Jobs In Myanmar
Load...

Apple မှ သူတို့ရဲ့ “Anti-User Tracking” အစီအစဉ်ကို ဆက်လက်၍လုပ်ဆောင်သွားရန် စီစဉ်လျှက်ရှိ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Apple-ATT-Tracking-JobsInYangon



Apple မှ သူတို့ရဲ့ “Anti-User Tracking” အစီအစဉ်ကို ဆက်လက်၍လုပ်ဆောင်သွားရန် စီစဉ်လျှက်ရှိ

 

Arstechina မှ သတင်းများအရ - ယခုနှစ် ဇွန်လအတွင်း ကြေငြာခဲ့သော iOS 14 တွင် developer များအနေနဲ့ အသုံးပြုသူ user များကို အကယ်၍ သူတို့ရဲ့ app များဟာ “unique device code” ဟု ခေါ်ဆိုသည့် IDFA (ID) ကို ရယူဖို့လိုအပ်ခဲ့ပါက အသိပေးသွားရန်နှင့် အဆိုပါအချက်အလက်ရယူမှုကို setting တွင် အသုံးပြုသူများအနေနဲ့ ပေးဖို့၊ မပေးဖို့ကို ရွေးချယ်နိုင်မည့် setting တစ်ခုအနေနဲ့ ထားရှိပေးသွားရမည်ဟူ၍ ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် Facebook နဲ့ အခြားသော ကုမ္ပဏီများမှ ရက်ရွှေ့ဆိုင်းပေးဖို့ အတွက် တောင်းဆိုခြင်းကိုခံခဲ့ရပြီးနောက်တွင် Apple မှ အဆိုပါ စည်းကမ်းချက်အသစ်ကိုထည့်သွင်းခြင်းအား နောက်သို့ရွှေ့ဆိုင်းပေးခဲ့ပြီး iOS 14 ကို စက်တင်ဘာလတွင် အဆိုပါ function ပါဝင်လာခြင်းမရှိပဲ ထုတ်လွှင့်ပေးခဲ့ပါတယ်။ ထိုအစား “လာမည့်နှစ် အစောပိုင်းတွင်” အဆိုပါလုပ်ဆောင်ချက်ကို ထည့်သွင်းသွားမည် ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ပါတယ်။ 

Apple မှ သူတို့ရဲ့ app tracking transparency (ATT) လုပ်ဆောင်ချက်အသစ်ကို နောက်နှစ်သို့ရွှေ့ဆိုင်းခဲ့ပြီးနောက် ထိုအစီအစဉ်အတိုင်း ဆက်လက်၍လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ Apple ရဲ့ Global Privacy အတွက် အကြီးတန်း ဒါရိုက်တာတစ်ဦးဖြစ်သူ Jane Horvath မှ Amnesty International, Human Rights Watch နှင့် the Electronic Frontier Foundation အပါအဝင် Civil rights, Human rights, နှင့် Digital rights group ၈ ခုသို့ ပေးပို့ခဲ့သော စာတစ်စောင်တွင် ထိုအရာကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

Horvath မှ “Tracking ဟာ တစ်ခါတစ်ရံတွင် ကျူးကျော်ရာရောက်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် ဒီအရာကို အသုံးပြုသူများမှ သိရှိခြင်း၊ ခွင့်ပြုခြင်းမရှိပဲ လုပ်ဆောင်နေကြပါတယ်။” “အချို့သောကုမ္ပဏီများက ခေါ်ဆိုနေတဲ့ ‘personalized experiences’ များဟာ တစ်ကယ်တမ်းတွင် အများအားဖြင့် အသုံးပြုသူများရဲ့အကြောင်း အချက်အလက်များရနိုင်သမျှရရှိနိုင်ရန်အတွက်နှင့် သူတို့အကြောင်း အသေးစိတ် profile များကိုတည်ဆောက်ပြီး အဆိုပါ profile များမှတဆင့် အမြတ်ငွေပြန်လည်ရရှိနိုင်စေဖို့ လုပ်ဆောင်နေမှုကို ဖုံးကွယ်ဖို့အတွက် ကြိုးစားနေခြင်းပဲဖြစ်ပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

ဆက်လက်၍ Horvath မှ ပြောဆိုခဲ့သည်မှာ - “ကျွန်ုပ်တို့ဟာ ကြော်ငြာမှုပြုခြင်းကို ဆန့်ကျင်နေတာမဟုတ်ပါဘူး။””ဒါပေမယ့် tracking ပြုလုပ်ခြင်းဟာ ထင်သာမြင်သာရှိပြီး အသုံးပြုသူများတွင် ထိုအရာကိုထိန်းချုပ်ခွင့် ရှိနေသင့်ပါတယ်။ ဒါမှသာ ကျွန်ုပ်တို့အားလုံးအတွက် အကျိုးရှိနိုင်မယ့် အသုံးပြုသူများ ထံကယုံကြည်မှုများကို ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။” ဟူ၍ဖြစ်ပါတယ်။ =


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
Elabram Systems CO., LTD.

Elabram Systems CO., LTD.

Our in-depth understanding of our customers' requirements allow us to deliver quality solutions and maintain long-term relationship. Elabram believes in integrity and effective management with an empo...
Show the postings (5)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS