Jobs In Myanmar
Load...

ဝန်ထမ်းများကို Onboarding (အလုပ်ခွင်နှင့်စတင်မိတ်ဆက်ပေးခြင်း) ပြုလုပ်ပေးနိုင်ရန် အဆင့် (၅) ဆင့်ပါဝင်သော Checklist

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-HRM-Onboarding-JobsInYangon



ဝန်ထမ်းများကို Onboarding (အလုပ်ခွင်နှင့်စတင်မိတ်ဆက်ပေးခြင်း) ပြုလုပ်ပေးနိုင်ရန် အဆင့် (၅) ဆင့်ပါဝင်သော Checklist 

 

ဝန်ထမ်းများကို onbarding ပြုလုပ်ပေးရခြင်းဟာ ဝန်ထမ်းအသစ်များကို သူတို့ရဲ့တာဝန်များနဲ့ ဝတ္တရားများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ကုမ္ပဏီရဲ့အစဉ်အလာယဉ်ကျေးမှု (Culture) တို့နဲ့ မိတ်ဆက်ပေးနိုင်ဖို့အတွက် မရှိအဖြစ်အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒီအရာကိုကောင်းစွာအသုံးချနိုင်ပါက ဝန်ထမ်းအသစ်များရဲ့အမြင်တွင် ကြာရှည်စွာတည်တန့်နေစေနိုင်မယ့် impression တစ်ခုကို ဖန်တီးတည်ဆောက်နိုင်မှာဖြစ်ပြီး မိမိတို့ရဲ့လုပ်ငန်းအဖွဲ့အစည်းအပေါ် သစ္စာရှိမှုကိုမွေးမြူပေးနိုင်မှာဖြစ်သလို ဝန်ထမ်းများရဲ့အလုပ်မှထွက်ခွာမှုနှုန်းကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ 

HR Manager များအနေနဲ့ ဒီအလှည့်အပြောင်းကို ပိုမိုချောမွေ့မှုရှိစေရန်အတွက် အောက်ပါ Employee Onboarding Checklist ကိုအသုံးပြုပြီးကူညီပေးနိုင်ပါသေးတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ www.jobsinyangon.com ကနေ လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းအသစ်များကို မည်သို့ onboarding ပြုလုပ်ပေးနိုင်မလဲဆိုတာနဲ့အတူ ဝန်ထမ်းများကိုထိန်းသိမ်းထားစေနိုင်မယ့် နည်းစနစ်များကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 

 

Checklist တစ်ခုကို အသုံးပြုပါ

မိမိတို့ Organization ရဲ့ လုပ်ငန်းစဉ်များအရ အရာအားလုံးပါဝင်တဲ့ Employee Onboarding Checklist တစ်ခုကိုဖန်တီးတည်ဆောက်ပြီးနောက် သင့်ထံတွင် Onboarding ပြုလုပ်ရန် activity များ ကောင်းမွန်စွာ အဆင်သင့်ဖြစ်နေရဲ့လားဆိုတာကို သေချာစွာစစ်ဆေးပါ။ 

 

ကြိုတင်ပြင်ဆင်မှုပြုလုပ်ပါ။ 

Employee Onboarding ပြုလုပ်နိုင်ရန် လိုအပ်တဲ့ အကူပစ္စည်းများနဲ့ နေရာတစ်ခုရှိနေစေဖို့နဲ့ ဒီအရာများကို ဝန်ထမ်းအသစ်များအနေနဲ့ အသုံးပြုနိုင်မှုရှိရဲ့လားဆိုတာကို သေချာစွာစစ်ဆေးပါ။ ထိုအရာများတွင် e-mail များ၊ login များ၊ access card များ အစရှိသည်တို့ ပါဝင်နေပါတယ်။ 

 

နေရာချထားခြင်း 

Employee Onboarding Process တစ်ခုတွင် အဓိကကျတဲ့အရာတစ်ခုကတော့ နေရာချထားမှုပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအရာကိုအခွင့်အလမ်းတစ်ရပ်အနေနဲ့အသုံးချပြီး ဝန်ထမ်းများအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းအဖွဲ့အစည်း အကြောင်း ပိုမိုနားလည်မှုရှိလာစေရန် ပြုလုပ်ပေးပါ။ 

 

မိတ်ဆက်ပေးခြင်း 

ဝန်ထမ်းအသစ်များအနေနဲ့ လုပ်ငန်းခွင်အတွင်းတွင် သူတို့ကိုကြိုဆိုမှုရှိတယ်လို့ ခံစားရစေဖို့ဟာ အရေးကြီးပါတယ်။ ဝန်ထမ်းများကို သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ ပြောဆိုဆက်ဆံမှုများပြုလုပ်စေပြီး သူတို့အနေနဲ့ ကုမ္ပဏီနဲ့ကိုက်ညီမှုရှိရဲ့လားဆိုတာကို လေ့လာကြည့်ပါ။ 

 

ကနဦးအနေနဲ့ လေ့ကျင့်သင်ကြားပေးခြင်း
 
ဒီအရာကိုအသုံးပြုပြီး ကောင်းမွန်တဲ့လေ့ကျင့်သင်ကြားမှုတစ်ရပ်ကို ပြုလုပ်ပေးလိုက်ပါ။ ဒါမှသာ ဝန်ထမ်းအသစ်များအနေနဲ့ သူတို့လုပ်ကိုင်ရမယ့်အလုပ်များတွင် ကျွမ်းကျင်အောင်မြင်မှုများကို ရရှိလာမှာဖြစ်ပါတယ်။ 

 

စာဖတ်သူပရိသတ်တို့ထဲမှာလည်း လုပ်ငန်းရှင်များနဲ့ HR professional များရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်တွေကိုအသုံးပြုပြီး ဝန်ထမ်းများကို မိမိတို့ရဲ့သက်ဆိုင်ရာအလုပ်ခွင်များသို့ စတင်မိတ်ဆက်ပေးခြင်း (Employee Onboarding) ပြုလုပ်ရာမှာ ပိုမို၍ အဆင်ပြေချောမွေ့မှုများရှိလာစေမှာဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS