ချိတ်ဆွဲရန်စာတန်း: Employer-Knowledge-Brand-HR-JobsinYangon
ဝန်ထမ်းရဲ့အတွေ့အကြုံစက်ဝန်း(Employee Lifecycle) တစ်လျှောက် သင့်ရဲ့လုပ်ငန်းရှင်အမှတ်တံဆိပ် (Emplyer Brand) ကို အကောင်အထည်ဖော် ထိန်းသိမ်းခြင်း
သင့်ရဲ့လုပ်ငန်းရှင်အမှတ်တံဆိပ်(Employer Brand)ဟာ အရည်အသွေးရှိတဲ့ဝန်ထမ်းတွေကို ရရှိဖို့သက်သက်ဘဲ အသုံးပြုရတဲ့အရာမဟုတ်ပါ။ ၎င်းဟာ သင့်ရဲ့အလုပ်လျှောက်သူတွေရဲ့ သင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရောင်ပြန်ဟပ်မှုဖြစ်ပြီး သင့်ဝန်ထမ်းတွေရဲ့အတွေ့ အကြုံ(စိတ်ခံစားမှု) ဘယ်လိုရှိလဲဆိုတာကိုလည်း ညွှန်ပြပေးနိုင်ပါတယ်။
သင့်ရဲ့ အစဉ်အလာနဲ့ စံနှုန်းသတ်မှတ်ချက် တွေကို ထိန်းသိမ်းထားပါ။
ဘယ်အရာက သင့်ရဲ့ကုမ္ပဏီကို အများနဲ့မတူဘဲ ထူးခြားစေတာလည်း။ သင့်ရဲ့အဖွဲ့ကိုဝင်ရောက် တဲ့ အခါမှာ ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘာတွေကိုထည့်သွင်းစဉ်းစားသင့်ပါသလဲ။ အဲ့ဒီအချက် တွေကို သင့်ရဲ့အလုပ်ခေါ်တဲ့ ပေ့ခ်ျ( Career Page၊) လူမှုမီဒီယာ (Social Media)၊ ဗီဒီယို ၊ ပေါတ့်ထ်ကတ်စ် (Podcasts) ဘလော့ခ်ပို့စ်(Blog Posts) နဲ့ လက်ကမ်းစာစောင် (Brochures)တွေအပါအဝင် ဝန်ထမ်းဖြစ်လာနိုင်သူတစ်ယောက် သင့်ရဲ့ Brand ကို တွေ့မြင်နိုင်တဲ့နေရာတိုင်းမှာ ဖော်ပြထားပါ။ အလုပ်လျှောက်ထားသူတွေကို သိနားလည်စေချင်တဲ့ အဓိကဝိသေသအချက်အလက်အချို့ကို အရင်သတ်မှတ်ထားပြီး အဲ့ဒီ အချက်အလက်တွေအပေါ်မူတည်ထားတဲ့ ဝန်ထမ်းရှာဖွေငှားရမ်းတဲ့စနစ်တွေကို ဖန်တီးတည်ဆောက်ပါ။
သင့်ရဲ့ကုမ္ပဏီနဲ့ အထက်ပါအချက်အလက်တွေကို သင့်ရဲ့ဝန်ထမ်း ဖြစ်လာနိုင်ချေရှိသူတွေအများ ကြီးရဲ့ ရှေ့မှာချပြနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားပါ။ သင့်ပြောဆိုဖော်ပြတဲ့အကြောင်းအရာ တွေက အမြဲတမ်း တူညီနေကြောင်းသေချာပါစေ။
သင့်ကုမ္ပဏီအစဉ်အလာတွေရဲ့ အပြုသဘောဆောင်ပြီးကောင်းမွန်တဲ့ ကဏ္ဍတွေကိုအလေးထား ဖော်ပြခြင်းအားဖြင့် ဆွဲဆောင်နိုင်ပေမယ့်လည်း သိပ်ပြီးစွဲမက်သဘောကျလောက်စရာမကောင်းတဲ့ ကဏ္ဍတွေကိုလည်း ထုတ်ပြဖို့် မကြောက်ပါနဲ့။ သင့်အနေနဲ့ အလုပ်နဲ့လူနေမှုဘဝ သယဇာတဖြစ်မှု (Work-Life Balance) ကိုအဓိကထားပြီး ကြော်ငြာနိုင်ပေမယ့် တစ်ခါတစ်လေ ညနေဘက် နောက်ကျတဲ့အထိ အလုပ်လုပ်ရနိုင်ကြောင်းကိုလည်း ရိုးရိုးသားသားဝန်ခံလို့ရပါတယ်။ သင့်အဖွဲ့အနေနဲ့ နောက်ကျတဲ့အထိ အလုပ်လုပ်ရတဲ့ရက်တွေမှာဆိုရင် ပိုပြီးပျော်ပျော်ရွှင်ရွှင် လုပ်နိုင်ဖို့အတွက် ဘာတွေလုပ်ကြပါသလဲ။
အကယ်၍ ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ငန်းခွင်မှာ ပုံမှန်တွေ့ကြုံရနိုင်တဲ့ အရာတွေရှိနေ ရင်လည်း အလုပ်လျှောက်သူတွေအနေနဲ့ အဲ့ဒီအရာတွေကို သိထားသင့်ပါတယ်။ တကယ်လို့ အဲ့ဒီအရာတွေ ကို သူတို့အနေနဲ့လက်မခံနိုင်ဘူးဆိုရင်လည်း သင့်ရဲ့ကုမ္ပဏီမှာအလုပ်မလုပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ (လအနည်းငယ် ကြာလာတဲ့အခါမှာ အလုပ်ထွက်သွားနိုင်တဲ့သူတွေကို အလုပ်ခန့်မိခြင်းမှလည်း ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။)
အလုပ်လျှောက်သူရဲ့ အတွေ့အကြုံ(စိတ်ခံစားမှု)ဟာ သင့်ရဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဆီလျော်မှု ရှိကြောင်းသေချာပါစေ။
သင့်ရဲ့ ကုမ္ပဏီနဲ့ လုပ်ငန်းခွင်တွေအကြောင်းကို လေ့လာပြီးသွားတဲ့အခါမှာ သင့်ရဲ့ Brandကို သဘောကျနှစ်သက်တဲ့ သင့်ရဲ့ဝန်ထမ်းဖြစ်လာနိုင်သူတွေဟာ လစ်လပ်နေတဲ့ရာထူးနေရာတွေ အတွက် အလုပ်လျှောက်လာနိုင်ပါတယ်။ ဒီအဆင့်မှာဆိုရင် အလုပ်လျှောက်သူအနေနဲ့ သူ့ကို စိတ်ဝင်စားစေခဲ့တဲ့ အချက်အလက်(အကြောင်းအရာ)တွေနဲ့ ကိုက်ညီမှုရှိတဲ့ အတွေ့အကြုံ (စိတ်ခံစားမှု) ရရှိသွားဖို့ လိုအပ်ပါတယ်။ အလုပ်လျှောက်သူတွေဟာ အပြောနဲ့အလုပ်ထပ်တူကျမှု မရှိတာတွေကို သတိထားမိနိုင်ပြီး သင့်ရဲ့ကုမ္ပဏီမှာ အလုပ်လျှောက်ဖို့ကိစ္စကို ပြန်လည်စဉ်းစားနိုင် ပါတယ်။
ဥပမာ - သင့်ရဲ့အလုပ်ခေါ်တဲ့ ပေ့ခ်ျ( Career Page၊)မှာ သင်ဟာ တာဝန်ယူမှု (Accountability) ကို အလေးထားတယ်လို့ဖော်ပြထားရင် ဝန်ထမ်းခန့်အပ်ငှားရမ်းတဲ့ လုပ်ငန်းစဉ် မှာလည်း တာဝန်ယူမှု ရှိရပါလိမ့်မယ်။ ဥပမာ - နောက်ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းစွာ ပြောပြခြင်း(တကယ်လို့ သင့်အနေနဲ့ သူ့ရဲ့ အလုပ်လျှောက်လွှာကို ဆက်လက်ထည့်သွင်း စဉ်းစားတော့မှာ မဟုတ်ဘူးဆိုတဲ့ အခြေအနေမျိုးကိုတောင် ရှင်းရှင်းလင်းလင်းပြောပြရမှာ ဖြစ်ပါတယ်။) ။ ဝန်ထမ်းဖြစ်လာနိုင်ချေရှိသူတွေဟာ သင်အများသိအောင် ကြေငြာထားတဲ့ လုပ်ငန်းရှင်အမှတ်တံဆိပ်(Employer Brand)နဲ့ တကယ့်လက်တွေ့မှာ ဝန်ထမ်းတွေကို ဆက်ဆံပုံတွေဟာ ကိုက်ညီမှုရှိ၊မရှိလည်း သိချင်ကြပါတယ်။ ပြီးတော့ သူတို့ဟာ ဝန်ထမ်းခန့်အပ်ရေးလုပ်ငန်းစဉ်(အင်တာဗျူးစသည်) အတွင်း တွေ့မြင် ခံစားရသမျှကို အကဲဖြတ်နေမှာဖြစ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။