Jobs In Myanmar
Load...

ဗြိတိန်ရှိ သိပ္ပံပညာရှင်များမှ မျက်နှာကျက်ပေါ်တွင်တပ်ဆင်နိုင်သည့် COVID ကူးစက်နေသူများရှိပါက အချက်ပေးနိုင်သော Alarm တစ်ခုအား တီထွင်နိုင်ခဲ့

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-COVID-Alarm-British-JobsInYangon



ဗြိတိန်ရှိ သိပ္ပံပညာရှင်များမှ မျက်နှာကျက်ပေါ်တွင်တပ်ဆင်နိုင်သည့် COVID ကူးစက်နေသူများရှိပါက အချက်ပေးနိုင်သော Alarm တစ်ခုအား တီထွင်နိုင်ခဲ့

 

Sunday Times တွင်ရေးသားထားသော သတင်းတစ်ပုဒ်အရ ဗြိတိန်ရှိသိပ္ပံပညာရှင်များဟာ COVID ရောဂါကူးစက်ခံထားရသည့် မည်သူ့ကိုမဆို ရှာဖွေဖော်ထုတ်နိုင်ပြီး ၁၅ မိနစ်အတွင်း အချက်ပေးနိုင်မည့် မျက်နှာကျက်ပေါ်တွင် တပ်ဆင်နိုင်သော Alarm Device တစ်ခုကို တီထွင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ device ဟာ မီးခိုးအချက်ပြကိရိယာထက် အနည်းငယ်သာကြီးမားပြီး မြင့်မားတဲ့တိကျမှုရှိသော device တစ်ခုဖြစ်ကြောင်းကိုလည်း ရေးသားထားပြီး လေယာဉ်များ၊ စာသင်ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနှင့် ရုံးခန်းများတွင် COVID ရောဂါကူးစက်ခံထားရသူများကို စစ်ဆေးဖော်ထုတ်နိုင်စေမည့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်လာနိုင်ချေရှိနေပါတယ်။ 

လန်ဒန်မြို့ရှိ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အပူပိုင်းဒေသဆေးဝါးပညာသင်ကျောင်းနှင့် Durham တက္ကသိုလ်တို့မှ ပြုလုပ်ခဲ့တဲ့ အစောပိုင်းလေ့လာမှုများတွင်တွေ့ရှိချက်များအရ အဆိုပါ device ဟာ တိကျမှုရာခိုင်နှုန်း ၉၈ - ၁၀၀% အထိရှိတဲ့အတွက် Gold-standard PCR lab-based COVID-19 စစ်ဆေးမှုများကဲ့သို့ အားထားယုံကြည်ရနိုင်ပြီး အများပြည်သူအတွက် စစ်ဆေးနိုင်ရန် ပမာဏများစွာ ထုတ်လုပ်ဖြန့်ဝေပေးထားတဲ့ Lateral Flow Test များထက်လည်း ပိုမို၍မြန်ဆန်စွာ စစ်ဆေးပေးနိုင်စွမ်းရှိနေပါတယ်။ 

အဆိုပါ device ရဲ့ အာရုံခံကိရိယာကိုတော့ Cambridgeshire မှကုမ္ပဏီတစ်ခုဖြစ်တဲ့ Roboscientific မှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိနေသူများရဲ့ အရေပြားနှင့် အသက်ရှုထုတ်လိုက်သည့်အခါတွင် ထွက်ပေါ်လာသည့် chemical ဒြပ်ပေါင်းများကိုရှာဖွေဖော်ထုတ်ပေးနိုင်ရန် တီထွင်ထားခြင်းဖြစ်ပါတယ်။ ကြီးမားတဲ့အခန်းတစ်ခုအတွင်းရှိ လေထုအားစစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက် ၁၅ မိနစ်မှ မိနစ် ၃၀ ခန့်အထိကြာမြင့်မှာဖြစ်ပြီး ရလာဒ်များကိုတော့ ချိတ်ဆက်ထားတဲ့ Mobile ဖုန်း (သို့) ကွန်ပြူတာထံသို့ တမုဟုတ်ချင်း ပေးပို့နိုင်စွမ်းရှိပါတယ်။ ရေးသားဖော်ပြထားချက်များအရ လက်ရှိအချိန်တွင် အဆိုပါအာရုံခံကိရိယာ၏ တန်ကြေးမှာ ဗြိတိန်ပေါင် ၅,၀၀၀ ခန့်ကျသင့်နိုင်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS