ချိတ်ဆွဲရန်စာတန်း: News-iOS14-Update-Glitches-JobsInYangon
iOS14 ကို update ပြုလုပ်ပြီးနောက် text message နဲ့ WhatsApp notification များလက်ခံရာတွင် အခက်အခဲများရှိလာခဲ့
iOS14 သို့ update ပြုလုပ်ပြီးသူ iPhone အသုံးပြုသူများအနေနဲ့ သမားရိုးကျ text message များ၊ iMessage နှင့် အချို့သောအခြေအနေများတွင် WhatsApp Message များထံမှ notification များ မရရှိခဲ့တဲ့အတွက် အသုံးပြုသူများမှ complain များစွာပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ notification မရတဲ့ ပြဿနာဟာ iOS14 နဲ့ နောက်ပိုင်းဗားရှင်းများကို update ပြုလုပ်ထားခဲ့တဲ့ device များ အားလုံးနီးပါးတွင် ဖြစ်ပွားနေခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါပြဿနာဟာ message အသစ်များပေးပို့ဖို့ရာတွင်တော့ ထိခိုက်မှုမရှိပဲ notification များကိုသာ ရယူနိုင်ခြင်း မရှိပဲဖြစ်နေတာဖြစ်ပြီး pop-up notification များနှင့် မဖတ်ရသေးသော message များအရေအတွက်ကို ဖော်ပြပေးနေတဲ့ red badge များကိုပါ တွေ့မြင်နိုင်ခြင်းမရှိဖြစ်နေတာဖြစ်ပါတယ်။ အဆိုပါ glitch ဟာ text message များနဲ့ iMessage အပြင် အခြားသော third-party application များဖြစ်တဲ့ WhatsApp နဲ့ Signal ကဲ့သို့သော app များတွင်လည်း ဖြစ်ပွားနေပြီး အချို့သောအခြေအနေများတွင် Voice Call များရဲ့ notification များကိုပါ တွေ့မြင်နိုင်ခြင်းမရှိဖြစ်နေပါတယ်။
MacRumors မှထုတ်ပြန်ချက်တစ်ရပ်အရ အထက်ဖော်ပြပါ notification နဲ့ဆိုင်တဲ့ ပြဿနာကို iPhone 12, iPhone 12 mini, iPhone 12 Pro နဲ့ iPhone 12 Pro Max တို့တွင် ပိုမို၍တွေ့မြင်ရလျှက်ရှိနေသော်လည်း iOS14 သို့ update ပြုလုပ်ခဲ့တဲ့ အချို့သော iPhone version များတွင်လည်း အဆိုပါပြဿနာဖြစ်ပွားလျှက်ရှိနေတယ်လို့ သိရှိခဲ့ရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။