ချိတ်ဆွဲရန်စာတန်း: News-Apple-AirPods-Max-JobsInYangon
ဒါကိုဖတ်ပြီးမှ Apple ရဲ့ AirPods Max ကို ၀ယ်ဖို့ စဉ်းစားပါ။
Apple မှ ထွက်ရှိလာတော့မည့် AirPods Max ဟာဈေးအကြီးဆုံးသော AirPods တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီ AirPods နဲ့ပတ်သက်တဲ့ ကွန်ပလိန်းများလည်းများစွာထွက်ပေါ်လာခဲ့ပြီး အကြီးဆုံးပြဿနာတစ်ခုကတော့ နာရီပိုင်းမျှအသုံးပြုရုံနဲ့ နားကြပ်အုံအတွင်းမှာ ရေများစုဝေးလာခြင်းပဲဖြစ်ပါတယ်။ ပိုဆိုးတာကတော့ ဒီအရာဟာ ပြင်ဆင်၍မရနိုင်တဲ့ ဒီဇိုင်းအားနည်းချက်တစ်ခုကြောင့် ဖြစ်နေနိုင်တာပါပဲ။
Twitter ပေါ်တွင် အသုံးပြုသူတစ်ယောက်ကရေးသားထားသည်မှာ - “ကျွန်မရဲ့ AirPods Max ဟာ အချိန်ကြာကြာအသုံးပြုလိုက်ရင် ရေတွေသီးလာပါတယ်။ ဒါကိုဘယ်တုန်းကမှ စွတ်စိုတဲ့ပတ်ဝန်းကျင်မှာ အသုံးမပြုခဲ့ပါဘူး။ Driver ထဲသို့ ရေများဝင်ပြီး ear detection ပြဿနာများဖြစ်လာခဲ့ပါတယ်။ အများအားဖြင့် ကျွန်မရဲ့အလုပ်စားပွဲပေါ်မှာထိုင်ရင်းနဲ့သာ ဒါကိုအသုံးပြုလေ့ရှိပြီး အကြမ်းပတမ်းအသုံးပြုခဲ့တာမျိုးမရှိပါဘူး။ ဒါဟာအတော်ကိုစိတ်ပူစရာကောင်းတဲ့ ပြဿနာတစ်ခုပါပဲ။” ဟူ၍ဖြစ်ပြီး အခြားများစွာသောအသုံးပြုသူများကလည်း တူညီတဲ့ပြဿနာကိုထောက်ပြခဲ့ပါတယ်။
Apple မှတော့ ဒီအဖြစ်အပျက်အကြောင်းကို မှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိပေမယ့် ဒီပြဿနာဟာ AirPods Max တွင် အမှန်တကယ်ဖြစ်နေတယ်ဆိုတာကို အသုံးပြုသူများရဲ့ဝေဖန်အကြံပြုချက်များအရ သိရှိနိုင်နေပါတယ်။ ဒါကြောင့် သင်က AirPods Max ကို ဝယ်ယူဖို့ဆန္ဒရှိနေသူတစ်ဦးဆိုရင်တော့ စောင့်ကြည့်လိုက်ပါဦးလို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။