ချိတ်ဆွဲရန်စာတန်း: News-Amazon-WarehouseManager-Lawsuit-JobsInYangon
ကန်ဒေါ်လာ ၂၇၃,၀၀၀ တန်ကြေးရှိ ကွန်ပျူတာအစိတ်အပိုင်းများကို ခိုးယူမှုကြောင့် ထောင်ဒါဏ် နှစ် (၂၀) ချမှတ်ခံရတော့မယ့် Amazon Warehouse Manager
အသက် (၂၇) နှစ်အရွယ် Amazon warehouse operations manager တစ်ဦးဟာ ကန်ဒေါ်လာ ၂၇၃,၀၀၀ တန်ကြေးရှိ ကုန်ပစ္စည်းများကို လိမ်လည်ခိုးယူမှုပြုလုပ်ခဲ့တယ်လို့ ဝန်ခံလိုက်ပြီဖြစ်ပြီး ၎င်းရဲ့ ပြစ်ဒါဏ်ကို လျှော့ပေါ့စဉ်းစားပေးရန် လျှောက်ထားမှုပြုလုပ်ခဲ့တယ်လို့ အမေရိကန်တရားရေးရာဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
ဇွန်လ၊ ၂၀၂၀ ခုနှစ် နှင့် စက်တင်ဘာလ၊ ၂၀၂၁ ခုနှစ်အတွင်းတွင် Douglas Wright Jr. လို့အမည်ရတဲ့ Amazon Charlotte ပြည်နယ် ဂိုထောင်ရဲ့ operations manager တစ်ဦးဟာ သူ့ရဲ့လုပ်ပိုင်ခွင့်အကိုအသုံးချပြီး ကန်ဒေါ်လာ ၂၇၃,၀၀၀ ကျော် တန်ကြေးရှိသော internal hard drive များနှင့် processor များကဲ့သို့သော ကွန်ပျူတာအစိတ်အပိုင်းများကို ခိုးယူမှုပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့တဲ့ ကြားနာစစ်ဆေးမှုတွင်တော့ Wright က အဆိုပါကုန်ပစ္စည်းများကို သူ့ရဲ့နေအိမ်သို့ တင်ပို့ခဲ့ပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်ရှိ လက်က္ကားအရောင်းဆိုင်တစ်ခုထံ ရောင်းချခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပြစ်ဒါဏ်ကိုလျှော့ပေါ့စဉ်းစားပေးရန် လျှောက်ထားခဲ့တယ်လို့ သိရှိရပါတယ်။ Wright ဟာ လက်ရှိအခြေအနေအရ ထောင်ဒါဏ်နှစ် (၂၀) အပြင် ကန်ဒေါ်လာ ၂၅၀,၀၀၀ ကို ဒါဏ်ကြေးအဖြစ်ပေးဆောင်ရနိုင်ဖွယ်ရှိနေပြီး အတည်ပြုပြစ်ဒါဏ်ချမှတ်မည့်ရက်ကိုတော့ အတိအကျထုတ်ပြန်ကြေငြာခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။