Jobs In Myanmar
Load...

ထင်ပေါ်ကျော်ကြားတဲ့ အရောင်းသမားများက ငြင်းဆိုမှုများကိုအလွယ်တကူကိုင်တွယ်သွားခဲ့နိုင်သည့် နည်းလမ်း (၇) ခု

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Career-Success-Sales-JobsinYangon



ထင်ပေါ်ကျော်ကြားတဲ့ အရောင်းသမားများက ငြင်းဆိုမှုများကိုအလွယ်တကူကိုင်တွယ်သွားခဲ့နိုင်သည့် နည်းလမ်း (၇) ခု 

ငြင်းပယ်မှုခံရခြင်းဟာ salesperson (အရောင်းသမား) တစ်ဦးအဖို့တော့မကြားချင်ဆုံးစကားလုံးဖြစ်ပါလိမ့်မယ်။ 

၁။ သူတို့ဟာ ငြင်းပယ်ခံရမှုများကိုကြိုတင်မျှော်လင့်ထားပြီး ထိုအရာများကိုသိပ်ပြီးစိတ်ထဲထားလေ့မရှိပါဘူး။ 

ထင်ပေါ်ကျော်ကြားသူများရဲ့အတွေး - ကျွန်တော်/ ကျွန်မတို့ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို လိုတိုင်းက လိုချင်မှာ၊ လိုအပ်မှာမဟုတ်ပါဘူး။ များစွာသောသူတို့က ငြင်းပယ်ကြမှာပါပဲ။ ဒီအရာကိုကြိုတင်တွက်ဆထားပြီး သားပါ။ ပြဿနာမရှိပါဘူး၊ ကျွန်တော်/ ကျွန်မတို့အနေနဲ့ အာရုံစိုက်ထားရမှာက ဝယ်ယူလိုစိတ်ရှိတဲ့သူများပါပဲ” ငြင်းဆိုခံရမှုများဟာ လုပ်ငန်းသဘောတရားရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို သူတို့ဟာသိရှိထားပြီး လက်ခံထားကြပါတယ်။ သူတို့ဟာထိုအရာကြောင့် ဘယ်တော့မှအံ့အားသင့်သွားမှာမဟုတ်ပါဘူး။ ထိုအရာက ရှောင်လွှဲလို့ရတဲ့အရာမဟုတ်ပါဘူး၊ ငြင်းဆိုခံရခြင်းကို လက်တွေ့အခြေအနေတစ်ရပ်အနေနဲ့လက်ခံထားပြီး ထိုအရာကို သင့်တင့်လျှောက်ပတ်စွာ ကိုင်တွယ်လိုက်ပါ။ 

၂။ သူတို့ဟာကြိုတင်ပြင်ဆင်မှုရှိပြီး လွန်စွာကောင်းမွန်သင့်လျှော်တဲ့ တုန့်ပြန်မှုများကိုပေးတတ်ကြပါတယ်။

ထင်ပေါ်ကျော်ကြားသူများရဲ့အတွေး - ကျွန်တော်/ ကျွန်မအဖို့ ငြင်းဆိုခံရခြင်းဟာ အရောင်းသမားပရော်ဖက်ရှင် နယ်များအဖို့တွေ့ကြုံရမယ့် အခက်အခဲတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ထားတဲ့အတွက် ငြင်းဆိုခြင်းခံရတဲ့ အခါမှာ ကောင်းမွန်တဲ့တုန့်ပြန်မှုများကိုပေးနိုင်စေရန် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားလိုက်မှာပေါ့။”
အကောင်းဆုံးစွမ်းဆောင်ရည်ရှိသူများဟာ ငြင်းဆိုခံရခြင်းအတွက် တုန့်ပြန်မှုများနဲ့ အမြဲအသင့်ရှိနေပါတယ်။ သူတို့ဟာ စကားဝိုင်းတစ်ခုကိုပြန် လည်တည့်မတ်ပေးနိုင်ဖို့ (သို့) ပြန်လည်ပြင်ဆင်နိုင်စေဖို့အတွက် စကားလုံးများ၊ စကားစုများနဲ့ တုန့်ပြန်မှုများကို ဖန်တီးတည်ဆောက်ထားတတ်ကြပါတယ်။ 

ဥပမာ - ဆုံးဖြတ်ခွင့်ရှိသူတစ်ဦးက “မလိုတော့ဘူး၊ ကျေးဇူးပဲ။ ငါတို့မှာဒီအတွက်ဝန်ဆောင်မှုပေးနေတဲ့သူရှိနှင့်ပြီး သားပါ” ဟုပြောကြားလိုက်တဲ့အခါတွင် များစွာသောအရောင်းသမားများဟာ သူတို့ရဲ့ ကုန်ပစ္စည်းအကြောင်းကို ရှင်းပြခြင်း (သို့) ပိုမိုဈေးသက်သာတဲ့အကြောင်းကိုစတင်ပြောကြားကြပါလိမ့်မယ်။ စွမ်းဆောင်ရည်ကောင်းသူ များကတော့ ဒီလိုမျိုးပြန်လည်တုန့်ပြန်ပါလိမ့်မယ် - “သင်ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ရဲ့ လုပ်ငန်းနယ်ပယ်အတွင်းက ကျွန်တော်တို့ရဲ့ဖောက်သယ်တိုင်းဟာ စတွေ့စဉ်ကတော့ ကျွန်တော်တို့နဲ့ပြိုင်ဖက်ဖြစ် တဲ့အခြားသောကုမ္ပဏီများကိုအသုံးပြုနေကြတာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ၎င်းတို့အားလုံးဟာ ကျွန်တော် တို့ရဲ့ဝန်ဆောင်မှုကို ပြောင်းလဲအသုံးပြုလာကြပါတယ်။ ဒါကတော့ ဒီလိုမျိုးပြောင်းလဲအသုံးပြုခဲ့တဲ့ သင်တို့နဲ့ အလားတူကုမ္ပဏီများထံမှရရှိထားတဲ့ ထောက်ခံချက်များပဲဖြစ်ပါတယ်။”

၃။ သူတို့ဟာ စိတ်ခံစားချက်များကိုဖယ်ထားတတ်ပါတယ်။ 
ထင်ပေါ်ကျော်ကြားသူများရဲ့အတွေး - “ကျွန်တော်/ ကျွန်မတို့ရဲ့ ခံစားချက်များအပေါ် အာရုံမစိုက်ထားဖို့ (သို့) အခြားသူများကို ကျွန်တော်/ ကျွန်မတို့ရဲ့ တစ်ကိုယ်ရေထင်မြင်ယူဆချက်များကို သတ်မှတ်ပေးလိုက်စေဖို့ မဖြစ် စေဖို့ဆုံးဖြတ်ထားပါတယ်” ငြင်းဆိုခံရမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ကိုသာ ခေါင်းထဲရှိနေရပါမယ်။ 
များစွာသော စွမ်းဆောင်ရည်ကောင်းသူများတွင် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိနေပြီး - ထိုအရာက အခြားသောသူ များရဲ့ အထင်အမြင်တွေ၊ ဘက်လိုက်တဲ့အမြင်တွေ (သို့) ငြင်းဆိုခြင်းတွေကို စိတ်ခံစားချက်များမဖြစ်စေပဲ ခွဲထုတ် နိုင်စေပါတယ်။ သူတို့ဟာ ဒီအရာများကို သူတို့ခေါင်းထဲကိုအရောက်မခံကြပါဘူး။ ဒီစိတ်ခံစားမှုဆိုင်ရာ barrier ဟာ သူတို့ကို ရောင်းချမှုလုပ်ငန်းစဉ်ရဲ့ အဆင့်တိုင်းတွင်သာ အာရုံစိုက်စေနိုင်ပြီး သူတို့ကိုယ်သူတို့ (သို့) အခြားသူ များရဲ့ စိတ်ဝင်စားမှုမရှိကြောင်းပြသခြင်းများကိုအာရုံမထားနိုင်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ 


၎။ သူတို့ကိုယ်တိုင်အတွက်လည်း များစွာသောအခွင့်အလမ်းများကိုဖန်တီးနိုင်ကြပါတယ်။ 

ထင်ပေါ်ကျော်ကြားသူများရဲ့အတွေး - “ကျွန်ုပ်တို့ပစ်မှတ်ထားတဲ့ ဈေးကွက်တစ်ခုအတွင်း ကုန်ပစ္စည်းတစ်ခု အကြောင်းလူတွေပိုမိုသိရှိလာအောင်ပြုလုပ်နိုင်လေလေ ကျွန်ုပ်တို့ထံတွင် ပိုမိုကျယ်ပြန့်များပြားတဲ့ စီးဆင်းမှုရှိ လေလေဖြစ်တယ်”။ ထင်ပေါ်ကျော်ကြားတဲ့ အရောင်းသမားများဟာ ဝယ်ယူသူဖောက်သယ်ဖြစ်လာနိုင်တဲ့သူ အနည်းငယ်ကိုသာ အာရုံစိုက်ထားတာမဟုတ်ပါဘူး။ သင့်အတွက်အခွင့်အလမ်းများကိုဖန်တီးတည်ဆောက်တဲ့ အခါမှာ ငြင်းဆိုမှုများကို ပုဂ္ဂိုလ်ရေးအရထင်မြင်ယူဆမိစေဖို့မှာလွယ်ကူပါတယ်။ ထို့ကြောင့် သင့်ရဲ့ ideal customer profile တစ်ခုကိုတည်ဆောက်ဖို့ကိုသာအာရုံထားကာလုပ်ဆောင်ပြီးမှ သင့်ရဲ့ list ကို စနစ်တကျပြု လုပ်သွားသင့်ပါတယ်။ မှတ်သားထားရမှာက များစွာသောအခြေအနေများတွင်း ငြင်းဆိုခံရခြင်းဟာ အချိန်၊ နေရာ လွဲမှားနေသောကြောင့်ဖြစ်ပါတယ်။ ဒီနေ့တွင်ငြင်းဆိုခဲ့တဲ့ customer တစ်ယောက်ဟာ ထိုသူရဲ့လုပ်ငန်းလိုအပ် ချက်အခြေအနေများပြောင်းလဲသွားတဲ့အတွက် မနက်ဖြန်တွင် တန်ဖိုးရှိသောဖောက်သယ်တစ်ဦးလဲ ဖြစ်လာနိုင်ပါ တယ်။ 

၅။ သူတို့ဟာငြင်းဆိုမှုများကို ပုဂ္ဂိုလ်ရေးအမြင်နဲ့မခံစားကြပါဘူး။ 

ထင်ပေါ်ကျော်ကြားသူများရဲ့အတွေး - “ဒါဟာငါနဲ့မသက်ဆိုင်ဘူး။ သူတို့အနေနဲ့ကြည့်ရင် ငါ့နေရာမှာ အခြားသူ တွေလဲ ဒီလိုပဲဖြစ်နိုင်တာပဲ။” သူတို့ဟာ ငြင်းဆိုခံရတဲ့သူများဟာ ဘယ်သူမဆိုဖြစ်လာနိုင်တယ်ဆိုတာကို သူတို့ ကိုယ်သူတို့ဖျောင်းဖြထားပြီးပါပြီ။ ငြင်းဆိုလိုက်တဲ့အခြေအနေတစ်ရပ်ဟာ သူတို့အပေါ်တွင်ဦးတည်ထားတာ မဟုတ်ဘူးဆိုတာကိုနားလည်ထားပါတယ်။ ထိုအစား ငြင်းဆိုမှုပြုလုပ်လိုက်ခြင်းဟာ မသင့်လျှော်တဲ့အချိန်၊ အရင် ကအရောင်းကိုယ်စားလှယ်များနဲ့ ကောင်းမွန်သောအတွေ့အကြုံမရှိခြင်း၊ လုပ်ငန်းအခြေအနေများ၊ စီးပွားရေး ဆိုင်ရာစိန်ခေါ်မှုများနဲ့ စိတ်အခြေအနေများကဲ့သို့သော သူတို့နဲ့မသက်ဆိုင်တဲ့ နောက်ကွယ်ကအခြေအနေများ ကြောင့်သာဖြစ်နိုင်ပါတယ်။ ဒီအရာများကို ဆုံးဖြတ်ခွင့်ရှိသူများနဲ့ ဆုံးဖြတ်ချက်ချသူများကပင် သင့်ကိုပြောပြမှာ မဟုတ်ပါဘူး။ သူတို့ဟာ “No” တစ်လုံးတည်းနဲ့သာ သင့်ကိုငြင်းပယ်လိုက်မှာပါပဲ။ ကိစ္စမရှိပါဘူး၊ အောင်နိုင် သူများဟာ အမြဲတမ်းပြုံးပျော်နေပြီး သူတို့ရဲ့ဖောက်သယ်ဖြစ်လာနိုင်တဲ့သူစာရင်းမှ နောက်တစ်ယောက်ထံသို့ ဆက်လက်ချည်းကပ်မှုပြုနေမှာပါ။ 

၆။ သူတို့ဟာ လုပ်ဆောင်ရမယ့်အရာများကို စိတ်ထဲအမြဲရှိနေကြတတ်တယ်။ 

ထင်ပေါ်ကျော်ကြားသူများရဲ့အတွေး - “ကျွန်ုပ်တို့ရဲ့ အဓိကရည်ရွယ်ချက်ဟာ ရောင်းချမှုလုပ်ငန်းစဉ်များကို မြင့်မားသောအဆင့်အခြေအနေသို့ရောက်ရှိအောင်ဆောင်ရွက်ဖို့ပဲဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့ ကျွန်ုပ်တို့အပေါ် အပြုအမူကို အာရုံစိုက်၊ ပူပင်နေဖို့မဟုတ်ဘူး။” သူတို့ရဲ့အာရုံစိုက်မှုဟာ လုပ်ဆောင်ရမည့်အရာများပေါ်တွင်သာရှိ နေပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်သူများ၊ ထိုဆုံးဖြတ်ချက်အပေါ်လွှမ်းမိုးသက်ရောက်နိုင်သူများနှင့်သာအချိတ်ဆက် ရှိနေစေဖို့အတွက်ကိုသာ အာရုံစိုက်ထားတတ်ကြပါတယ်။ ထို့နောက် သူတို့ဟာအခွင့်အလမ်းများကိုအကဲဖြတ် ကြည့်ရှုပြီးနောက် ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားဆုံးဖြတ်တတ်ကြပါတယ်။ နောက်ထပ်အနေနဲ့ သူတို့ဟာ ဝယ်ယူသူ များရဲ့ရည်ရွယ်ချက်များကိုနားလည်အောင်ရှာဖွေဖော်ထုတ်ခြင်း၊ အစရှိသည့်အရာများကိုလုပ်ဆောင်တတ်ကြပါ တယ်။ ငြင်းဆိုခြင်းဟာ ရောင်းချမှုလုပ်ငန်းစဉ်တစ်ရပ်ရဲ့အစိတ်အပိုင်းတစ်ခုမျှသာဖြစ်တဲ့အတွက် ဆုံးဖြတ်ခွင့် ရှိသူ၊ ဆုံးဖြတ်ချက်ချနေသူတို့က ဘယ်လောက်ပဲငြင်းဆိုမှုပြုနေပါစေ၊  ထင်ပေါ်ကျော်ကြားတဲ့ အရောင်းသမား များဟာ အဓိကလုပ်ဆောင်ရမယ့်အရာကိုပဲအာရုံစိုက်ကာလုပ်ဆောင်သွားမှာဖြစ်ပြီး တစ်စုံတစ်ယောက်ကပြော ဆိုလိုက်တဲ့စကားတွေကြောင့် သူတို့ဟာလမ်းပျောက်သွားမှာမဟုတ်ပါဘူး။ 

၇။ သူတို့အနေနဲ့ အောင်မြင်တော့မယ်ဆိုရင် ကြိုသိနေတတ်ခြင်း

ထင်ပေါ်ကျော်ကြားသူများရဲ့အတွေး - “ကျွန်ုပ်ရောင်းချပေးနေတဲ့အရာကို လိုချင်နေပြီး လိုအပ်နေတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေရှိနေတယ်၊ အခြေအနေ အချိန်အခါ၊ တိကျမြန်ဆန်မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ ဟာ ကျွန်ုပ်အဖို့တော့အောင်မြင်ဖို့အတွက်စီးတော်ယာဉ်တွေပဲဖြစ်တယ်။” 

Dr. Fredrick Neuman ကပြောကြားခဲ့တဲ့စကားအရ ဖြစ်နိုင်ခြေရှိတဲ့အတွက် ဆောင်ရွက်မှုပြုခြင်းဟာ ငြင်းဆိုမှုများကို တိုက်ထုတ်နိုင်စေဖို့အတွက် ကောင်းမွန်တဲ့နည်းစနစ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ 

“ခေါ်ယူနေတဲ့အလုပ်နေရာတစ်ခုအတွက် အလုပ်လျှောက်လွှာဖောင်တင်တဲ့အခြေနေတစ်ရပ်ကိုလေ့လာကြည့်တဲ့ အခါမှာ အနီးစပ်ဆုံး ၂ရာခိုင်နှုန်းခန့်ကသာ ပြန်လည်ဖြေကြားမှုကိုရရှိခဲ့ပါတယ်။ ဒါဟာလက်လျှော့လိုက်ဖို့အတွက် ပြောနေတာမဟုတ်ပါဘူး၊ သင့်ကိုဂရုစိုက်ခြင်းမခံရတဲ့အခါမှာ သင့်ရဲ့အလုပ်လျှောက်လွှာဖောင်ဟာမှားနေလို့ မဟုတ်ပါဘူး။ ဒါဟာဖြစ်နိုင်ခြေများနဲ့ဆိုင်ပါတယ်။ အလုပ်လျှောက်လွှာ ရာပေါင်းများစွာပို့ထားခြင်းဟာ ဖြစ်နိုင် ခြေများကို သင့်ဘက်သို့ပိုပြီးအလေးသာစေပါတယ်” 

ပရော်ဖက်ရှင်နယ်ကျကျရောင်းချခြင်းဟာလည်း အလားတူပါပဲ။ အဆက်အသွယ်များထဲမှ ရာခိုင်နှုန်းအချို့ဟာ customer (ဖောက်သယ်) များ အနှေးနဲ့အမြန်ဖြစ်လာနိုင်ပါတယ်။ ငြင်းဆိုခံရခြင်းဟာ များစွာသော အရည်အချင်း ရှိတဲ့အရောင်းသမားဖြစ်လာနိုင်သူများကို ပိုမိုမြင့်မားတဲ့အောင်မြင်မှုများရရှိစေဖို့တားဆီးလျှက်ရှိနေပါတယ်။ ဒီ ထိပ်တန်းအရောင်းသမားများရဲ့အလေ့အထများကိုအသုံးချပြီး သင့်ရဲ့အတွေးအခေါ်တွေကို ပြန်လည်ပြင်ဆင်ကာ ငြင်းဆိုမှုကိုကြောက်ရွံ့ခြင်းမဖြစ်စေဖို့နဲ့ ပိုမိုပြီးရောင်းချရလာနိုင်စေရန်အတွက်ပြုလုပ်ပေးလိုက်ပါ။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)
Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)
Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (26)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS