback များပေးခြင်းကို မှန်ကန်စွာသာပြုလုပ်ပေးနိုင်ခဲ့ပါက ဝန်ထမ်းများရဲ့ Professional လမ်းကြောင်းတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မှာ ဖြစ်သလို မိမိတို့ရဲ့ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းများအနေနဲ့လည်း ရည်မှန်းချက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်လာနိုင်ကြမှာဖြစ်ပြီး အမူအကျင့်ကောင်းများ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုနှင့် အပြန်အလှန်လေးစားယုံကြည်မှုတို့ ပေါက်ဖွားလာစေရန်အတွက် အထောက်အကူပြုပေးနိုင်ပါလိမ့်မယ်လို့ပြောကြားရင်း ဒီ article လေးကို နိဂုံးချုပ်ပါရစေခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)
Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
Polyconcept Hong Kong Ltd

Polyconcept Hong Kong Ltd

Skills training related with job; 2. International working environment; 3. Career development in different domain and places; 4. Opportunities to work in different cities and countries; 5. 15 annu...
Show the postings (1)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
ABC Convenience Store

ABC Convenience Store

With over 70 stores giving access to our customers and suppliers the opportunity to leverage their product on our network. We stress on providing and maintaining highest standard in product quality an...
Show the postings (6)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS