ချိတ်ဆွဲရန်စာတန်း: Knowledge-IT-Apple-Samsung-JobsinYangon
Apple ဟာ Samsung ကို Display များမှာယူထားသည်ထက်လျော့နည်းကာ ဝယ်ယူခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၉၅၀ မီလီယံ ဒါဏ်ကြေးပေးဆောင်ခဲ့ရ
Samsung ဟာ သူတို့ရဲ့ ဒုတိယ ၄လတာကာလအတွက် ဘဏ္ဍာရေး statement များကိုထုတ်ဖော်ပြ သလိုက်ပြီဖြစ်ပါတယ်။ ၎င်းအရ သူတို့ရဲ့ display ဌာနဟာ လွန်စွာအကျိုးအမြတ်များဖြစ်ထွန်းခဲ့ပါ တယ်။ Apple ဟာ သူတို့ကုမ္ပဏီကို မှာယူထားသည်ထက်လျော့နည်းသော display ပမာဏကိုသာ ဝယ်ယူခဲ့သည့်အတွက် ဒေါ်လာ တစ်ဘီလျံနီးပါးခန့် လျော်ကြေးငွေများပေးဆောင်ခဲ့ရလို့ပဲဖြစ်ပါ တယ်။
DSCC နဲ့ တောင်ကိုရီးယား web portal တစ်ခုဖြစ်တဲ့ TheElect.net ရဲ့ အဆိုအရ Apple ဟာ စာချုပ်စာတမ်း ဖောက်ဖျက်မှုအတွက် Samsung ကို ဒေါ်လာ ၉၅၀ မီလီယံပေးဆောင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒီအရာဟာ ဒီနှစ်ပထမ ၄လတာကာလအတွင်း Apple မှ မှာယူခဲ့တဲ့ OLED panel ပမာဏကို လျှော့ချနိုင်ဖို့အတွက် ပေးဆောင်ရတဲ့ ဒဏ်ကြေးတစ်ရပ်ဖြစ်ပါတယ်။
ထိုသို့ဖြစ်ပွားခဲ့ရခြင်းရဲ့ အကြောင်းအရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် iPhone ရောင်းအားများလျော့ကျသွားခြင်းကြောင့်ဖြစ်ပြီး ထိုအချိန်က တရုတ်ပြည်ရှိစက်ရုံများနဲ့ ကမ္ဘာတစ် ဝှမ်းရှိ Apple စတိုးဆိုင်များဟာပိတ်သိမ်းထားရတဲ့အတွက် ရောင်းအားများ ၈.၂ ရာခိုင်နှုန်းခန့်ထိုးကျ သွားတဲ့အတွက်ပဲဖြစ်ပါတယ်။
ထို့နည်းတူစွာပင် ပြီးခဲ့တဲ့နှစ်ကလည်း Apple ဟာ အမေရိကန်ဒေါ်လာ ၆၈၄ မီလီယံကို အဆိုပါ တောင်ကိုရီးယားကုမ္ပဏီကြီးကိုပေးဆောင်ခဲ့ရပါသေးတယ်။
ဒါကြောင့်ပဲ Apple ဟာ panel supplier ကို BoE သို့ပြောင်းလဲရန် ဆန္ဒရှိနေတာဖြစ်နိုင်ပါတယ်။ သို့သော်လည်း ထိုကုမ္ပဏီရဲ့ အစိတ်အပိုင်းများဟာ အရည်အသွေးစစ်ဆေးမှုကိုအောင်မြင်ခြင်းမရှိ ခဲ့တဲ့အတွက် Apple ဟာ Samsung နဲ့ သာ ဆက်လက်ပြီး လက်တွဲလုပ်ဆောင်နေရဦးမှာဖြစ်ပါ တယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။