ချိတ်ဆွဲရန်စာတန်း: News-Apple-Market-3Trillion-JobsInYangon
Apple ရဲ့ ဈေးကွက်ရှယ်ယာများ ကန်ဒေါ်လာ ၃ ထရီလီယံအထိ ယာယီမြင့်တက်ခဲ့
Apple ရဲ့ ဈေးကွက်ရှယ်ယာများဟာ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကန်ဒေါ်လာ ၃ ထရီလီလံကို ခဏတာ ကျော်လွန်သွားခဲ့ပါတယ်။ ဒါဟာ ကန်ဒေါ်လာ ၂ ထရီလီယံသို့ ရောက်ရှိကျော်လွန်ပြီး ၁ နှစ်အကြာနှင့် ကန်ဒေါ်လာ ၁ ထရီလီယံသို့ ရောက်ရှိကျော်လွန်ပြီး ၃ နှစ်အကြာတွင် ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
Apple ရဲ့ အခုလိုကြီးမားတဲ့အောင်မြင်မှုများကို ရရှိနေခြင်းဟာ အများအားဖြင့် iPhone များနဲ့ ဆက်စပ်မှုရှိနေပြီး ၎င်းတို့ဟာ ကုမ္ပဏီရဲ့ငွေထုတ်စက်များဟုပင် တင်စား၍ခေါ်ဝေါ်နိုင်ကြမှာဖြစ်ပါတယ်။ ဒါ့အပြင် Apple ရဲ့ အခြားသောလုပ်ငန်းများဖြစ်တဲ့ Apple services နှင့် Mac ဌာနခွဲများတွင်လည်း ၂၀၂၁ ခုနှစ် စတုတ္ထ ၃ လပတ်တွင် အရောင်းရဆုံးစံချိန်အသီးသီးတင်နိုင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
1:45 PM ET တွင် ကန်ဒေါ်လာ ၃ ထရီလီယံ ပမာဏကိုကျော်လွန်သွားခဲ့ပြီး မကြာမှီတွင် Apple ရဲ့ ဈေးကွက်ရှယ်ယာများဟာ အဆိုပါပမာဏအောက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ ဖြစ်နိုင်တာကတော့ ရှယ်ယာဈေးကွက်ပိတ်သိမ်းလိုက်တဲ့အချိန် 4:00 PM ET တွင် Apple ရဲ့ ဈေးကွက်ရှယ်ယာများဟာ ကန်ဒေါ်လာ ၃ ထရီလီယံအထက်မှာရှိနေတဲ့အတွက် ကမ္ဘာ့ပထမဆုံး ရှယ်ယာများကို ပွင့်လင်းစွာရောင်းဝယ်မှုပြုလုပ်ပေးထားတဲ့ကုမ္ပဏီများအနက်တွင် အဆိုပါဈေးကွယ်ရှယ်ယာပမာဏရှိနေတဲ့ ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။