ချိတ်ဆွဲရန်စာတန်း: News-Apple-ARM-M1-JobsInYangon
Apple မှ ဖန်တီးလျှက်ရှိသော ပထမဦးဆုံး ARM ကိုအခြေခံထားသည့် ကွန်ပြူတာ chip “M1”
Apple မှ ဖန်တီးတည်ဆောက်လျှက်ရှိသော ပထမဦးဆုံး ARM ကိုအခြေခံထားသည့် ကွန်ပြူတာ chip M1 ကို Apple ရဲ့ “One More Thing” event တွင်ထုတ်ပြန်ကြေငြာပေးခဲ့ပါတယ်။ အဆိုပါ chip ဟာ Apple မှ သူတို့ရဲ့ “နောက်မျိုးဆက်သစ် Mac” များအတွက် တည်ဆောက်လျှက်ရှိသော နောက်ဆုံးထွက်ရှိလာမည့် chip တစ်ခုဖြစ်ကာ အောက်ပါအချက်များဟာတော့ အဆိုပါ event အတွင်း ကြေငြာပေးခဲ့သော အချက်များပဲဖြစ်ပါတယ်။
M1 chip ဟာ 5nm processor အပေါ်အခြေခံ၍ transistor ပေါင်း 16 ဘီလျံခန့်ဖြင့် တည်ဆောက်ထားသော ပထမဦးဆုံး ကွန်ပြူတာ chip တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါ chip ကို Apple ရဲ့ lower-power system များတွင် အသေးငယ်ဆုံးသောအရွယ်အစားဖြင့် အမြင့်မားဆုံးသောစွမ်းဆောင်ရည် ရရှိနိုင်ရန်အတွက် အထူးပြုလုပ်ထားတာဖြစ်ပါတယ်။ CPU အတွင်းတွင် performance core ၄ ခုနှင့် efficiency core ၄ ခု တို့ပါဝင်ပြီး Apple ရဲ့အဆိုအရ အဆိုပါ chip ဟာ watt တစ်ခုစီအတွက် အမြင့်မားဆုံးသော CPU performance ကိုထုတ်ပေးနိုင်စွမ်းရှိပြီး efficiency core ၄ ခုတည်းဖြင့်ပင် ယခင်ထွက်ရှိထားခဲ့သော dual-core MacBook Air ၏ စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်၍ရနိုင်ပြီး power သုံးစွဲမှုနှုန်းအားလည်း ပိုမို၍နည်းပါးခဲ့တယ် ဟူ၍ သိရှိခဲ့ရပါတယ်။
GPU တွင် Core ၈ ခုပါဝင်ပြီး 2.6 teraflops အထိ process ပြုလုပ်နိုင်စွမ်းရှိပါတယ်။ GPU တွင် 16-core neural engine ပါဝင်ပြီး 11 trillion processes per second အထိ လုပ်ဆောင်နိုင်စွမ်းရှိနေပါတယ်။ “ယခင်မျိုးဆက် Mac” များနှင့် နှိုင်းယှဉ်လိုက်ပါက Apple ရဲ့အဆိုအရ M1 ဟာ CPU performance ၃.၅ ဆပိုမိုမြန်ဆန်ပြီး၊ GPU performance အရ ၆ ဆခန့် ပိုမိုမြန်ဆန်မှာဖြစ်ပြီး Machine learning တွင် ၁၅ ဆခန့် ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်ဟူ၍ ဆိုထားခဲ့ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။