Jobs In Myanmar
Load...

လုပ်ငန်းစွမ်းဆောင်ရည်ကောင်းသူများက အစည်းအဝေးပွဲများအတွက် ပြင်ဆင်တတ်သောနည်း (၆) နည်း

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Meeting-Arrangement-Tips-JobsinYangon



လုပ်ငန်းစွမ်းဆောင်ရည်ကောင်းသူများက အစည်းအဝေးပွဲများအတွက် ပြင်ဆင်တတ်သောနည်း (၆) နည်း 

 

လူတိုင်းဟာ ရှည်လျားပြီး စနစ်တကျမရှိတဲ့ အစည်းအဝေးပွဲများကို မုန်းတီးကြပါတယ်။ ယနေ့ခေတ်တွင် လူများ ဟာ သူတို့ရဲ့ပုံမှန်အလုပ်များနဲ့အမြဲအလုပ်ရှုပ်နေကြတာဖြစ်တဲ့အတွက် meeting များဟာ ကောင်းမွန်မှုမရှိတဲ့ အခါ သူတို့ဟာ စိတ်ဆိုးလာကြပါတယ်။

Meeting အများစုဟာ ပြင်ဆင်သူတွေက ကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့အတွက် ဆိုးရွားလှပါ တယ်။ သူတို့ဟာ ဒီအစည်းအဝေးပွဲတစ်ခုဘာလို့ဖြစ်လာရသလဲဆိုတာရဲ့အကြောင်းပြချက်တွေကို မစဉ်းစားကြ သလို လိုလားတဲ့နောက်ဆုံးရလာဒ်ကိုလည်း မစဉ်းစားတတ်ကြပါဘူး။ ပိုဆိုးတာတစ်ခုက သူတို့ဟာ ရှေ့ထွက်ပြီး ထိန်းချုပ်ကာ အခြားမလိုအပ်တာတွေကိုပြောဆိုနေသူတို့မှ အချိန်တွေမယူနိုင်စေဖို့ပြုလုပ်ပေးဖို့ကိုကြောက်ရွံ့ တတ်ကြပါတယ်။ 

သင့်ရဲ့အချိန်များကို ဆိုးရွားတဲ့ meeting များနဲ့ မကုန်ဆုံးစေပါနဲ့။ အောက်ပါ ကြိုတင်ပြင်ဆင်နိုင်တဲ့နည်းလမ်း များကိုအသုံးပြုပြီး သင်နဲ့ အခြားသော အစည်းအဝေးတက်ရောက်သူများပါ meeting များမှ အကျိုးရှိစွာ ပြီး မြောက်နိုင်ရန်အတွက် လူဘယ်နှစ်ယောက်ရှိရှိလုပ်ဆောင်နိုင်မည့်အောက်ပါနည်းလမ်းများကို အသုံးပြုလိုက်ပါ။ 

 

၁။ တက်ရောက်မည့်သူများကို လေ့လာမှုပြုလုပ်ပါ။ 

သင့်အနေနဲ့ ဘယ်သူနဲ့တွေ့ဆုံစည်းဝေးမှုပြုလုပ်ရမယ်ဆိုတာကိုသိမနေခြင်းဟာ အကြောင်းပြချက်ပေးလို့ ကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ဒါဟာ တစ်ဦးခြင်းတွေ့ဆုံစည်းဝေးခြင်းပဲဖြစ်စေ၊ လူ ၁၀ ယောက် တွေ့ဆုံစည်းဝေးခြင်းပဲဖြစ်စေ သင့်အနေနဲ့ ဘယ်သူတွေနဲ့တွေ့ဆုံနေရလဲဆိုတာကိုသိရှိထားသင့်ပါတယ်။ တက် ရောက်မည့်လူများကို စာရင်းပြုစုထားပြီး တစ်ယောက်ချင်းစီအား Google ခေါက်ကြည့်ထားပါ။ သူတို့ရဲ့ LinkedIn profile ကိုကြည့်ရှုပြီး Facebook ပေါ်တွင်ပါ သူတို့ဟာဘယ်သူတွေလဲဆိုတာနဲ့ ဘယ်လိုအကြောင်း အရာတွေကို ဆွေးနွေးဖို့ပြောဆိုနိုင်လောက်လဲဆိုတာကို နားလည်အောင်ပြုလုပ်ထားလိုက်ပါ။ ထိုသို့ပြုလုပ်ခြင်း အားဖြင့် မိတ်ဆက်မှုပြုလုပ်ရတဲ့အချိန်များကိုချွေတာနိုင်ရုံသာမကပဲ ဒီအရာက အငြင်းပွားမှုများဖြစ်ပွားလာတဲ့ အခါ သင့်ထံတွင်ကောင်းမွန်တဲ့အတွေးအမြင်များရှိနေဖို့ကိုပါဖြစ်စေနိုင်ပါတယ်။ 

၂။ ရှင်းလင်းသော ရည်မှန်းချက်များကိုချမှတ်ထားပါ။

Meeting အများစုဟာ လူတွေကနောက်ဆုံးအချိန်အထိ သူတို့ဘာတွေကိုလိုချင်လဲဆိုတာကိုဆုံးဖြတ်နေတဲ့ အတွက် အေးအေးဆေးဆေးရှိနေတတ်ပါတယ်။ အကယ်၍သင်ဟာဘာတွေကိုအောင်မြင်အောင်လုပ်ဆောင် သင့်သလဲဆိုတာကိုသိရှိထားတဲ့ တစ်ယောက်တည်းသောသူဖြစ်နေပါက သင့်လိုအပ်ချက်များနဲ့ပြည့်မှီအောင် ရလာဒ်များကိုတွန်းအားပေးနိုင်ပြီး ရည်ရွယ်ချက်များပြည့်မှီသွားတဲ့အခါတွင်မှ အစည်းအဝေးပြီးဆုံးကြောင်း ကြေငြာနိုင်ပါတယ်။ ဒီအရာက အခြားသူများကိုဖိအားပေးလိုက်တာဖြစ်ပြီး အကျိုးမဲ့သောအရာတွေလုပ်နေ ခြင်းကို တားဆီးနိုင်ပါလိမ့်မယ်။ 

၃။ အစည်းအဝေးတွင်ဆွေးနွေးရမည့်အရာများကို ကြိုတင်စီစဉ်ထားပါ

သူရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့ Death by Meeting တွင် Patrick Lencioni က အစည်းအဝေးတွင် ဆွေးနွေးရမည့်အရာများကို အစည်းအဝေးမပြီးဆုံးမှီအထိ ပြောင်းလဲပြင်ဆင်နိုင်စေရန်ပြုလုပ်ထားဖို့ အကြံပြု ထားပါတယ်။ သင်ဆွေးနွေးလိုသည့်အကြောင်းအရာများကိုရေးသားထားသည့် (agenda) ကို ကြိုတင်စီစဉ်ထား ပြီး အစည်းအဝေးစတင်ချိန်တွင် မျှဝေထားလိုက်ပါ။ များသောအားဖြင့် လူများဟာ သင့်ရဲ့အစီအစဉ်ကိုလက်ခံ (သို့) ပြောင်းလဲသင့်တဲ့အရာအချို့ကို ပြောဆိုကြမှာဖြစ်ပြီး ဒီအရာများကို လျှင်မြန်စွာသဘောတူညီမှုရယူနိုင်ပါ တယ်။ 

၎။ ဖြစ်လာနိုင်တဲ့ အခက်အခဲများကိုထည့်သွင်းစဉ်းစားထားပါ။

ပြဿနာများဖြစ်ပွားလာမည်ကိုစောင့်မျှော်နေမယ့်အစား သင်စီစဉ်ထားတဲ့အရာများကိုပိတ်ဆို့လာနိုင်တဲ့ပြဿနာ များအတွက်ပြင်ဆင်ထားပါ။ ဘယ်လိုတိုက်ပွဲတွေကတော့ သင့်အနေနဲ့ အားစိုက်ထုတ်သင့်ပြီး ဘယ်အရာတွေကို တော့ အလျှော့ပေးသင့်သလဲဆိုတာကိုသိရှိအောင်ပြုလုပ်ထားပါ။ သင့်အနေနဲ့ ပြဿနာရပ်များနဲ့ စိတ်ခံစားမှုများ ကို ကောင်းစွာပြင်ဆင်ထားမယ်ဆိုရင် သင်အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အဖြေများကိုမြန်ဆန်စွာရရှိအောင် ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။ 

၅။ ပိတ်ဆို့နေမည့်အရာများကိုဖယ်ရှားပါ။ 

သင့်အနေနဲ့ meeting တစ်ခုအတွင်း ပြဿနာရပ်တိုင်းကိုစောင့်ဆိုင်းပြီးဖြေရှင်းနေဖို့မလိုအပ်ပါဘူး။ အကယ်၍ သင့်အနေနဲ့ နောင်တွင်ဖြစ်ပွားလာနိုင်တဲ့ ပြဿနာရပ်များကို ရှာဖွေတွေ့ရှိထားပါက ဒီအရာများကို တက်ရောက် သူများအနေနဲ့ အချိန်ကုန်သက်သာစေရန်အတွက် ကြိုတင်ပြီးဖယ်ရှားထားနိုင်ပါတယ်။ လုံလောက်သော ဂရုစိုက် မှုနဲ့ ကြိုတင်ကြံဆတတ်မှုရှိခြင်းအားဖြင့် သင့်အနေနဲ့ အစည်းအဝေးခေါ်ယူခြင်းတစ်ရပ်လုံးကိုပင် မလိုအပ်တော့ အောင်ပြုလုပ်နိုင်စွမ်းရှိနေပါတယ်။ 

၆။ ရရှိလိုတဲ့အဖြေများကို ကြိုတင်ဆုံးဖြတ်ထားပါ။ 

လူတိုင်းအနေနဲ့ meeting များပြုလုပ်ခြင်းဟာ ဘာကြောင့်အရေးပါသလဲဆိုတာကိုသေချာစွာသိရှိနားလည်နေ ရန်ပြုလုပ်ထားပြီး ပါဝင်လျှက်ရှိတဲ့သူတွေအပေါ် ဘယ်လိုကြီးမားတဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပွားနိုင်သလဲ ဆိုတာကိုနားလည်အောင်ပြုလုပ်ပေးရပါမယ်။ နည်းဗျူဟာဆန်သော ရည်မှန်းချက်များကိုပြည့်မှီအောင်ဆောင် ရွက်ခြင်းနဲ့မတူတဲ့အချက်ကတော့ ဒီအရာက ပြုလုပ်လိုက်တဲ့ meeting တစ်ခုဟာ နည်းဗျူဟာတစ်ရပ်လုံးကို ခြုံငုံပြီး ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်ထွန်းနိုင်စေလဲဆိုတာကိုနားလည်သဘောပေါက်စေခြင်းပဲဖြစ်ပါ တယ်။ အကယ်၍လူများဟာ ဒီအရာကိုရှင်းလင်းစွာနားလည်သဘောမပေါက်ထားပါက ကြိုးပမ်းအားထုတ်မှုများ နဲ့ ရလာဒ်များဟာလည်း ကံကောင်းရင်ဆက်စပ်မှုမရှိပဲဖြစ်နေမှာဖြစ်ပြီး၊ ကံဆိုးရင်တော့ လုံးဝကို အသုံးပြု၍မရ ဖြစ်သွားစေနိုင်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS