Jobs In Myanmar
Load...

လူတို့ဖန်တီးထားတဲ့အသိဉာဏ်တု (Artificial Intelligence: AI) များထွန်းကားလာသော ခေတ်တွင် ဝန်ထမ်းတိုင်းတွင် လိုအပ်လာနိုင်သည့် ဉာဏစွမ်းရည် (၉) မျိုး

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Skillsets-Employees-Need-JobsInYangon



လူတို့ဖန်တီးထားတဲ့အသိဉာဏ်တု (Artificial Intelligence: AI) များထွန်းကားလာသော ခေတ်တွင် ဝန်ထမ်းတိုင်းတွင် လိုအပ်လာနိုင်သည့် ဉာဏစွမ်းရည် (၉) မျိုး

 

AI များ၊ များပြားတဲ့ ဒေတာအချက်အလက်များနဲ့ အလိုအလျှောက်လုပ်ဆောင်နိုင်စွမ်းတို့ ထွန်းကားနေတဲ့ခေတ်တွင် နည်းပညာကျွမ်းကျင်မှုစွမ်းရည်များနဲ့ ပညာတတ်မြောက်ရေးဟာ သိသာစွာကို အရေးပါလာတော့မှာဖြစ်ပါတယ်။ သို့သော်လဲ ဒီအရာက ကျွန်ုပ်တို့အနေနဲ့ လူသားတို့လုပ်ဆောင်ရမယ့်အလုပ်များကို ဥပေက္ခာပြုထားရတော့မယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး - ထိုအရာများဟာ စက်ရုပ်များအနေနဲ့ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းမရှိနိုင်တဲ့ ဧရိယာများလဲဖြစ်နေပြန်ပါတယ်။ စာရေးသူကတော့ ဒီဉာဏစွမ်းရည်များဟာ အလုပ်ရဲ့ သဘောသဘာဝပြောင်းလဲလာတာနဲ့အမျှ အောင်မြင်မှုအတွက်ပိုမိုပြီးအရေးပါမှုရှိလာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ နောက်ပြီး စက်ပစ္စည်းများအနေနဲ့ ပိုမိုပြီးလွယ်ကူတဲ့ အလိုအလျှောက်လုပ်ဆောင်ဖို့ ခိုင်းစေထားနိုင်တဲ့အလုပ်များကို လုပ်ဆောင်လာနိုင်တာနဲ့အမျှ အခြားသောတစ်ဖက်တွင် လူသားများဟာ ပိုမိုပြီး လူသားဆန်လာကြတော့မှာပဲဖြစ်ပါ တယ်။ 

ဒီအချက်ကိုထည့်သွင်းစဉ်းစားလိုက်ပါက ဘယ်ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်တွေကို ယခုအချိန်ကစပြီး ဝန်ထမ်းများအနေနဲ့ မွေးမြူ၊ သင်ယူထားသင့်ပါသလဲ? အောက်ပါ ဉာဏစွမ်းဆောင်ရည် (၉) မျိုးကတော့ ကျွန်ုပ်တို့က လုပ်ငန်းရှင်များအတွက် အနာဂါတ်တွင် ပိုမိုပြီးတန်ဖိုးရှိလာနိုင်တယ်လို့ ယူဆထားတဲ့ အချက်များပဲဖြစ်ပါတယ်။ 

 

၁။ တီထွင်ဖန်တီးမှုစွမ်းရည် 

စက်ရုပ်များနဲ့ စက်ပစ္စည်းများဟာ များစွာသောအရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြသော် လည်း သူတို့ဟာ ဖန်တီးမှု၊ တွေးခေါ်မှု၊ တီထွင်မှုနဲ့ အိပ်မက်များတွင် ကျွန်ုပ်တို့နဲ့ ယှဉ်ပြိုင်ရန် မှာ သူတို့အဖို့ ခက်ခဲလွန်းလှပါတယ်။ ကျွန်ုပ်တို့တွင်ရှိလာနိုင်တဲ့ နည်းပညာများနဲ့သာဆိုပါက အနာဂါတ်ရဲ့ လုပ်ငန်းခွင်များတွင် တွေးခေါ်ပုံနည်းလမ်းအသစ်များကို လိုအပ်လာနိုင်သည့် အတွက် - creative thinking ရှိနေဖို့နဲ့ လူသားတို့ရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်များဟာ အရေးပါတဲ့ အရင်းအမြစ်တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ 

 

၂။ ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည် (critical thinking) 

တီထွင်ဆန်းသစ်တဲ့အတွေးအခေါ်များကဲ့သို့ပင် စနစ်တကျခွဲခြမ်းစိတ်ဖြာတွေးခေါ်နိုင်စွမ်းဟာလည်း ပိုမိုပြီးတန်ဖိုးရှိလာနိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ပြောင်းလဲလာတဲ့လုပ်ငန်းခွင် သဘောသဘာဝများတွင် လိုက်လျောညီထွေရှိစေရန် ပြောင်းလဲမှုများပြုလုပ်နေစဉ်နဲ့ လူသားများနဲ့ စက်ပစ္စည်းများအကြား လုပ်သားခွဲဝေချထားမှုများပြောင်းလဲနေစဉ်မှာ အထူးသဖြင့် ထိုအရာဟာ ပိုမို၍တန်ဖိုးရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ critical thinking စွမ်းရည်ရှိတဲ့သူများဟာ တီထွင်ဆန်းသစ်သော အကြံအစဉ်များကို ဖော်ဆောင် ပေးနိုင်ခြင်း၊ ရှုပ်ထွေးတဲ့ပြဿနာများကိုဖြေရှင်းနိုင်ခြင်းနဲ့ များစွာသောဖြေရှင်းနည်းများရဲ့ အားသာချက်များ၊ အားနည်းချက်များကို ချိန်ထိုးစဉ်းစားနိုင်ခြင်းတို့ကိုပြုလုပ်ပေးနိုင်ကြတဲ့အတွက်ဖြစ်ပြီး ထိုအရာများအားလုံးဟာလဲ စိတ်ထဲကထင်မြင်တဲ့အတိုင်းလုပ်ခြင်း (သို့) စိတ်ခံစားမှုများအတိုင်းလုပ်ဆောင်ခြင်းအပေါ် အားထားခြင်းထက် ယုတ္တိဗေဒကျကျနဲ့ တွေးခေါ်ဆင်ခြင်ခြင်းစွမ်းရည်များကို လိုအပ်တဲ့အတွက်ပဲဖြစ်ပါတယ်။ 

 

၃။ စိတ်ခံစားမှုဆိုရာ ဉာဏ်ရည် (အသိဉာဏ်) (Emotional Intelligence)

EQ ဟု လူသိများသော (စိတ်ခံစားမှုဆိုင်ရာ IQ) တစ်မျိုးဖြစ်တဲ့ emotional intelligence ဆိုသည်မှာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်စိတ်ခံစားမှုများ၊ အခြားသူများရဲ့စိတ်ခံစားမှုများကို သိရှိ၊ ထိန်းချုပ်၊ ဖော်ပြနိုင်စွမ်းရှိသောစွမ်းရည်တစ်မျိုးဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က ကိုယ်ချင်းစာစိတ်ရှိပြီး အခြားသူများနဲ့ ကောင်းမွန်စွာအလုပ်လုပ်ဆောင်နိုင်စွမ်းရှိ (သဟဇာတ) ရှိပါက ထိုသူကို EQ မြင့်မားသောသူတစ်ဦးအဖြစ် သတ်မှတ်၍ရနိုင်ပါတယ်။ စက်ပစ္စည်းများအဖို့လူသားတို့အကြားအချင်းချင်းအပြန်အလှန်ဆက်သွယ်ပြောဆိုနိင်စွမ်းကို တုပရန်မှာ လွယ်ကူမှာမဟုတ်တဲ့အတွက် မြင့်မားသော EQ ရှိသူများကို လုပ်ငန်းခွင်အတွင်းပိုမို၍ လိုအပ်လာပါတယ်။ 

 

၎။ လူမှုဆက်သွယ်ရေးဆိုင်ရာကျွမ်းကျင်မှုစွမ်းရည်များ 

EQ နဲ့ဆက်စပ်နေတာကတော့ သတင်းအချက်အလက်များကို လူအများနဲ့မျှဝေဆက်သွယ် နိုင်ခြင်းစွမ်းရည်ဟာ အရေးပါတဲ့စွမ်းရည်တစ်ခုဖြစ်လာနိုင်ပါတယ်။ ထို့အတွက်ကြောင့် ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ အခြားသူများနဲ့အပြန်အလှန် ထိရောက်စွာပြောဆိုနိုင်ခြင်းစွမ်း ရည်များ - မှန်ကန်တဲ့အသံအနေအထားနဲ့ ကိုယ်အမူအယာကိုအသုံးပြုပြီး သူတို့ပြောဆိုလို တဲ့အကြောင်းအရာကို ရှင်းလင်းစွာပြောကြားနိုင်စေရန်အတွက် လေ့ကျင့်ထားသင့်ပါတယ်။ 

 

၅။ ကြီးပွားတိုးတက်ချင်စိတ်နှင့် တက်ကြွစွာသင်ယူလိုမှုရှိခြင်း 

ကြီးပွားတိုးတက်ချင်စိတ်ရှိတဲ့သူတစ်ဦးဟာ သူတို့ရဲ့စွမ်းဆောင်ရည်များကို တိုးတက်အောင် ပြုလုပ်နိုင်တယ်ဆိုတာကို နားလည်သဘောပေါက်ကြပြီး ပိုမိုမြင့်မားတဲ့အောင်မြင်မှုများကို ရရှိနိုင်ရန်လိုအပ်တဲ့ကျွမ်းကျင်မှုများကို တည်ဆောက်ကြပါတယ်။ သူတို့ဟာ အခက်အခဲ အသစ်များ၊ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန်အတွက် ကြောက်ရွံ့ခြင်းမရှိကြပဲ ကျရှုံးမှု များမှတဆင့် ပြန်လည်သင်ယူနိုင်တတ်ကြသည့်အပြင် သူတို့ရဲ့ဗဟုသုတတိုးပွားမှုရှိလာစေ ရန်အတွက် တက်ကြွစွာလဲ ရှာဖွေတတ်ကြပါသေးတယ်။ ထိုသို့သောသူများကို အနာဂါတ် လုပ်ငန်းခွင်တွင် လိုအပ်လာကြမှာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ AI နဲ့အခြားသော လျှင်မြန်စွာတိုးတက်နေတဲ့နည်းပညာများကြောင့် ကျွမ်းကျင်မှုများဟာ ယနေ့ခေတ်မှာထက် ပိုမို၍လျှင်မြန်စွာ ခေတ်နောက်ကျသွားနိုင်တဲ့အတွက်ပါပဲ။ 

 

၆။ ဆုံးဖြတ်ချက်ချခြင်း (Judgement/ Decision making) 

ကွန်ပြူတာများဟာ လူ့ဦးနှောက်ထက် သတင်းအချက်အလက်များကို လက်ခံရာတွင် ပိုမို၍ စွမ်းဆောင်နိုင်တယ်ဆိုတာကို ကျွန်ုပ်တို့အားလုံးသိရှိထားပြီးဖြစ်ပါတယ်။ သို့သော်လည်း organization များတွင် လုပ်ငန်းအတွက်အရေးပါတဲ့ ဆုံးဖြတ်ချက်များကိုချမှတ်ရာတွင်တော့ အဆုံးသတ်တွင် လူသားများကသာ တာဝန်ယူဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်များကြောင့်ဖြစ်ပေါ်လာမယ့် လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲတွေနဲ့ ထိုလုပ်ငန်းအတွင်း အလုပ်လုပ်နေတဲ့ဝန်ထမ်ျးများအတွက် ထည့်သွင်းစဉ်းစားရခြင်းကိုလည်း လူသားများကသာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းစွမ်းရည် (decision-making skills) များဟာ ဆက်လက်၍ အရေးပါတဲ့နေရာတွင် ရှိနေဦးမှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လဲ လူသားတွေရဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းစွမ်းရည်များဟာ ဆက်လက်၍ ဆင့်ကဲတိုးတက်ပြောင်းလဲနေဦးမှာဖြစ်တာကိုတော့ သံသယဖြစ်စရာမရှိပါဘူး။ အထူးသဖြင့် နည်းပညာများဟာ သာမန်ဆုံးဖြတ်ချက်များကို တာဝန်ယူလာနိုင်မှာဖြစ်တဲ့အတွက် လူသားများအနေနဲ့ ပိုမိုအဆင့်မြင့်ပြီး ပိုမိုရှုပ်ထွေးတဲ့ ဆုံးဖြတ်ချက်များချမှတ်ဖို့ကို အာရုံစိုက်နိုင်စေမှာပဲဖြစ်ပါတယ်။ 

 

၇။ ဦးဆောင်နိုင်မှုစွမ်းရည်များ 

အနာဂါတ်ရဲ့လုပ်ငန်းခွင်များဟာ ယနေ့ခေတ်ရဲ့ အထက်မှအောက်သို့အုပ်ချုပ်ရတဲ့ပုံစံများကနေ အတော်လေးကွဲပြားမှုရှိလာမှာဖြစ်ပြီး Project-based team များ၊ အဝေးမှအလုပ်လုပ်တဲ့ team များနဲ့ ပိုမို၍ပြောင်းလဲရလွယ်ကူသော organization structure များကို ပိုမို၍ တွေ့မြင်လာရနိုင်ခြေရှိနေပါတယ်။ သို့သော်လည်း ဒီအရာက ကောင်းမွန်တဲ့ ခေါင်းဆောင်မှုစွမ်းရည်ရှိသူများရဲ့အရေးပါမှုကိုတော့ မှေးမှိန်သွားစေမှာမဟုတ်ပါဘူး။ Project team များတွင်ပင် အချို့က ဦးဆောင်သူနေရာကိုရယူပြီး ပြဿနာများကိုရင်ဆိုင်ကာ ထိုအရာများ ကိုဖြေရှင်းနိုင်မည့်နည်းလမ်းများကို ရှာဖွေဖို့လိုအပ်မှာဖြစ်တဲ့အတွက် ယျေဘူယျအားဖြင့် ခေါင်းဆောင်သူများတွင်ရှိသင့်ရှိထိုက်သော စွမ်းဆောင်ရည်များဖြစ်တဲ့ အခြားသူများအတွက် စံနမူနာဖြစ်စေခြင်းနဲ့ အခြားသောသူများကို သူတို့ရဲ့အကောင်းဆုံးအခြေအနေများတွင် အမြဲတမ်းရှိနေစေဖို့ ကူညီပေးနိုင်ခြင်းတို့ဟာ ဆက်လက်၍အရေးပါတဲ့နေရာတွင် ရှိနေဦးမှာပဲဖြစ်ပါတယ်။ 

 

၈။ မတူကွဲပြားမှုများနဲ့ ယဉ်ကျေးမှုဆိုင်ရာ အသိဉာဏ်ပညာ

လုပ်ငန်းခွင်များဟာ ပိုမို၍မတူကွဲပြားမှုများရှိလားနိုင်ပြီး ပွင့်လင်းမှုများရှိလာနိုင်ပါတယ်။ ထို့ကြောင့် ဝန်ထမ်းများအနေနဲ့ မိမိတို့နဲ့ လူမျိုး၊ ဘာသာ မတူတဲ့သူများနဲ့ပြောဆိုဆက်ဆံရာတွင် အပြန်အလှန်လေးစားမှုထားဖို့၊ နားလည်မှုပေးဖို့နဲ့ လိုက်လျောညီထွေစွာပြုမူပြောဆိုနိုင်စွမ်း အစရှိတဲ့အရာများကို လိုအပ်လာမှာဖြစ်ပါတယ်။ ဒီအချက်က ကုမ္ပဏီတစ်ခုအတွင်း ဝန်ထမ်းများရဲ့အပြန်အလှန်ပြောဆိုဆက်ဆံမှုများကို ပိုမိုတိုးတက်လာစေနိုင်ပြီး လုပ်ငန်းတစ်ခုရဲ့ ဝန်ဆောင်မှုများနဲ့ ထုတ်ကုန်များဟာလည်း ပိုမို၍ပြည့်စုံမှုရှိလာနိုင်စေမှာပဲဖြစ်ပါတယ်။ 

 

၉။ အပြောင်းအလဲများကို လက်ခံနိုင်ခြင်း 

အထူးသဖြင့် AI နဲ့ ပတ်သက်တဲ့ ဒီပြောင်းလဲမှုတွေဟာ စတင်နေပြီဖြစ်တဲ့အတွက် လူသားများအနေနဲ့ လက်ဦးမှုရယူပြီး အပြောင်းအလဲများကို လက်ခံ/ ကြိုဆိုနိုင်ဖို့ အတွက် ပြင်ဆင်ထားသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့လဲ ပြောင်းလဲလာတဲ့ လုပ်ငန်းခွင်များ၊ မျှော်မှန်းချက်များ၊ လိုအပ်လာမည့် ကျွမ်းကျင်မှုများနဲ့ လိုက်လျောညီထွေမှုရှိနေဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ သင်တို့အနေနဲ့ ဒီပြောင်းလဲမှုကိုဝန်ထုပ်ဝန်ပိုး တစ်ခုအနေနဲ့ မမြင်ပဲ ပိုမိုတိုးတက်မှုရှိလာစေဖို့အခွင့်အလမ်းတစ်ရပ်အနေနဲ့ မြင်နိုင်ကြဖို့ပါပဲ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
River King Ayeyar Construction Co., Ltd.

River King Ayeyar Construction Co., Ltd.

Our Vision To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us. Our Mission To deliver excellence quality in time...
Show the postings (20)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)
Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS