Jobs In Myanmar
Load...

ဝန်ထမ်းများကို စိတ်အားထက်သန်မှုတိုးတက်လာစေနိုင်မည့် ရိုးရှင်းသောနည်းလမ်း (၆) သွယ် (အပိုင်း - ၁)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-HRM-Employee-Morale-JobsInYangon



ဝန်ထမ်းများကို စိတ်အားထက်သန်မှုတိုးတက်လာစေနိုင်မည့် ရိုးရှင်းသောနည်းလမ်း (၆) သွယ် (အပိုင်း - ၁)

 

ဝန်ထမ်းများ၏ စိတ်အားထက်သန်မှုရှိစေခြင်းဆိုသည်မှာ သင့်ရဲ့ဝန်ထမ်းများ မည်မျှအထိပျော်ရွှင်မှုရှိသလဲဆို သည်ကိုတိုင်းတာခြင်းလောက် ရိုးရှင်းမှုမရှိနေပါဘူး။ ဒီအရာက သင့်ကုမ္ပဏီရဲ့ အစဉ်အလာများဟာ မည်မျှအထိ ကောင်းမွန်မှုရှိသလဲ၊ သင်နဲ့ အခြားသော leader များဟာ သူတို့ရဲ့ team များနဲ့ မည်မျှအထိကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်သလဲဆိုတာနဲ့ သင့်ရဲ့မန်နေဂျာများဟာ မည်မျှထိရောက်မှုစွာ လုပ်ကိုင်နိုင်သလဲဆိုတာများနဲ့ တိုက်ရိုက်သက်ဆိုင်မှုရှိနေပါတယ်။ 

ကုမ္မဏီမှ သူတို့အပေါ်ဂရုစိုက်မှုရှိတယ်လို့ ဝန်ထမ်းများမှထင်မြင်ယူဆလာကြတဲ့အခါတွင်မှသာ မြင့်မားသော စိတ်အားထက်သန်မှုများဟာ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ နောက်ပြီး ဒီနှစ် ၂၀၂၀ခုနှစ်အတွင်းမှာ များစွာသော စိတ်ဖိစီးမှုတွေနဲ့ပြည့်နှက်နေသော အာရုံစူးစိုက်မှုကို ပျက်ပြားစေတဲ့အရာတွေနဲ့သာ ပြည့်နှက်နေတဲ့အတွက် ယခုအချိန်တွင် သင့်ရဲ့ဝန်ထမ်းများအနေနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်များကို အလုပ်တွင်ဆောင်ကြဉ်းလာ နိုင်စေဖို့အတွက် သူတို့တွင်လိုအပ်နေနိုင်တဲ့ ထောက်ပံ့ကူညီမှုတွေ သေချာစွာရရှိနိုင်ရန်အတွက် ပြုလုပ်ပေးဖို့ဟာ ယခင်ကထက်ပင် ပို၍ အရေးပါလာပြီပဲဖြစ်ပါတယ်။

ဝန်ထမ်းများ၏ စိတ်အားထက်သန်မှုကိုတိုးမြှင့်ပေးနိုင်မည့် နည်းလမ်း (၆) သွယ်ရှိနေပါတယ်။ အောက်ပါနည်းလမ်း (၃) သွယ်ကတော့ သင့်အနေနဲ့ တိုးတက်အောင်မြင်မှုတွေရရှိနိုင်မယ့် ကုမ္ပဏီအစဉ်အလာများကို တည်ဆောက်နိုင်စေပြီး ဝန်ထမ်းများရဲ့စိတ်အားထက်သန်မှုကို တစ်နှစ်ပတ်လုံး မြှင့်တင်ပေးနိုင်စေမယ့် ရိုးရှင်းသောနည်းလမ်းများပဲဖြစ်ပါတယ်။ ကျန်ရှိတဲ့ နည်းလမ်း (၃) သွယ်ကိုလည်း မနက်ဖန်တွင် ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုလိုက်ကြပါစို့လား ခင်ဗျာ။

 

၁။ တစ်ဦးချင်းတွေ့ဆုံတင်ပြမှု/ ဆွေးနွေးမှုများကို အားပေးပါ။

ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှုကို မြှင့်တင်ပေးနိုင်စေသောနည်းလမ်းများအနက်မှ အကောင်းဆုံးတစ်ခုမှာ မကြာမကြာဆက်သွယ်ပြောဆိုမှုပြုပေးခြင်းအားဖြင့် စိတ်အားထက်သန်မှုများကို မြှင့်တင်ပေးခြင်းပဲဖြစ်ပါတယ်။ 15Five ရဲ့ လက်တလောထုတ်ပြန်ခဲ့တဲ့ လုပ်ငန်းခွင်လေ့လာချက်များအရ အပတ်စဉ်တစ်ဦးချင်းတွေ့ဆုံတင်ပြမှု/ ဆွေးနွေးမှု ပြုလုပ်ခွင့်ရသောဝန်ထမ်းများ၏ ၈၂% ခန့်ဟာ အပတ်စဉ် တစ်ဦးချင်းတွေ့ဆုံတင်ပြမှု/ ဆွေးနွေးမှုပြုလုပ်ခွင့် ပိုမိုနည်းပါးသော ဝန်ထမ်းများ၏ ၆၆% နှင့် နှိုင်းယှဉ်လိုက် ပါက သူတို့ဟာ ဒီကပ်ရောဂါကာလအတွင်း သူတို့လိုအပ်တဲ့ထောက်ပံ့ကူညီမှုများကို သူတို့ရဲ့မန်နေဂျာများထံမှ ရရှိခဲ့တယ်ဟူ၍ ပြောဆိုခဲ့ကြပါတယ်။ သို့သော်လည်း ပုံမှန်သင့်ရဲ့အဖွဲ့သားများနဲ့အဆက်အသွယ်ရရှိနေပြီး မန်နေဂျာများကလည်း သူတို့ရဲ့တိုက်ရိုက်တင်ပြမှုများနဲ့အတူ ထိုသို့ပြုလုပ်နိုင်ဖို့မှာ မှန်ကန်တဲ့ tool များနှင့် နေ့စဉ်အလေ့အကျင့်မရှိနေဘူးဆိုပါက လက်တွေ့လုပ်ဆောင်ရာတွင် ခက်ခဲမှုများရှိလာနိုင်ပါတယ်။

သင့်ဝန်ထမ်းများရဲ့ leader များကို အခြေခံစည်းမျဉ်းများချမှတ်ပေးကာ ပိုမိုကောင်းမွန်တဲ့ တစ်ဦးခြင်းတွေ့ဆုံတင်ပြမှု/ ဆွေးနွေးမှုများဟာ တွေ့ဆုံဆွေးနွေးမှုတိုင်းအတွက် အကောင်းဆုံးအရာများကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိတယ်ဆိုတာကို သိရှိစေရန် ပြုလုပ်ပေးလိုက်ပါ။ သူတို့အနေနဲ့ ဖြစ်ပေါ်လျှက်ရှိနေတဲ့ အရာများအားလုံးကိုသိရှိနိုင်ရန်အတွက်ကြိုးစားရာတွင် အချိန်ကုန်သက်သာစေမှာဖြစ်ပြီး စကားစမြည်ပြောဆိုခြင်း၊ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းများတွင်လည်း ပိုမို၍ကောင်းမွန်စွာ စွမ်းဆောင်နိုင်စေမှာဖြစ်ကာ ပိုမိုမြင့်မားသော ယုံကြည်မှု၊ စိတ်အားထက်သန်မှုနှင့်၊ ကုန်ထုတ်လုပ်မှုစွမ်းရည်များကို ရရှိနိုင်မှာဖြစ်ပါတယ်။

 

၂။ ဝန်ထမ်းများအနေနဲ့ ဝေဖန်အကြံပြုချက်များတောင်းခံနိုင်စေမည့် tools များကို ပေးအပ်ထားပါ။

သမားရိုးကျအနေနဲ့ ဝေဖန်အကြုံပြုချက်များပေးသားခြင်းကို ဝန်ထမ်းများအား လမ်းကြောင်းတည့်မတ်ပေးရန် နှင့် တိုးတက်မှုရှိလာစေရန်အတွက် မန်နေဂျာများကပဲဦးဆောင်ကာပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ သို့သော် လက်တွေ့တွင်တော့ ဝေဖန်အကြံပြုချက်များအဆက်မပြတ်စီးဆင်းမှုရှိနေစေရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ ဝန်ထမ်းများအနေနဲ့ အဆိုပါဝေဖန်အကြံပြုချက်များကို သူတို့ကိုယ်တိုင်တောင်းဆိုမှု ရှိလာစေရန်အတွက် အားပေးခြင်းပဲဖြစ်ပါတယ်။

Gallup ရဲ့ အဆိုအရ “ဝေဖန်အကြံပြုချက်များကို တောင်းခံခြင်းဟာ မိမိကိုယ်ကိုတိုးတက်မှုရှိစေရေးအတွက် အံ့အားသင့်ဖွယ် အစွမ်းထက်သော ချဉ်းကပ်ပုံနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အခြေခံလုပ်ငန်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှုများတွင် ဒီအရာကို စီမံကိန်းများတွင် ထည့်သွင်းသင့်သော နောက်ဆုံးအဆင့်တစ်ဆင့်အနေနဲ့ပင် ယူဆ၍ရနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ တောင်းခံ၍ရရှိလာသော ဝေဖန်အကြံပြုချက်များဟာ သင့်ရဲ့အဖွဲ့အတွင်းရှိလူတိုင်းအနေနဲ့ စိတ်အားထက်သန်တက်ကြွမှုရှိနေတယ် ဆိုတာကိုခံစားသိရှိနိုင်စေဖို့အတွက် ဂရုစိုက်မှုကိုထုတ်ဖော်ပြသပေးနိုင်မှာဖြစ်ပါတယ်။”

ဝန်ထမ်းများအနေနဲ့ ဝေဖန်အကြံပြုချက်များကို အလိုအပ်ဆုံးသောအချိန်များတွင် သူတို့ကိုယ်တိုင်ကိုယ်ကျ ဝေဖန်အကြံပြုချက်များ တောင်းခံမှုရှိလာစေရန် အားပေးကူညီခြင်းအားဖြင့် သူတို့ရဲ့တိုးတက်ကြီးပွားမှုရှိစေရေးကို ကိုယ်တိုင်ကိုယ်ကျထိန်းချုပ်နိုင်စေမှာဖြစ်ပြီး အသစ်အသစ်သော ကျွမ်းကျင်မှုများကိုသင်ယူလေ့လာခြင်းနှင့် အချို့သောအမူအကျင့်များကို ပြင်ဆင်တည့်မတ်ခြင်းတို့ကို အချိန်ကြာလာသည်နှင့်အမျှ လုပ်ဆောင်လာနိုင်ကြမှာဖြစ်ပါတယ်။ ထို့အပြင် ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်တိုးတက်မှုရှိလာခြင်းကိုတွေ့မြင်လာရသည့်အခါ စိတ်အားတက်ကြွမှုများကို ဖြစ်ပေါ်လာစေဖို့အတွက် ကောင်းမွန်သောတွန်းအားတစ်ခု ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။

 

၃။ သင့်ရဲ့မန်နေဂျာများကို ပိုမိုကောင်းမွန်သော သင်ကြားပေးနိုင်သူများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးပါ။

သင့်ရဲ့မန်နေဂျာများကို သူတို့ရဲ့ဝန်ထမ်းများအနက်မှ တစ်မူထူးခြားသောစွမ်းဆောင်ရည်၊ ကျွမ်းကျင်မှုရှိသူများကို ရှာဖွေဖော်ထုတ်နိုင်စေဖို့သင်ကြားပေးခြင်းဟာ အဆိုပါစွမ်းရည်အပေါ်မူတည်၍တည်ဆောက်ထားသော ပတ်ဝန်းကျင်တစ်ခုကိုပေါ်ထွန်းလာစေနိုင်ပြီး ဒီအရာက ခက်ခဲတဲ့အချိန်များအတွင်းတွင်တောင်မှ လုပ်ငန်းများကို ဆက်လက်၍ကောင်းမွန်စွာလည်ပတ်နိုင်စေဖို့အတွက် အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ မန်နေဂျာများအနေနဲ့ ဒီချဉ်းကပ်ပုံနည်းလမ်းကို ဝန်ထမ်းများအား ကုမ္ပဏီ၏ရည်ရွယ်ချက်များနှင့် သူတို့စိတ်ပါဝင်စားမှုရှိတဲ့အရာများနဲ့ ကိုက်ညီသော job description များကိုဖန်တီးရာတွင်ကူညီပေးခြင်းအားဖြင့် လက်တွေ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာလည်း ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို အလိုအလျှောက်တိုးတက်မှုရှိလာစေမှာဖြစ်ပါတယ်။

ထိရောက်မှုရှိသော၊ စွမ်းဆောင်ရည်ကောင်းမွန်သော မန်နေဂျာများဟာ မြင့်မားသောစွမ်းဆောင်ရည်ကိုရရှိနိုင်ရန် ကိုသာ တွန်းအားပေးခြင်းမပြုလုပ်ကြပါဘူး။ ထိုအစား သူတို့ဟာ ဝန်ထမ်းများကို သူတို့ရဲ့မွေးရာပါစွမ်းဆောင်ရည်များကို ရှာဖွေတွေ့ရှိနိုင်ရန်အတွက်ကို ကူညီပေးခြင်းအား တန်ဖိုးထားကြပြီး အဆိုပါအားသာချက်များကို အသုံးချနိုင်မည့်အခွင့်အလမ်းများကို ရှာဖွေတတ်ကြပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ပိုမိုနက်နဲပြီး၊ အပြန်အလှန်ဆက်သွယ်မှုရှိသော စိတ်အားထက်သန်မှုကို ဝန်ထမ်းများအား ပေးစွမ်းနိုင်သည်သာမက၊ မန်နေဂျာများကိုလည်း သူတို့ team များရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်စေမှာဖြစ်ပါတယ်။

 

စာဖတ်သူပရိသတ်တို့အနေနဲ့ ဒီ article လေးကိုဖတ်ရှုပြီးနောက် ဖော်ပြပါ မိမိတို့ရဲ့ဝန်ထမ်းများကို စိတ်အားထက်သန်မှုရှိစေရန် ပြုလုပ်ပေးနိုင်မယ့်အချက်အချို့ကို နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးနိုင်စေဖို့ကို မျှော်လင့်ပါတယ်။ မနက်ဖန်တွင် ဆက်လက်၍ အပိုင်း (၂) ကို တင်ဆက်ဖော်ပြပေးဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျေးဇူးတင်လျှက်

www.jobsinyangon.com

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS