ချိတ်ဆွဲရန်စာတန်း: News-Apple-Sound-Issue-JobsInYangon
Apple မှ အချို့သော 5G iPhone 12 model များတွင် ဖြစ်ပွားလျှက်ရှိသော အသံဆိုင်ရာပြဿနာများကို အခမဲ့ပြုပြင်ပေးရန် ကမ်းလှမ်းကြေငြာခဲ့
iPhone 12 နှင့် iPhone 12 Pro တို့ကို ပိုင်ဆိုင်ထားသူများအတွက် Apple မှ ဝန်ဆောင်မှုကြေငြာချက်တစ်ရပ်ကို မကြာသေးမှီကထုတ်ပြန်ခဲ့ပါတယ်။
၎င်းတို့ရဲ့ အဆိုအရ အနည်းငယ်သော iPhone 12 နဲ့ iPhone 12 Pro model များဟာ ဖုန်း speaker များကို ထိခိုက်မှုရှိစေတဲ့ ချို့ယွင်းချက်အချို့ရှိနေပြီး ဒီအချက်ကြောင့် Apple မှ “အကယ်၍ သင်တို့ရဲ့ iPhone 12 (သို့) iPhone 12 Pro များဟာ သင်တို့ဖုန်းခေါ်ဆိုခြင်း၊ လက်ခံခြင်းတို့ကိုပြုလုပ်ရာတွင် အသံကိုထုတ်လွှင့်ပေးနိုင်ခြင်းမရှိပါက ဒီဝန်ဆောင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။ Apple (သို့မဟုတ်) Apple ရဲ့ authorized Service Provider များမှ အဆိုပါအကျုံးဝင်တဲ့ device များကို အခမဲ့ ပြုပြင်ပေးသွားမှာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။
အထက်ဖော်ပြပါ ပြဿနာကို iPhone 12 နဲ့ iPhone 12 Pro တို့တွင်သာတွေ့ရှိရမှာဖြစ်ပြီး iPhone 12 mini နဲ့ iPhone 12 Pro Max တို့တွင်တော့ အဆိုပါပြဿနာကိုတွေ့ကြုံရမှာမဟုတ်ကြောင်းကိုလည်း Apple မှ ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာဖုန်းများကို ပိုင်ဆိုင်ထားသူများအတွက် Apple မှ အခမဲ့ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။