ချိတ်ဆွဲရန်စာတန်း: News-DonaldTrump-Lawsuit-TechCompanies-JobsInYangon
အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်သူ Donald Trump မှ Social Media ကုမ္ပဏီကြီးများအား တရားစွဲဆို
အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်သူ Donald Trump က Twitter, Facebook နှင့် Google ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်သော YouTube ကုမ္ပဏီများနှင့် ၎င်းတို့ရဲ့ CEO များဟာ သူ့ရဲ့ “လွတ်လပ်စွာပြောဆိုပိုင်ခွင့်” ကို ပိတ်ပင်လျှက်ရှိသည်ဟူ၍ ဇူလိုင်လ ၈ ရက်နေ့က အမေရိကန်တရားရုံးချုပ်သို့ တိုင်ကြားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Trump မှ အဆိုပါကုမ္ပဏီများရဲ့ လုပ်ရပ်များဟာ သူ့အတွက် ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍ ဆုံးရှုံးရမှုများကို ဖြစ်စေခဲ့ပြီး “အဆိုပါ လူမှုကွန်ယက်ကုမ္ပဏီများအနေနဲ့ ဥပဒေဘောင်ပြင်ပသို့ရောက်နေပြီး အရှက်မဲ့လှတဲ့လုပ်ရပ်များကို အမေရိကန်နိုင်ငံသားများအပေါ် ပြုလုပ်လျှက်ရှိနေသည်အား ချက်ချင်းတားဆီးပေးဖို့အတွက် တောင်းဆိုနေတာဖြစ်ပါတယ်။” ဟူ၍ ပြောဆိုသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၁၉၉၆ ခုနှစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက်အက်ဥပဒေ အခန်း ၂၃၀ တွင် ပြဌာန်းထားချက်များအရတော့ Online Platform များကို အသုံးပြုသူများရဲ့ content များကို စည်းကမ်းကြပ်မတ်မှုများပြုလုပ်ရာတွင် ဥပဒေမှ ကင်းလွတ်၍ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးထားတဲ့အတွက် Trump ရဲ့ တရားစွဲဆိုမှုဟာ ပျက်ပြယ်သွားနိုင်ချေများလျှက်ရှိနေပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။