Jobs In Myanmar
Load...

သင့်ရဲ့ CAREER တွင် တိုးတက်မှုများရှိလာစေရန် လုပ်ဆောင်သင့်သည့် အချက် (၈) ချက်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Career-Development-Tips-JobsInYangon



သင့်ရဲ့ CAREER တွင် တိုးတက်မှုများရှိလာစေရန် လုပ်ဆောင်သင့်သည့် အချက် (၈) ချက် 

 

စာဖတ်သူတို့အနေနဲ့ လက်ရှိရောက်ရှိနေတဲ့ အခြေအနေထက် မြင့်မားတဲ့ရာထူးနေရာတစ်ခု ဒါမှမဟုတ် လစာကောင်းမွန်တဲ့နေရာတစ်ခုကို ရောက်လိုကြပါသလား? ဒီလို Career လမ်းကြောင်းအတွင်း တိုးတက်မှုများ ရှိလာစေဖို့အတွက် အလုပ်များကို ကြိုးစားလုပ်ကိုင်ဖို့လိုအပ်မှာဖြစ်သလို နည်းဗျူဟာကျကျ Networking ပြုလုပ်နိုင်ဖို့နဲ့ ဆက်ဆံရေးများကိုတည်ဆောက်တတ်ဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကံကောင်းဖို့လည်းလိုအပ်နေနိုင်ပါတယ်။  


 

မိမိတို့ရဲ့ Career (သက်မွေးမှုလမ်းကြောင်း) တွင် တိုးတက်မှုများရှိလာစေရန်ပြုလုပ်ခြင်း 

 

အကယ်၍ လုပ်ငန်းခွင်အတွင်းတွင် ရာထူးတိုးပေးခြင်းခံရဖို့ကို လိုလားပြီး မိမိတို့အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ career လမ်းကြောင်းတစ်ခုကို ဖန်တီးတည်ဆောက်လိုတယ်ဆိုရင်တော့ အောက်ပါအချက်များကို သိရှိထားဖို့ လိုအပ်ပါလိမ့်မယ် - 


၁။ မိမိတို့ ဘာလိုချင်သလဲဆိုတာကို သိရှိနားလည်ထားဖို့လိုအပ်ပါမယ် 

သင်ဟာ C-suite (CEO, COO, CFO) ရာထူးတစ်ခုခုကို ရလာနိုင်ဖို့အတွက်ရည်မှန်းထားပါသလား? Team တစ်ခုကို စီမံခန့်ခွဲမှုပြုလုပ်လိုပါသလား? သင့်ရဲ့ Job title အရှေ့မှာ “senior” ဆိုတဲ့စကားလုံးပါလာတာကို လိုချင်ပါသလား? သင်ဘယ်ကိုသွားရောက်လိုသလဲဆိုတာကို နားလည်သဘောပေါက်ထားပါက မိမိတို့ရဲ့ career လမ်းကြောင်းပေါ်တွင် ပိုမို၍တိုးတက်မှုရှိလာစေရန်အတွက် ကြိုးပမ်းချက်များကိုပြုလုပ်ဖို့ ပိုမိုလွယ်ကူလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ယခုပဲ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ဆုံးဖြတ်သတ်မှတ်ပြီး ထိုနေရာသို့ရောက်စေရန် လုပ်ဆောင်ရမည့်အစီအစဉ်များကို တွေးတောကြံဆလိုက်ပါ။ 

သင့်ရဲ့နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်စေရန် အထောက်အကူဖြစ်စေနိုင်မယ့်အရာများကို ရရှိနိုင်ရန်အတွက် အဆင့်အလိုက်ခွဲခြမ်းစိတ်ဖြာ၍ တဖြည်းဖြည်းလုပ်ဆောင်သွားလိုက်ပါ။ ဥပမာ - နောက်ထပ် ဘွဲ့တစ်ခုထပ်ယူခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ကျွမ်းကျင်မှုများကို မြှင့်တင်ခြင်း (ဒါမှမဟုတ်) အခြားသောကုမ္ပဏီသို့ ပြောင်းရွှေ့ခြင်း အစရှိတဲ့အဆင့်များကို မိမိတို့ရဲ့လိုအပ်ချက်အပေါ်လိုက်၍ လိုအပ်တဲ့စီစဉ်ဆုံးဖြတ်မှုများကိုပြုလုပ်ပြီး တဖြည်းဖြည်းအကောင်အထည်ဖော်လုပ်ဆောင်သွားလိုက်ပါ။ 


၂။ မိမိရဲ့ ရည်မှန်းချက်များကို ထုတ်ဖော်အသိပေးပါ

ပြီးနောက် သင့်ရဲ့ရည်မှန်းချက်များကို အကြမ်းဖျင်းအနေနဲ့ သင့်ရဲ့မန်နေဂျာကို အသိပေး၍ထုတ်ဖော်ပြောကြားပါ။ ပွင့်လင်းမှုရှိပြီး ကိုယ်လိုချင်တဲ့အရာကိ အသိပေးပြောကြားခြင်းဟာလည်း သင့်ကိုအကူအညီဖြစ်ကောင်းဖြစ်စေနိုင်ပါလိမ့်မယ်။ သင့်အနေနဲ့ အနာဂါတ်တွင် ဘယ်ရာထူးအထိရောက်ရှိနိုင်ရန် ကြိုးစားအားထုတ်သွားလိုကြောင်း သင့်ရဲ့မန်နေဂျာကို အသိပေးလိုက်ခြင်းအားဖြင့် သူ/ သူမအနေနဲ့ သင့်ကို အသွင်သစ်တစ်မျိုးနဲ့ ကြည့်ရှုလာနိုင်ပြီး စိန်ခေါ်မှုများရှိနိုင်တဲ့ အလုပ်ကိစ္စများကို သင့်ထံသို့ ပေးအပ်လာနိုင်တဲ့အတွက် သင့်အတွက်တိုးတက်မှုရှိစေပြီး ထင်ပေါ်ကျော်ကြားမှုရှိလာနိုင်စေမယ့်အခွင့်အလမ်းများကို ရရှိလာစေနိုင်ပါတယ်။ 

ဒါ့အပြင် သင့်ရဲ့မန်နေဂျာက သင့်ရဲ့ရည်မှန်းချက်ကို သိရှိထားတဲ့အခါမှာ သူ/ သူမအနေနဲ့ သင့်အတွက်အကျိုးရှိစေနိုင်မယ့် ဝေဖန်ထောက်ပြမှုများကိုလည်း ပြုလုပ်ပေးနိုင်မှာဖြစ်တဲ့အတွက် ဒါဟာလည်း သင့်အတွက် ကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။ 


၃။ ခိုင်မာကောင်းမွန်တဲ့ ဆက်ဆံရေးများကိုတည်ဆောက်ပါ 

Career လမ်းကြောင်းများဟာ မိမိတို့နဲ့ သိကျွမ်းတဲ့သူများအပေါ်အခြေခံ၍ တိုးတက်မှုရှိလာနိုင်ပါတယ်။ ဒါကြောင့် relationship များတည်ဆောက်ဖို့ကို နောက်တွန့်နေမယ့်အစား အချိန်ယူ၍ သင့်ရဲ့မန်နေဂျာ၊ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ ပိုမိုရင်းနှီးမှုရှိလာစေရန် ပြုလုပ်ထားသင့်ပါတယ်။ 

ခင်မင်ဖို့ကောင်းပြီး အကူအညီပေးတတ်သူတစ်ယောက်ဖြစ်နေပါစေ၊ စကားစမြည်ပြောဆိုဖို့အချိန်ပေး၍ ကုမ္ပဏီအတွင်းကျင်းပသောပွဲများသို့ အမြဲတမ်းတက်ရောက်မှုပြုပါ။ အလုပ်များပြီးမြောက်အောင်လုပ်နိုင်ဖို့ဟာ အရေးကြီးသော်လည်း များသောအားဖြင့် လူ့သဘောသဘာဝအရ သူတို့နဲ့ ဆက်ဆံရေးအဆင်ပြေသောသူများနဲ့သာလက်တွဲ၍ အလုပ် လုပ်ကိုင်လိုကြမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့လုပ်ဖော်ကိုင်ဖက်များ၊ အထက်လူကြီးများနဲ့ ရင်းနှီးမှုရှိနေဖို့ဟာ အရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ 


၎။ Job Description ထဲတွင်ဖော်ပြထားတဲ့အလုပ်များထက် ပိုလုပ်ပြပါ 

သင့်ရဲ့ Job description တွင်ဖော်ပြထားတဲ့ လုပ်စရာကိစ္စများကို အနည်းဆုံးပြီး‌မြောက်အောင်လုပ်ဆောင်ရမည့် အလုပ်များဟု ရှုမြင်ထားပါ။ မိမိတို့ရဲ့လုပ်ဖော်ကိုင်ဖက်များ အလုပ်များနေတဲ့အချိန်တွင် ကူညီပေးပြီး၊ မိမိတို့လုပ်ဆောင်ရမည့် အလုပ်ကိစ္စများကိုလည်း ပိုမိုကောင်းမွန်မှုရှိနေစေရန် ကြိုးစားပါ။ 

အထက်လူကြီးထံမှ အသိအမှတ်ပြုမှုမရပဲ အလုပ်များကိုဖိလုပ်နေရသူတစ်ဦးဖြစ်သွားစေရန်ကိုလည်း ဂရုပြုပါ။ လုပ်ဖော်ကိုင်ဖက်များကို ကူညီပေးရန်အတွက် အချိန်ပိုဆင်းရတဲ့အခါ သင့်ရဲ့မန်နေဂျာကို အသိပေးထားပါ။ ထိုအချက်ကို တစ်ဦးခြင်း တွေ့ဆုံမှုပြုလုပ်ခြင်းများ (one-on-one meetings)၊ annual review ပြုလုပ်စဉ်နှင့် ရာထူးတိုးဖို့ (သို့) လစာငွေတိုးမြှင့်ပေးဖို့ တောင်းဆိုချိန်များတွင် ပြန်လည်၍ထုတ်ဖော်ပြောကြားလိုက်ပါ။ 


၅။ မိမိကိုယ်ကို ဦးဆောင်သူတစ်ဦးနေရာသို့ ရောက်ရှိလာစေရန် ကြိုးစားပါ 

ဒါဟာ presentation များပြုလုပ်ပေးခြင်းနှင့် လုပ်ငန်းပရောဂျက်များကို ဦးဆောင်ခြင်းတို့အပြင် အစည်းအဝေးပွဲများတွင် လိုအပ်သည်များကို ဦးဆောင်ပြောကြားခြင်း၊ အကြံဉာဏ်ကောင်းများကို မျှဝေခြင်းတို့ကို ဆိုလိုတာဖြစ်ပြီး ယျေဘူယျအားဖြင့် မိမိဟာ ကုမ္ပဏီအတွက် အခက်အခဲတစ်ခုကြုံလာတိုင်း အကူအညီတောင်းနိုင်သူတစ်ဦးဖြစ်လာစေရန် ကြိုးစားရမှာဖြစ်ပါတယ်။ 


၆။ မိမိရဲ့အောင်မြင်မှုများကို စနစ်တကျမှတ်သားထားပါ

ဥပမာ - ကုမ္ပဏီအတွက် ဝင်ငွေတိုးတက်မှုရှိလာစေရန် ပြုလုပ်ပေးနိုင်ခဲ့ခြင်း၊ Client များရရှိလာအောင် ဆွဲဆောင်ပေးနိုင်ခြင်း၊ ကုန်ကျစားရိတ်များကို လျှော့ချပေးခြင်း အစရှိတဲ့ မိမိရဲ့အောင်မြင်မှုများကို စနစ်တကျမှတ်သားထားပါ။ ကြွားဝါမှုပြုလုပ်ခြင်းနဲ့ အပိုပြောခြင်းကိုတော့ ရှောင်ရှားရမှာဖြစ်ပေမယ့် မိမိအနေနဲ့ တစ်ခုခုကို သိသာကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်ခဲ့တဲ့အခါတွင် မျှဝေပြောဆိုမှုပြုလုပ်ပေးရမှာဖြစ်ပါတယ်။ 


၇။ ကုမ္ပဏီရဲ့ ရည်မှန်းချက်များကို အမြဲစဉ်းစားပါ

သင့်အနေနဲ့ လုပ်ကိုင်ပေးလို့ရနိုင်တဲ့ လုပ်ငန်းပရောဂျက်များ များစွာရှိနေပါက ကုမ္ပဏီရဲ့ရည်မှန်းချက်များကို အထောက်အကူဖြစ်စေနိုင်မည့် လုပ်ငန်းပရောဂျက်များကို အမြဲတမ်းဦးစားပေး၍ ဆောင်ရွက်ပါ။ 


၈။ ကောင်းမွန်စွာဝတ်စားဆင်ယင်မှုပြုလုပ်ပါ

ဒါဟာ suit ကို အမြဲတမ်းဝတ်ဆင်နေရမယ်လို့ဆိုလိုတာမဟုတ်ပေမယ့် မိမိရဲ့အသွင်အပြင်နဲ့ အပြုအမူများကို ကုမ္ပဏီအတွင်းရှိ အခြားသောသူများမှ စံနမူနာယူနိုင်မယ့် role model တစ်ဦးဖြစ်နေစေဖို့အတွက် သပ်ရပ်စွာဝတ်စားဆင်ယင်၍ လုပ်ငန်းခွင်နဲ့ သင့်တော်၍ ကောင်းမွန်တဲ့အမူအကျင့်များကို မွေးမြူထားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PMJ Company Limited

PMJ Company Limited

Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
Frontier Technology Partners Pte. Ltd. (FTP)

Frontier Technology Partners Pte. Ltd. (FTP)

Frontier Technology Partners Pte. Ltd (FTP) is a Singapore- and Myanmar registered software development and distribution company. Our Expertise: Financial transactions, Mobile Money, Mobile Banking, I...
Show the postings (1)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS