Jobs In Myanmar
Load...

Google Play Store ဟာ လက်ရှိပြန့်နှံ့လျှက်ရှိနေသော malicious app များရဲ့ ၆၇% အထိအပေါ်တွင် တာဝန်ရှိနေကြောင်း လေ့လာချက်တစ်ရပ်အရ တွေ့ရှိခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Google-PlayStore-Malware-JobsInYangon



Google Play Store ဟာ လက်ရှိပြန့်နှံ့လျှက်ရှိနေသော malicious app များရဲ့ ၆၇% အထိအပေါ်တွင် တာဝန်ရှိနေကြောင်း လေ့လာချက်တစ်ရပ်အရ တွေ့ရှိခဲ့ .

 

အမေရိကန်နိုင်ငံ Antivirus ကုမ္ပဏီတစ်ခုဖြစ်တဲ့ NortonLifeLock နှင့် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရှိ IMDEA Software Institute တို့ရဲ့ သုသေသနပြုလုပ်ချက်အသစ်တစ်ရပ်အရ Google ရဲ့ Play Store ဟာ malware များပါဝင်နေသော malicious Android app များကိုဖြန့်ဝေရာတွင် အကြီးမားဆုံးတာဝန်ရှိသူတစ်ဦးဖြစ်နေခဲ့ပါ တယ်။ သို့သော်လည်း Play Store ဟာ သင့်အနေနဲ့ သင့်ရဲ့ app များကို download ပြုလုပ်နိုင်မယ့် လုံခြုံစိတ်ချရမှုအရှိဆုံးနေရာများထဲတွင်လည်း တစ်ခုအပါအဝင်ဖြစ်နေပြန်ပါသေးတယ်။ 

အထက်ပါကုမ္ပဏီ ၂ခုမှ app ပေါင်း ၇.၈ သန်းခန့်အား Android product ပေါင်း ၁၂ သန်းခန့်တွင် install ပြုလုပ်ပြီး ၂၀၁၉ ခုနှစ်က ၄ လအကြာ လေ့လာမှုပြုလုပ်ခဲ့ရာတွင် “၁၀% မှ ၂၄% သော Norton (သို့) Symantec antivirus software များကို ထည့်သွင်းထားသော Andoid device များတွင် adware အပါအဝင် malicious app အနည်းဆုံး တစ်ခုအား သုသေသနပြုလုပ်သူများမှ တွေ့ရှိခဲ့ရပါတယ်။ 

အဆိုပါလေ့လာမှုအရ ဖော်ထုတ်တွေ့ရှိခဲ့သော malicious app များမှ ၆၇% ခန့်ဟာ အဆိုပါ device များထံသို့ Google Play Store မှတဆင့် ဝင်ရောက်လာခဲ့တာဖြစ်ပြီး များစွာသော malicious app များဟာ အသုံးဝင်သော ဝန်ဆောင်မှုများဖြစ်တဲ့ VPN ကဲ့သို့သော ဝန်ဆောင်မှုများအနေနဲ့ ပုံဖျက်ထားကြပါတယ်။ သို့သော် အဆိုပါ app များတွင် malware များပါဝင်နေပြီး သင့်ရဲ့အချက်အလက်များကိုခိုးယူနိုင်ခြင်း (သို့) သင့်ထံသို့ မလိုလားအပ်သော ကြော်ငြာများစွာကို ပေးပို့နိုင်ခြင်းတို့အား ပြုလုပ်နိုင်စွမ်းရှိနေကြပါတယ်။ 

သင့်အနေနဲ့ လုံခြုံစိတ်ချမှုရှိစေရန် မည်သို့ပြုလုပ်နိုင်မလဲ? ကျွန်ုပ်တို့အနေနဲ့ သင့်ကိုအကြံပြုလိုတာကတော့ နာမည်ရှိပြီးသား anti-virus app များဖြစ်ကြတဲ့ (Kaspersky, Norton) အစရှိတဲ့ anti-virus များကို install ပြုလုပ်ထားဖို့နဲ့ Google Play Store, Apple App Store တို့ကဲ့သို့သော နာမည်ရပြီးသား platform များပေါ်မှ app များကို download ဆွဲရာတွင်လည်း နာမည်ရှိပြီး၊ လူအများစုမှအသုံးပြုနေကြသော app များဖြစ်ကြတဲ့ Facebook, Instagram သို့ အလားတူ app များကိုသာ download ပြုလုပ်၍အသုံးပြုကြရန်နှင့် သံသယဖြစ်ဖွယ်ကောင်းသော link များ၊ e-mail များ၊ Message များ၊ Video များ အစရှိသည်တို့အား ရှောင်ရှားကြရန် (တစ်စုံတစ်ဦးက သင့်ကို တစ်စုံတစ်ရာသော ဖော်ပြပါအရာများ ပေးပို့လာပါက click နှိပ်ခြင်းမပြုမှီ အရင်စဉ်းစားဖို့ လိုအပ်ပါမယ်) ဟူ၍ အကြံပြုပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (10)
Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)
Ideal Future Co., Ltd.

Ideal Future Co., Ltd.

..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS