ချိတ်ဆွဲရန်စာတန်း: Knowledge-HRM-Functions-JobsInYangon
Amazon မှ ထုတ်ပြန်ကြေငြာချက်များအရ သူတို့ရဲ့ဝန်ထမ်းပေါင်း ၂၀,၀၀၀ ခန့် COVID-19 ကူးစက်ထားခံရ
ပြီးခဲ့တဲ့အပတ်က Amazon မှ သူတို့ရဲ့ ဂိုထောင်နဲ့ in-store ဝန်ထမ်းများအကြား COVID-19 ကူးစက်ခံရမှုနှုန်း ပြသမှုအချက်အလက်များကိုထုတ်ပြန်ကြေငြာခဲ့ရာတွင် မတ်လ ၁ရက်နေ့မှ စက်တင်ဘာလလယ်ခန့်အတွင်း အပြင်ထွက်အလုပ်လုပ်နေရတဲ့ဝန်ထမ်းပေါင်း ၂၀,၀၀၀ ခန့်ဟာ COVID-19 ကူးစက်မှုခံခဲ့ရတယ်လို့ဆိုခဲ့ပါတယ်။ Amazon distribution facility များနဲ့ Whole Foods Store များတွင်အလုပ်လုပ်ကိုင်လျှက်ရှိတဲ့ လုပ်သားဦးရေ ၁.၃၇ သန်းတွင် အဆိုပါကာလအတွက် ရောဂါကူးစက်ခံရသူဦးရေ ၁.၄၄% (၁၉,၈၁၆ ဦး) ရှိခဲ့တယ်လို့ သိရှိရပါတယ်။
Amazon နဲ့ Whole Foods Market ဝန်ထမ်းများဟာ နိုင်ငံအတွင်းရှိ ပျမ်းမျှလူဦးရေပမာဏနဲ့ တူညီမှုရှိပါက သူတို့ရဲ့ ဝန်ထမ်းအင်အားစုအတွင်း COVID ကူးစက်ခံရမှုပေါင်း ၃၃,၉၅၂ ခုခန့် ရှိလာနိုင်သော်လဲ တစ်ကယ်တန်းတွင် 19,816 ယောက်သာ positive (သို့) positive ဖြစ်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး ဒါဟာ ခန့်မှန်းထားသည်ထက် ၄၂% နည်းပါးသောနှုန်းဖြစ်ကြောင်းကို Amazon က ပြောကြားသွားခဲ့ပါတယ်။ သို့သော်လည်း ဒီတွက်ချက်မှုတွင် Amazon ဝန်ထမ်းများမဟုတ်ကြတဲ့ Prime delivery driver များတော့ မပါဝင်သေးပါဘူး။
Amazon က ပြည်နယ်အလိုက် ဝန်ထမ်း ၁၀၀၀ တွင် ရောဂါကူးစက်နှုန်းများကိုလည်း နိုင်ငံအတွင်းရှိ ပြည်နယ်အဆင့်ရောဂါကူးစက်မှုနှုန်းများနဲ့ နှိုင်းယှဉ်ကာ ထုတ်ပြန်ပေးခဲ့ပါသေးတယ်။ ပြည်နယ်အများစုအတွက်မှာတော့ Amazon ရဲ့ ရောဂါဖြစ်ပွားမှုပမာဏဟာ ပြည်နယ်အဆင့်ရောဂါဖြစ်ပွားမှု ပမာဏထက်နည်းပါတာမှန်သော်လည်း အချို့သော ရောဂါကူးစက်နှုန်းမြင့်မားတဲ့နေရာများဖြစ်ကြတဲ့ West Virginia နဲ့ Minnesota တို့တွင် Amazon ရဲ့ ရောဂါကူးစက်မှုနှုန်းဟာ ပြည်နယ်အဆင့်ရောဂါကူးစက်မှုနှုန်းများထက် များပြားနေတာကို တွေ့ရှိခဲ့ရပါတယ်။ New Hampshire ပြည်နယ်ရှိ Amazon ဝန်ထမ်းများရဲ့ ရောဂါကူးစက်မှုနှုန်းဟာလဲ အဆိုပါပြည်နယ်အတွင်းရှိ ရောဂါကူးစက်မှုနှုန်းများထက် မြင့်မားလျှက်ရှိနေပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။