Jobs In Myanmar
Load...

၂၀၂၁ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင် လုပ်ငန်းခွင်ကို ပုံဖော်ပေးနိုင်မည့် အချက် (၈) ချက် (အပိုင်း - ၁)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-2021-Trends-That-Will-Shape-Work-JobsInYangon



၂၀၂၁ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင် လုပ်ငန်းခွင်ကို ပုံဖော်ပေးနိုင်မည့် အချက် (၈) ချက် (အပိုင်း - ၁)

 

၂၀၂၀ ခုနှစ်ဟာ များစွာသောလုပ်ငန်းအဖွဲ့အစည်းများနှင့် business model များကို ကိုင်လှုပ်နိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ လျှင်မြန်စွာပြောင်းလဲလာတဲ့ပတ်ဝန်းကျင်အခြေအနေများနှင့် သဟဇာတဖြစ်စေရန် ဦးစားပေးဆောင်ရွက်ရမည့်အရာများနှင့် ကြိုတင်စီစဉ်မှုများကို ပြုလုပ်လာကြရပါတော့တယ်။ များစွာသော လုပ်ငန်းအဖွဲ့အစည်းများအဖို့ ထိုသို့လုပ်ဆောင်ကြရာတွင် ဝန်ထမ်းများကိုအဝေးမှ အချိန်ပြည့်အလုပ်လုပ်နိုင်စေရန် ထောက်ပံ့ခြင်း၊ ဝန်ထမ်းများ၏ လူမှုဘဝနေထိုင်မှုအခြေအနေကောင်းမွန်လာစေရန် မည်သို့အထောက်အပံ့ပေးခြင်းက အကောင်းဆုံးဖြစ်နိုင်မလဲ ဆိုသည်အားရှာဖွေခြင်း၊ တစ်ချို့တစ်ဝက်ရုံးတက်၍ တစ်ချို့တစ်ဝက် Work From Home ပြုလုပ်ရသော workforce ကို စီမံခန့်ခွဲခြင်းနှင့်အတူ COVID-19 ကာကွယ်ဆေးရရှိ၊ ထိုးနှံနိုင်ရေးအတွက်ဆောင်ရွက်ခြင်းတို့ ပါဝင်နေနိုင်ပါတယ်။ 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မျှော်လင့်ထားသကဲ့သို့ပင် ၂၀၂၁ ခုနှစ်အတွင်း အခြေအနေများတည်ငြိမ်၍ ပုံမှန်အတိုင်း လုပ်ငန်းများပြန်လည်စတင်နိုင်ဖို့ကိုလည်း လုပ်ငန်းရှင်အများစုကမျှော်လင့်နေကြမှာအမှန်ပဲဖြစ်ပါတယ်။ သို့သော်လည်း ယခုနှစ်ဟာ နောက်ထပ်အပြောင်းအလဲများစွာဖြစ်ပေါ်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်နေတဲ့အတွက် ၂၀၂၁ ခုနှစ်အတွင်း လုပ်ငန်းစီးပွားရေးများကို ပုံဖော်ပေးနိုင်မည့် အခြားအချက် (၈) ချက်အား ကျွန်တော်တို့ www.jobsinyangon.com ကနေ အပိုင်း (၂) ပိုင်းခွဲ၍ တင်ဆက်ပေးလိုက်ပါတယ်။ 

 

၁။ လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းများရဲ့လုပ်ငန်းခွင်အတွေ့အကြုံအား စီမံခန့်ခွဲခြင်းမှ ဝန်ထမ်းများရဲ့ ဘဝနေထိုင်မှုအတွေ့အကြုံအား စီမံခန့်ခွဲခြင်းသို့ ပြောင်းလဲလာနိုင်ခြင်း 

COVID-19 ဖြစ်ပွားစဉ်ကာလဟာ လုပ်ငန်းရှင်များအား သူတို့ဝန်ထမ်းများရဲ့နေ့စဉ်ဘဝအခြေအနေများကို ယခင်ကထက်ပို၍တွေ့မြင်နိုင်လာစေနိုင်ခဲ့ပါတယ်။ ဝန်ထမ်းများဟာ ၂၀၂၀ ခုနှစ်အတွင်း တစ်ကိုယ်ရေပိုင်းဆိုင်ရာနှင့် လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများကို ဖြတ်သန်းခဲ့ကြရပါတယ်။ 
ထို့ကြောင့် ဝန်ထမ်းများရဲ့ တစ်ကိုယ်ရေဘဝများအားအထောက်အပံ့ပြုပေးနိုင်မည်ဆိုပါက ဝန်ထမ်းများရဲ့ဘဝနေထိုင်မှုပိုမိုကောင်းမွန်လာသည်နှင့်အမျှ လုပ်ငန်းစွမ်းဆောင်ရည်လည်း ပိုမိုမြင့်မားတိုးတက်လာမည်မှာ ထင်ရှားလှပါတယ်။ Gartner ရဲ့ Gartner's 2020 ReimagineHR Employee Survey အရ ဝန်ထမ်းများရဲ့တစ်ကိုယ်ရေဘဝများကို အထောက်အပံ့ပြုပေးသော လုပ်ငန်းရှင်များထံရှိဝန်ထမ်းများဟာ ထိုသို့ပြုလုပ်ပေးခြင်းမရှိသော လုပ်ငန်းများထံတွင်ထက်  စိတ်ဓါတ်ကြံ့ခိုင်ကျန်းမာမှု ၂၃%၊ ကိုယ်ကာယကြံ့ခိုင်ကျန်းမာမှု ၁၇% တိုးတက်လာခဲ့ကြောင်း ပြသနေပြီး လုပ်ငန်းရှင်များဘက်တွင်လည်း လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာသူ 21% ပိုမို၍တိုးတက်လာခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ 
ထို့ကြောင့်လည်း ၂၀၂၁ ခုနှစ်ဟာ လုပ်ငန်းရှင်များအတွက် ဝန်ထမ်းများကို အကူအညီအထောက်အပံ့ပေးကိုပေးသင့်တဲ့ နှစ်တစ်နှစ် ဖြစ်နေပါတယ်။ 

 

၂။ ပိုမိုများပြားသောကုမ္ပဏီများအနေနဲ့ လက်ရှိဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်၍ ရပ်တည်မှုများရှိလာနိုင်ခြင်း 

ဝန်ထမ်းများအနေနဲ့ သူတို့ကိုယ်ပိုင်ခံယူချက်များနဲ့ ကိုက်ညီသောကုမ္ပဏီများတွင်သာအလုပ်လုပ်လိုကြခြင်းဟာ ပို၍ပို၍ ကြီးထွားလာပြီပဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းတွင် ထိုအရာကပိုမိုရင့်သန်လာခဲ့ပြီး Gartner ရဲ့ သုသေသနစာတမ်းတစ်ခုအရ ဝန်ထမ်းများရဲ့ ၇၄% ခန့်ဟာ သူတို့ရဲ့လုပ်ငန်းရှင်အား အချိန်နှင့်တပြေးညီဖြစ်ပွားနေသော လူ့ဘောင်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများကို တက်ကြွစွာပြုလုပ်စေလိုကြတာကို ပြသလျှက်ရှိနေပါတယ်။ CEO များအနေနဲ့ မိမိတို့ရဲ့ဝန်ထမ်းကောင်းများကို ထိန်းသိမ်းနိုင်ရန်နှင့် နောက်ထပ်ကောင်းမွန်တဲ့ဝန်ထမ်းများကို ဆွဲဆောင်နိုင်ရန်အတွက် တုန့်ပြန်မှုများကို ပြုလုပ်သင့်နေပြီပဲဖြစ်ပါတယ်။ 
သို့သော်လည်း နေ့စဉ်ဖြစ်ပွားနေတဲ့အကြောင်းအရာများအကြောင်း သာမန်မှတ်ချက်ပေးရုံမျှဖြင့်တော့ လုံလောက်မှာ မဟုတ်ပါဘူး။ ဝန်ထမ်းများက ထိုထက်ပို၍မျှော်လင့်ထားကြပါတယ်။ ထို့ကြောင့်လည်း လက်တွေ့အရင်းအမြစ်များကိုအသုံးပြု၍ လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် အမှန်တရားဘက်မှ ထောက်ပံ့ပေးနေသောကုမ္ပဏီများတွင် ပိုမို၍စွမ်းဆောင်ရည်မြင့်မားသောဝန်ထမ်းများကို တွေ့ရှိလာရမှာဖြစ်ပါတယ်။ Gartner ရဲ့ စစ်တမ်းကောက်ယူမှုတစ်ခုတွင် နေ့စဉ်၊ နေ့စဉ် ဖြစ်ပွားနေသော လူမှုပတ်ဝန်းကျင်ဆိုင်ရာပြဿနာရပ်များတွင် ထောက်ပံ့ကူညီမှုပေးနေသောကုမ္ပဏီများ၌ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသူပမာဏဟာ ၄၀% မှ ၆၀% အထိ တိုးတက်လာတာကို တွေ့ရှိခဲ့ရပါတယ်။ 

 

၃။ လိင်သတ်မှတ်ချက်ကိုလိုက်၍ လုပ်အားခကွာဟခြင်းသည် ဝန်ထမ်းများလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာသည်နှင့်အမျှ တိုးပွားလာနိုင်ခြင်း။ 

များစွာသောလုပ်ငန်းအဖွဲ့အစည်းများဟာ ဝန်ထမ်းတစ်ဝက်ရုံးတက်၍ တစ်ဝက်က Work From Home လုပ်ရသော hybrid workforce ပုံစံမျိုးကို အကောင်အထည်ဖော်ခဲ့ကြပြီး (သို့မဟုတ်) ယခုနှစ်အတွင်း အကောင်အထည် ဖော်ခဲ့ကြရပါလိမ့်မယ်။ ထိုအရာကဝန်ထမ်းများအား မည်သည့်နေရာတွင်မှမဆို အလုပ်လုပ်လာနိုင်စေမှာဖြစ်ပြီး ထိုကဲ့သို့သော hybrid လုပ်ငန်းခွင်ပုံစံမျိုးတွင် အမျိုးသားများဟာလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်၍ ရုံးတက်လိုကြမှာဖြစ်ပြီး အမျိုးသမီးများကတော့ ဆက်လက်၍ Work From Home ပြုလုပ်လိုလာကြမှာဖြစ်ပါတယ်။ 
စစ်တမ်းကောက်ယူမှုများအရ ရုံးတက်၍အလုပ်လုပ်သောဝန်ထမ်းများဟာ Work From Home ပြုလုပ်သောဝန်ထမ်းများထက် လုပ်ငန်းခွင်စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ကြောင်း မန်နေဂျာများရဲ့ ၆၄% မှယုံကြည်ထားကြပါတယ်။ ထို့ကြောင့်အပြန်အလှန်အားဖြင့် ရုံးတက်၍အလုပ်လုပ်နေသောဝန်ထမ်းများကို Work From Home ပြုလုပ်နေသူများထက်ပိုမိုကောင်းမွန်သော လစာတိုးမြှင့်မှုများကို ပြုလုပ်ပေးသွားနိုင်တာကို ပြသလျှက်ရှိနေပါတယ်။ သို့ပေမယ့်လည်း ကပ်ရောဂါအကြို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်း စစ်တမ်းကောက်ယူမှုများကတော့ မန်နေဂျာများယုံကြည်ထားသည်နှင့်ဆန့်ကျင်စွာ အချိန်ပြည့် Work From Home ပြုလုပ်နေသူများဟာ ရုံးတက်၍အလုပ်လုပ်သူများထက် လုပ်ငန်းစွမ်းဆောင်ရည် ၅% ခန့် တိုးတက်လာတာကို ပြသလျှက်ရှိနေပါတယ်။ 
ဒီအတွက် အကယ်၍အမျိုးသားများဟာ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်၍ ရုံးပြန်တက်နိုင်ခြေများပြားနေပြီး မန်နေဂျာများကလည်း ရုံးပြန်တက်သူများကို ပိုမိုကောင်းမွန်တဲ့ လစာငွေတိုးမြှင့်မှုများ ပြုလုပ်ပေးသွားနိုင်ခြေရှိနေပါက Gender-wage gap ပြဿနာဟာ ပိုမိုကြီးထွားလာနိုင်ပါတယ်။ 

 

၎။ စည်းမျဉ်းဥပဒေအသစ်များဟာ ဝန်ထမ်းများအားစောင့်ကြည့်မှုပြုလုပ်ခြင်းအား ကန့်သတ်မှုများ ထားရှိလာနိုင်ခြင်း 

ကပ်ရောဂါကာလအတွင်းတွင် ကုမ္ပဏီ ၄ ခုတွင် ၁ ခုခန့်ဟာ နည်းပညာအသစ်များကို ဝယ်ယူခဲ့ပြီး သူတို့ရဲ့ဝန်ထမ်းများကို ခြေရာခံစောင့်ကြည့်မှုများကို ပြုလုပ်ခဲ့ကြပါတယ်။ သို့သော်လည်း များစွာသောကုမ္ပဏီများဟာ အဆိုပါနည်းပညာဖြင့် စောင့်ကြည့်မှုများကိုပြုလုပ်ရာတွင် ဝန်ထမ်းများရဲ့ privacy ကို မထိခိုက်စေရန်မည်သို့ပြုလုပ်ရမလဲဆိုတာကို ကောင်းစွာသိရှိခြင်း မရှိကြသေးပါဘူး။၊ ဒီအတွက် များစွာသောဝန်ထမ်းများဟာ စိတ်တိုခြင်း၊ စိတ်ရှုပ်ခြင်းတို့ဖြစ်ခဲ့ကြရပါတယ်။ စစ်တမ်းကောက်ယူမှုများအရ ဝန်ထမ်းများရဲ့ ၅၀% ဟာ သူတို့အလုပ်လုပ်နေတဲ့လုပ်ငန်းအဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ အချက်အလက်များကို လုံခြုံအောင်သိမ်းဆည်းထားနိုင်မည်ဟု ယုံကြည်ထားကြပြီး ကျန် ၄၄% ကတော့ သူတို့ရဲ့ အချက်အလက်များကို အလုပ်လုပ်နေတဲ့အဖွဲ့အစည်းမှ ကောက်နုတ်ရယူနေခြင်းကို မသိရှိကြပါဘူး။ ၂၀၂၁ ခုနှစ်တွင် အမေရိကန်နှင့် အခြားသောနိုင်ငံများ၌ နည်းဥပဒေအသစ်များပေါ်ပေါက်လာနိုင်ပြီး လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းများရဲ့ မည်သည့်အချက်အလက်များကိုသာ စောင့်ကြည့်၊ ရယူမှုများ ပြုလုပ်နိုင်မလဲဆိုသည့်အပေါ် ဥပဒေများ ချမှတ်သွားနိုင်ခြေရှိနေပါတယ်။ 
ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲရပ်နားလိုက်ပါတယ်။ အပိုင်း (၂) ကို မနက်ဖြန်တွင် ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။ စာဖတ်သူအားလုံး ဘေးအန္တရယ်ကင်းရှင်း၍ စိတ်ကျန်းမာကိုယ်ကျန်းမာရှိကြပါစေလို့လည်း www.jobsinyangon.com အဖွဲ့သားများက အမြဲတမ်းဆုတောင်းပေးနေမှာပါ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS