Jobs In Myanmar
Load...

အဝေးမှအလုပ်လုပ်နေတဲ့ဝန်ထမ်းများကို Onboarding ပြုလုပ်ပေးနိုင်မည့် အကောင်းဆုံး လုပ်ဆောင်ချက်များ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Onboarding-Remote-Employees-JobsInYangon



အဝေးမှအလုပ်လုပ်နေတဲ့ဝန်ထမ်းများကို Onboarding ပြုလုပ်ပေးနိုင်မည့် အကောင်းဆုံး လုပ်ဆောင်ချက်များ 

 

ဝန်ထမ်းများကို Onboarding ပြုလုပ်ပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်များထဲက တစ်ခုကတော့ ဝန်ထမ်းအသစ်များကို သူတို့ရဲ့အလုပ်ခွင်အသစ်ပတ်ဝန်းကျင်အတွင်းရှိ လူမှုဆက်ဆံရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာ မျှော်မှန်းချက်တို့ဖြင့် အသားကျစေရန်၊ ဝန်ထမ်းများအနေနဲ့ သက်ဆိုင်ရာအခန်းကဏ္ဍများတွင် ထိထိရောက်ရောက်နဲ့ သက်သောင့်သက်သာရှိစွာဖြင့် လုပ်ငန်းတာဝန်များကိုထမ်းဆောင်နိုင်စေရန်အတွက်ပဲဖြစ်ပါတယ်။ ပိုမိုများပြားသောကုမ္ပဏီများဟာ အဝေးမှအလုပ်လုပ်ပေးနိုင်တဲ့ ဝန်ထမ်းများကို ဌားရမ်းဖို့ ရွေးချယ်လာကြသည်နှင့်အမျှ သူတို့ရဲ့ “virtual employee” များအတွက် အထက်ဖော်ပြပါရည်မှန်းချက်ကို ပြည့်မှီအောင်ပြုလုပ်ပေးနိုင်မည့် onboarding လုပ်ငန်းစဉ်တစ်ခုကို ဖန်တီးပြုလုပ်ပေးရန်အတွက် အခက်အခဲများနဲ့ တွေ့ကြုံလာရပါတော့တယ်။ 

သင့်ရဲ့ဝန်ထမ်းအသစ်များကို လူကိုယ်တိုင်တွေ့ဆုံ၍ကြိုဆိုပေးခြင်းအားဖြင့် မေးခွန်းများကို ဖြေကြားဖို့၊ အဖွဲ့ဝင်များနဲ့ တွေ့ဆုံဖို့နဲ့ သူတို့အနေနဲ့ တစ်ဦးနဲ့တစ်ဦး မည်သို့ပြောဆိုဆက်ဆံရမည်ကို သိရှိနိုင်ဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။ သို့သော်လည်း ဦးဆောင်သူ (leader) များနဲ့ သူတို့မှ ခေါ်ယူလာတဲ့ဝန်ထမ်းအသစ်များအနေနဲ့ new normal နဲ့ တွေ့ကြုံနေရပြီး COVID-19 ဗိုင်းရပ်စ်ဟာ များစွာသောဝန်ထမ်းများကို အိမ်မှတဆင့် အလုပ်လုပ်ဖို့ ဖိအားပေးသလိုဖြစ်စေခဲ့ပါတယ်။ မတူညီတဲ့ time zone များနဲ့ နေရာများတွင် နေထိုင်နေကြတဲ့ ဝန်ထမ်းအသစ်များဟာ လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးနိုင်မယ့် အားသာချက်မျိုးမရှိပါဘူး။ ယခုအခါမှာ ဝန်ထမ်းအသစ် အများစုအနေနဲ့ ဒီအားနည်းချက်ကို တွေ့ကြုံနေရပါတယ်။ အိမ်မှတဆင့်အလုပ်လုပ်နေသူများအဖို့ ကုမ္ပဏီရဲ့အစဉ်အလာများနဲ့ကိုက်ညီမှုရှိစေရန် ချိန်ညှိနိုင်ဖို့နဲ့ ကုမ္ပဏီအတွင်း မည်သို့အလုပ်လုပ်ကိုင်ကြသလဲဆိုတာနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားသောအရာများ၊ ထုတ်ဖော်ပြောကြားစရာမလိုပဲ သိရှိထားသင့်သည့် အရာများကိုလည်း သိရှိနိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ အထူးသဖြင့် သင်ဌားရမ်းခေါ်ယူလိုက်တဲ့ အဝေးမှအလုပ်လုပ်ကိုင်ပေးရမည့်ဝန်ထမ်းများဟာ အဝေးမှအလုပ်လုပ်ကိုင်ပေးရခြင်းကို အသားကျမနေတဲ့အခါမျိုးတွင် ဒီအရာက ပို၍ပင် ခက်ခဲမှုရှိလာနိုင်ပါတယ်။ 

လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးနိုင်ခြင်းအားဖြင့် နားလည်မှုများကိုတည်ဆောက်နိုင်ဖို့ အခွင့်အရေးမရနိုင်ခြင်းဟာ ဝန်ထမ်းအသစ်များအတွက် ကောင်းမွန်တဲ့အခြေအနေတစ်ခု မဟုတ်ပါဘူး။ သို့သော်လည်း ဒီနေရာမှာ အဝေးမှအလုပ်လုပ်ကိုင်နေရတဲ့ဝန်ထမ်းများရဲ့ အားနည်းချက်များကို အနည်းဆုံးဖြစ်အောင်လျှော့ချပေးနိုင်စေမည့် onboarding program များကို ကြိုတင်စီစဉ်ထားနိုင်မည့် နည်းလမ်းများရှိနေပါတယ်။ အောက်ပါအချက်များတွင် အဝေးမှအလုပ်လုပ်ကိုင်ပေးရမည့်ဝန်ထမ်းများကို onboarding ပြုလုပ်ပြီး သူတို့အား သင့်ကုမ္ပဏီရဲ့ အစဉ်အလာများကို မိတ်ဆက်ပေးနိုင်စေဖို့ရာအတွက် အကောင်းဆုံးလုပ်ဆောင်ချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ် - 

 

မျက်နှာချင်းဆိုင် ဆက်သွယ်ပြောဆိုမှုများ/ ချိတ်ဆက်မှုများ

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သင့်အနေနဲ့ အဝေးမှအလုပ်လုပ်ကိုင်ပေးရမည့် ဝန်ထမ်းများကို ပထမဆုံးစတင်အလုပ်လုပ်ရမည့် ရက်သတ္တပတ်တွင် ရုံးချုပ်သို့ ခေါ်ယူမှု ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ သို့ပေမယ့် video conferencing နဲ့ internal messaging software များကို အသုံးပြုပြီး သင်ခေါ်ယူလိုက်တဲ့ဝန်ထမ်းအသစ်အား အခြားလုပ်ဖော်ကိုင်ဖက်များနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းအသစ်အနေနဲ့ စကားပြောဆိုရာတွင်ပိုမို၍ သက်တောင့်သက်သာရှိလာစေမှာဖြစ်ပြီး တစ်ကိုယ်ရည်ရင်းနှီးမှုများကိုလည်း တည်ဆောက်နိုင်စေမှာပဲဖြစ်ပါတယ်။ Video conferencing ပြုလုပ်ပေးခြင်းဟာ ဝန်ထမ်းများကို eye contact ရရှိစေမှာဖြစ်ကာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုမှု ပြုလုပ်ရာတွင် အရေးကြီးတဲ့ မျက်နှာအမူအယာများကိုလည်း တွေ့ရှိနိုင်စေမှာပဲ ဖြစ်ပါတယ်။ 

Virtual worker များအတွက် သင့်ရဲ့ Organization ဟာ ဘယ်လိုရှိနေသလဲ၊ ဘယ်လိုမျိုး operate ပြုလုပ်နေသလဲဆိုတာတွေကို သိရှိနိုင်စေဖို့ဟာလည်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ယခုကဲ့သို့သော အချိန်ကာလမှာ လူတိုင်းဟာ အဝေးမှသာအလုပ်လုပ်ပေးနေကြရပေမယ့် ဒီအရာဟာ တဖြည်းဖြည်းပြန်လည်ပြောင်းလဲလာမှာဖြစ်လို့ပါပဲ။ အကယ်၍ သင့်ရဲ့ရုံးခန်းအတွင်းပိုင်းကိုရိုက်ကူးထားတဲ့ ဓါတ်ပုံများနဲ့ Video များရှိနေနှင့်ပြီးဖြစ်ပါက အဝေးမှအလုပ်လုပ်ကိုင်ပေးရမည့် ဝန်ထမ်းများကို ကုမ္ပဏီရဲ့ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် virtual tour များကိုလည်း စီစဉ်ပေးနိုင်မှာဖြစ်ပါတယ်။ လတ်တလောရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုမဟုတ်ရင်တောင်မှ remote worker များအနေနဲ့ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်များအလုပ်လုပ်ကိုင်နေကြပုံကို virtual walkthrough တစ်ခုအတွင်းတွင် တွေ့မြင်ကြရတဲ့အခါမှာ တစ်ဦးတည်းနေထိုင်ရသည်ဟုခံစားရမှုများ (feelings of isolation) ကို အနည်းငယ်လျှော့ချပေးနိုင်စေပါလိမ့်မယ်. 

 

မျှော်မှန်းချက်များကို သတ်မှတ်ပေးပါ 

ဝန်ထမ်းအသစ်များ စတင်၍အလုပ်မလုပ်မှီတွင် သင့်ရဲ့မျှော်မှန်းချက်များကို ရှင်းလင်းစွာဖွင့်ဟပြောဆိုထားပါ။ ဝန်ထမ်းများကို Onboarding ပြုလုပ်ရာတွင် သူတို့ရဲ့ တာဝန်များကို ရှင်းလင်းစွာဖော်ပြပြောဆိုပေးခြင်းဟာ အောင်မြင်စွာဝန်ထမ်းခေါ်ယူမှုပြုလုပ်နိုင်စေရန်အတွက် အရေးကြီးတဲ့ အခြေခံအချက်တစ်ခုပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်ရော remote worker များဘက်ကပါ ကုမ္ပဏီရဲ့ value များ၊ အဖွဲ့အလိုက် ရည်မှန်းချက် (team objective) များနဲ့ တစ်ဦးချင်း ရည်မှန်းချက် (individual goal) များကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ သင့်အနေနဲ့လည်း လေ့ကျင့်သင်ကြားပေးခြင်း, ပြန်လည်အကဲဖြတ်ခြင်းနှင့် သတ်မှတ်ထားတဲ့ရည်မှန်းချက်များကို ဆောက်ရွက်နိုင်စေရန်အတွက် အချိန်ကာလအပိုင်းအခြားများကို သတ်မှတ်ဖော်ဆောင်ထားသင့်ပါတယ်။ 

ဝန်ထမ်းအသစ်များအနေနဲ့ သူတို့လုပ်ကိုင်ရမယ့်အလုပ်များနဲ့ အလုပ်လုပ်ရာတွင် အသုံးပြုရမည့် system များကို ကောင်းစွာနားလည်သဘောပေါက်မှုရှိရဲ့လားဆိုတာကို သင့်ဖက်က ပြန်လည်စစ်ဆေးအတည်ပြုပေးရပါမယ်။ နောက်ထပ်ရောက်လာနိုင်သော လုပ်ငန်းပရောဂျက်များ၊ Organization ရဲ့ ခေါင်းဆောင်သူများနဲ့ ဝန်ထမ်းများအသုံးပြုနိုင်ရန် ဝေဌပေးထားတဲ့ resource များအကြောင်းကိုလည်း အသိပေးပြောကြားပေးလိုက်ပါ။ 

Team meeting များကိုတက်ရောက်နိုင်ရန်အတွက် အားလပ်ချိန်များကို ထည့်သွင်းရေးဆွဲထားပါ။ ဝန်ထမ်းအသစ်များကို သင့်ရဲ့ onboarding လုပ်ငန်းစဉ်နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းများကို ဝေဌပေးပါ။ ဒါမှသာ သူတို့အနေနဲ့ ဒီအရာကို လမ်းညွှန်အဖြစ်အသုံးပြုပြီး အချို့သောအရာများအတွက် အဖြေရှာခြင်း၊ လမ်းညွှန်ချက်များကို ရှာဖွေခြင်းတို့အား ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

 

ဝန်ထမ်းအသစ်များကို လက်ကမ်းကြိုဆိုပေးပါ 

အဝေးမှအလုပ်လုပ်ရခြင်းဟာ ပုံမှန်အတိုင်း shared workspace တွင် အလုပ်လုပ်ရခြင်းနှင့် အသားကျနေပြီးသားသူများအဖို့ အခက်အခဲများရှိလာစေနိုင်ပါတယ်။ ဒီအတွက်ကြောင့် အသစ်ခေါ်ယူလိုက်တဲ့ အဝေးမှအလုပ်လုပ်ကိုင်ပေးမည့်ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့အတွေးအမြင်များကို ထုတ်ဖော်ပြောကြားနိုင်ရန်လုံလောက်တဲ့ သက်တောင့်သက်သာရှိမှုမျိုးရှိနေစေရန် သင့်ဖက်ကဖန်တီးပေးရပါမယ်။ သူတို့ဟာ သင့်ကုမ္ပဏီနဲ့ ကိုက်ညီမှုရှိတယ်လို့ Remote employee များအနေနဲ့ ခံစားလာရတဲ့အခါမှာ ရလာဒ်ကောင်းများကို ရရှိလာစေမှာပဲဖြစ်ပါတယ်။ 

ဝန်ထမ်းအသစ်များဟာ team တစ်ခုအတွင်း အသုံးဝင်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာစေဖို့ဟာ အရေးကြီးလှပါတယ်။ သူတို့ကို အခြားသောအဖွဲ့ဝင်များနဲ့ မိတ်ဆက်ပေးခြင်း၊ မည်သည့်နေရာတွင် အကူအညီများရယူနိုင်သည်ကိုအသိပေးခြင်း၊ ဆက်ဆံရေးများနဲ့ ရင်းနှီးမှုများကို တည်ဆောက်ခြင်း အစရှိသည်တို့ဟာ အလုပ်အပေါ်စိတ်ကျေနပ်မှုရရှိစေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်များကောင်းမွန်မှုရှိလာစေရန်အတွက် အရေးကြီးတဲ့အရာများပဲဖြစ်ပါတယ်။  

အခြားသောအဖွဲ့ဝင်များမှလည်း ဝန်ထမ်းအသစ်အား လက်ခံကြိုဆိုပေးကြစေရန်အတွက် သေချာစွာပြုလုပ်ထားပါ။ ဝန်ထမ်းအသစ်ကို ဝါရင့်ဝန်ထမ်းများ၊ အဖွဲ့ဝင်များနဲ့ မိတ်ဆက်ပေးပြီး လုပ်ငန်းရည်မှန်းချက်များနဲ့ value များအကြောင်းကို သင်ယူမှုပြုလုပ်ရန်အတွက် မှာကြားပါ။ 

 

Onboarding လုပ်ငန်းစဉ်ကို ပိုမိုချောမွေ့မှုရှိစေရန် ပြုလုပ်ခြင်း 

သင်ထည့်သွင်းလိုက်တဲ့ လုပ်ငန်းစဉ်အသစ်တစ်ခုစီတိုင်းအတွက် ထိုအရာများရဲ့ အကျိုးသက်ရောက်ပုံနဲ့ ရလာဒ်များကို ပြန်လည်၍ သင့်အနေနဲ့ အကဲဖြတ်စစ်ဆေးမှုများကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ လက်ရှိဝန်ထမ်းများနဲ့ ဝန်ထမ်းအသစ်များဟာ Onboarding လုပ်ငန်းစဉ်အတွင်း မည်သို့ဆက်ဆံမှုများပြုလုပ်ကြသည်ကို မှတ်တမ်းတင်ထားပြီး အကဲဖြတ်လေ့လာမှုများပြုလုပ်ပါ။ အဝေးမှအလုပ်လုပ်ရမည့်ဝန်ထမ်းများကို Onboarding ပြုလုပ်ပေးရာတွင် ဘယ်အရာတွေကထိရောက်မှုအရှိဆုံးလဲဆိုတာကိုလေ့လာပါ၊ တူညီသောအတွေ့အကြုံရှိခဲ့ဖူးသူများနဲ့ တိုင်ပင်ပါ။ 

Remote worker အသစ်များအနေနဲ့ သူတို့ရဲ့အလုပ်နေရာအသစ်တွင် အချိန်အနည်းငယ်မျှ နေသားကျသွားပြီးနောက်တွင် သင့်ရဲ့ onboarding နည်းဗျူဟာကြောင့် သူတို့အနေနဲ့ မည်သို့သောရလာဒ်များကို ရရှိခဲ့ကြောင်းကို မေးမြန်းကြည့်ပါ။ အစဉ်မပြတ်အကဲဖြတ်လေ့လာမှုများပြုလုပ်ခြင်းနဲ့ Onboarding လုပ်ငန်းစဉ်အား ပိုမိုတိုးတက်မှုရှိလာစေရန် ပြုလုပ်ပေးခြင်းအားဖြင့် သင့်အနေနဲ့ အဝေးမှအလုပ်လုပ်ပေးရမည့်ဝန်ထမ်းများကို သူတို့ရဲ့အလုပ်များနှင့် လျှင်မြန်စွာအသားကျလာစေနိုင်မှာဖြစ်ပြီး အနာဂါတ်တွင် အဝေးမှလုပ်ကိုင်ရမည့် ဝန်ထမ်းအသစ်များ ဌားရမ်းမှုများပြုလုပ်ရာတွင်လည်း ထိုအရာက အသုံးဝင်လာနိုင်မှာဖြစ်ပါတယ်။ 

မည်သည့်ဝန်ထမ်းအသစ်တိုင်းအတွက်မဆို Onboarding လုပ်ဆောင်ချက်ဟာ လွန်စွာအရေးကြီးတဲ့လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ သို့သော် အဝေးမှအလုပ်လုပ်ကိုင်သူဝန်ထမ်းများကို ဌားရမ်းခေါ်ယူရခြင်းတွင် သင့်ရဲ့ team ကိုတည်ဆောက်နိုင်စေရန်အတွက် တစ်မူထူးခြားတဲ့ အခက်အခဲများနဲ့ အခွင့်အလမ်းများလည်းရှိနေပါတယ်။ သင့်အနေနဲ့ team member အသစ်များကို ဖြစ်နိုင်ပါက ရုံးချုပ်သို့ အမြန်ဆုံးခေါ်ယူ၍ တွေ့ဆုံသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ video conferencing ကိုအသုံးပြု၍ လုပ်ဖော်ကိုင်ဖက်များနဲ့ ရင်းနှီးမှုရှိလာစေရန် စတင်လုပ်ဆောင်ပေးပြီး ဆက်ဆံရေးများကို စတင်တည်ဆောက်ပေးလိုက်ပါ။ ပထမဦးဆုံး အနေနဲ့လုပ်ဆောင်ရမယ့်အဆင့်ကတော့ သူတို့ကို လူမှုဆက်ဆံရေးနှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ မျှော်မှန်းချက်များကို သိရှိလာစေရန်ပြုလုပ်ပေးခြင်းဖြစ်ပြီး၊ ထို့နောက်တွင်မှ လှိုက်လှဲစွာကြိုဆိုမှုရှိခြင်းနဲ့ အကြံပြုချက်များကိုစုစည်း၍ Onboarding လုပ်ငန်းစဉ်ကို အကဲဖြတ်မှုများအားပြန်လည်ပြုလုပ်၍ သင့်ရဲ့ Onboarding လုပ်ငန်းစဉ်ကို ပိုမိုချောမွေ့မှုရှိစေရန် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ မကြာခဏဆိုသလိုပဲ သင့်အနေနဲ့ အကောင်းဆုံးသောအရည်အချင်းရှိသူများကို ရှာဖွေနိုင်ရန်အတွက် Local Job Candidate များထက် အခြားသောနေရာများမှလည်း ရှာဖွေရန်လိုအပ်မှာဖြစ်တဲ့အတွက် ဒီလိုပြုလုပ်ထားခြင်းဟာ သင့်ကုမ္ပဏီအတွက် အကျိုးရှိလာစေမှာဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်. 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)
ABC Convenience Store

ABC Convenience Store

With over 70 stores giving access to our customers and suppliers the opportunity to leverage their product on our network. We stress on providing and maintaining highest standard in product quality an...
Show the postings (6)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS