ချိတ်ဆွဲရန်စာတန်း: News-A14-Apple-QualcommSnapdragon-JobsInYangon
စမ်းသပ်ချက်များအရ A14 Bionic ဟာ Snapdragon 888 ထက် ပိုမိုကောင်းမွန်ကြောင်းတွေ့ရှိခဲ့ရ
Apple မှ လွန်ခဲ့သော တစ်လခန့်အတွင်း သူတို့ရဲ့ A14 Bionic chipset ပါဝင်လာတဲ့ iPhone 12 စီးရီးများကို စတင်ထုတ်လုပ်ပေးခဲ့ပါတယ်။ ယခင်ကထုတ်လုပ်ခဲ့သော A13 Bionic chipset များဟာဆိုရင် ဈေးကွက်အတွင်းရှိ mobile processor အတော်များများထက်ပိုမိုမြန်ဆန်၍ စွမ်းဆောင်ရည်ကောင်းမွန်သော်လည်း ယခုအသစ်ပါဝင်လာတဲ့ A14 Bionic များဟာဆိုရင်တော့ဖြင့် စံချိန်အသစ်တင်ရလောက်အောင်ပင် Performance ပိုင်းမှာ ကောင်းမွန်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ကိန်းဂဏ္ဍန်းများအရတော့ Qualcomm ရဲ့ အသစ်ထွက်ရှိလာတော့မယ့် Snapdragon 888 ဟာတောင်မှ A14 ကိုလိုက်မမှီနိုင်ဘူးဟူ၍ ဆိုထားခဲ့ပါတယ်။ အစောပိုင်းစမ်းသပ်ချက်များအရမှာလည်း Qualcomm ရဲ့ Snapdragon 888 ဟာ Android ဖုန်းများအကြားတွင် အကောင်းဆုံးရမှတ်များကို ရရှိခဲ့သော်လည်း Apple ရဲ့ A14 Bionic နှင့် နှိုင်းယှဉ်လိုက်ပါက single နှင့် multi-core performance များတွင် ပိုမို၍ ရမှတ်နည်းနေခဲ့ပါတယ်။
Snapdragon 888 ဟာ Performance အပိုင်းမှာ Apple ရဲ့ A14 Bionic ကိုရှုံးနိမ့်ခဲ့ရုံတင်မကပဲ ယခင်နှစ်က ထုတ်လုပ်ထားတဲ့ A13 Bionic processor ကိုပါရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ သို့ပါသော်လည် Snapdragon 888 ဟာ ယခင်နှစ်က Qualcomm မှ ထုတ်လုပ်ခဲ့တဲ့ Snapdragon 865 နှင့် နှိုင်းစာလျှင်တော့ ပိုမို၍ ကောင်းမွန်တိုးတက်မှုရှိလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။