Jobs In Myanmar
Load...

career-knowledge-performance-management-part-1

by Jasmine May ( HR Director- Myanmar Brewery Limited)


ချိတ်ဆွဲရန်စာတန်း: performance management- career knowlwedge-jobsinyangon.com



အားလုံးပဲ မင်္ဂလာပါရှင်။ ဒီတစ်ပတ်မှာတော့ JobsInYangon.Com နှင့် City FM တို့  ပူးပေါင်းတင်ဆက်နေကြဖြစ်တဲ့ Career Knowledge အစီအစဉ်မှာ ကူညီပါဝင်ပေးဖို့ Myanmar Brewery Limited မှ HR Director Ma Jasmin May ကို ဖိတ်ခေါ်ထားပါသည်။

ညိုလဲ့။ မင်္ဂလာပါ မရေ ။ အခုလို ညိုလဲ့တို့ရဲ့ Career Knowledge အစီအစဉ်မှာ ပါဝင်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်မ။

ယနေ့ခတ်မှာဆိုရင်တော့ လုပ်ငန်းခွင်မှာ Performance Management , role of performance management ဆိုတဲ့ Topic က အရမ်းကို popular ဖြစ်နေတယ်။ Business နဲ့ပက်သက်တဲ့ pressure ကလည်း အမြဲလိုလို များသထက်များလာပြီး organization မှာလည်း effective & efficient ဖြစ်တဲ့ Business strategy ကို လိုအပ်လာကြတယ်။ ဒီလို strategy တွေကို  အကောင်အထည်ဖော်ဖို့ဆို ညိုလဲ့နားလည်သလောက် organization မှာ performance ကောင်းကောင်းလုပ်နိုင်တဲ့ ဝန်ထမ်းတွေလိုအပ်လာမယ်။ ဒီလိုဝန်ထမ်းကောင်းတွေရဖို့ကလည်း Human Resources professional တွေက Performance Management ပိုင်းကို အလေးထားပြုလုပ်ကြရတယ်ဆိုတော့ ပထမဆုံးညိုလဲ့သိချင်တာက Performance Management ရဲ့ အရေးကြီးပုံနဲ့ Performance Management ဆိုတာဘာလဲဆိုတာကို ဆွေးနွေးပေးပါအုံးမ။

Ma Jasmine : ပထမဆုံးအနေနဲ့ Performance Management က  Organization မှာ ဘာကြောင့်လိုအပ်လဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။

 တိုးတက်ပြောင်းလဲလာသည့် ယနေ့ခေတ်အခါမှာ နိုင်ငံရေး စီးပွားရေး လူမှုရေး အစရှိတဲ့ အခန်းကဏ္ဍပေါင်းစုံများလည်း ခေတ်စနစ်နှင့်အညီ ပြောင်းလဲပြင်ဆင်တိုးတက်လာကြပါပြီ။ အထူး သဖြင့် စီးပွားရေးနယ်ပယ်တွင် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အညီ နေ့စဉ်အမျှတိုးတက်ဖွံ့ဖြိုးဖို့ ပြင်ဆင်ရလေ့ရှိပါတယ်။ အဖွဲ့အစည်းတိုးတက်မှုသည် ထိုအဖွဲ့ အစည်းရှိ ၀န်ထမ်းများ၏ တိုးတက်ဖွံ့ဖြိုးမှုနှင့် တိုက်ရိုက်အချိုးကျသည်ဟု ပြောလျှင် မမှားနိုင်ချေ။ ၀န်ထမ်းများတွင်မှ အရည်အချင်းပြည့်ဝပြီး စဉ်ဆက်မပြတ်တိုးတက်နေသော ၀န်ထမ်းများပိုင်ဆိုင် သည့်အဖွဲ့အစည်းသည် ပို၍ သာလွန်တိုးတက်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါတယ်။ ထိုသို့ အရည်အချင်း ပြည့်ဝနေသော ၀န်ထမ်းကောင်းများ စဉ်ဆက်မပြတ် ရှိနေစေရန်အတွက် Performance Management စနစ် သည် မရှိမဖြစ်လိုအပ်သည်ကို တွေ့မြင်ရမည်ဖြစ်ပါတယ်။ ဤ PM စနစ် အဖွဲ့အစည်းအတွင်း ကောင်းမွန်စွာအသက်ဝင်လှုပ်ရှားလည်ပတ်နေမှသာလျှင် မိမိတို့အဖွဲ့အစည်း အတွင်းရှိ ၀န်ထမ်းများ၏စွမ်းဆောင်ရည်များ တိုးတက်ဖွံ့ဖြိုးလာကာ ပြိုင်ဘက်အဖွဲ့အစည်းများ ထက် ကျော်လွန်အောင်မြင်နိုင်၍ တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်စီးပွားရေး နယ်ပယ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

ညိုလဲ့။ အဖွဲ့အစည်းတိုးတက်မှုသည် ထိုအဖွဲ့ အစည်းရှိ ၀န်ထမ်းများ၏ တိုးတက်ဖွံ့ဖြိုးမှုနှင့် တိုက်ရိုက်အချိုးကျပြီး အရည်အချင်းပြည့်ဝသောဝန်ထမ်းတွေအစဉ်မပြတ်တိုးပွားနေမှ ယနေ့ခတ်စီးပွားရေးနယ်ပယ်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်မယ်။ အဲ့ဒီလို အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းတွေရှိဖို့အတွက် Performance Management  အရေးကြီးပြီး PM က organization အတွက် မရှိမဖြစ်အရေးကြီးတာပေါ့နော်မမ။  ဒီအချက်လေးက အရမ်းကို မှတ်သားထားဖို့ကောင်းပါတယ်မ။

အဲ့တော့ ဆက်လက်ပြီးတော့ Performance Management ရဲ့ အဓိပ္ပာယ်ကိုလည်း ရှင်းပြပေးပါအုံးမ။

 Performance Management ကို မြန်မာလို သတ်မှတ်ကြည့်သော် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ စီမံခန့်ခွဲခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်မည်ဖြစ်သည်။ HR ကိုလေ့လာကြသူများဟာ အမြဲ Performance Management (PM) နဲ့ Performance Appraisal (PA) ကို မှားယွင်းထင်မြင်မိလေ့ရှိပါတယ်။ တကယ်တော့ PA က PM ရဲ့ အစိတ်အပိုင်းလေးတခုပဲဖြစ်ပါတယ်။ အခုတော့ PM ကိုသာအဓိကထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။

PM ရဲ့ definition ကိုလေ့လာတဲ့အခါ Human Resources Management အကြောင်း ရေးသားကြတဲ့ Author တွေရဲ့ အမြင်၊ အာဘော်အပေါ်မူတည်ပြီး အမျိုးမျိုး ရှိကြပေမဲ့လည်း အဓိက မူရင်း ကျောရိုးအဓိပါယ်တော့ ခြုံငုံလေ့လာလို့ရမှာဖြစ်ပါတယ်။

ထိုအထဲမှ Definition တခုကို တင်ပြရမယ်ဆိုရင် “Performance management is a process by which managers and employees work together to plan, monitor and review an employee’s work objectives and overall contribution to the organization” စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ စီမံခန့်ခွဲခြင်းဆိုသည်မှာ လုပ်ငန်းခွင်စတင်ဝင်ရာက်သည့်အချိန်မှ နှုတ်ဆက် ထွက်ခွာသည့်အချိန်ထိ မန်နေဂျာများနှင့် သက်ဆိုင်ရာဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီ၏ နှစ်စဉ် အဖွဲ့အစည်းတိုးတက်မှုဖြစ်ပေါ်လာစေရန်အတွက် ၀န်ထမ်းများ၏ လုပ်ဆောင်ရသော လုပ်ငန်း ရည်ရွယ် ချက်များကို အတူတကွ စီမံကိန်းရေးဆွဲခြင်း၊ ထိန်းညှိခြင်း၊ ပြန်လည်ဆန်းစစ်ခြင်း၊ လိုအပ်သော စွမ်းဆောင်နိုင်မှုများကို အပြန်အလှန်ဆွေးနွေးခြင်း အစရှိသည့်အရာများကို အတူတကွလုပ်ဆောင်ရသော လုပ်ငန်းစဉ်တရပ်ဖြစ်ပါတယ်။

ညိုလဲ့။ မဒါဆို Performance Appraisal က performance management ရဲ့ အစိတ်ပိုင်းတွေထဲက တစ်ခုပေါ့နော်။ နောက်ပိုင်းတွေကျရင်လည်း Performance Appraisal နဲ့ ပက်သက်ပြီးတော့လည်း ဆွေးနွေးပေးပါအုံးနော်မ။ အခုဆို PM ရဲ့ အဓိပ္ပါယ်ကို ပြောပြသွားပြီဆိုတော့ PM ကို ဘယ်လိုအချက်တွေပေါ်မှာ အခြေခံပြီး ရေးဆွဲလဲမ။ PM ရဲ့ အခြေခံစံနစ်ရေးဆွဲပုံကိုလည်း City FM ရဲ့ ပရိတ်သတ်ကြီး သိသွားအောင် ပြောပြပေးပါအုံးမ။

Ma Jasmine : အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိလာအောင် ဖြည့်စည်းနိုင်အောင် လုပ်ဆောင်ရမည့် ၀န်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်ဖွံ့ဖြိုးမှုကို အစဉ်တစိုက် စီစဉ်လုပ်ဆောင်ရသော လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် ၀န်ထမ်းများအနေဖြင့် မိမိကိုယ်ကို လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားသောဝန်ထမ်းအဖြစ် သက်သေပြ အသိအမှတ်ပြုခြင်းခံရဖို့အတွက် ကိုယ်တိုင်လိုအပ်မယ်ထင်သော သင်တန်းများကို တက်ရောက်နေပြီး လက်ရှိလုပ်ကိုင်နေသောအဖွဲ့အစည်း အတွက် မည်မျှအကျိုးပြုခြင်းမရှိခဲ့လျှင် ပေးဆပ်ခဲ့သည့်အချိန်များကို ဖြုန်းတီးခဲ့သလိုသဘောသက်ရောက် သွားနိုင်ပါတယ်။ ထို့နည်းတူ အဖွဲ့ အစည်း၏အနေဖြင့်လည်း မိမိတို့ သွားလိုသည့်ပန်းတိုင်ရောက်ရှိအောင် သွားတဲ့အခါမှ လိုအပ်သော စွမ်းဆောင်ရည် ကျွမ်းကျင်မှုများကို မိမိတို့ဝန်ထမ်းတိုင်း လိုက်ပါဆောင်ရွက် တိုးတက်လာစေရန်အတွက် လုပ်ငန်းစဉ်များ အစီအစဉ်များကို ဂရုတစိုက်သတ်မှတ်ပြဌာန်းရေးဆွဲထားမှ သာလျှင် အဖွဲ့အစည်းနှင့်ဝန်ထမ်းအကြား သဟဇာတရှိရှိ တိုးတက်ဖွံ့ဖြိုးလာနိုင်မှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ပြန်လည်ဆန်းစစ်ရာတွင် PM ကို မိမိတို့အဖွဲ့အစည်းမှာ ကျင့်သုံးရေးဆွဲ ဖို့အတွက် မိမိတို့အဖွဲ့အစည်းမှာ Corporate Objectives (အဖွဲ့အစည်းဆိုင်ရာရည်ရွယ်ချက်) ခိုင်မာစွာ ချမှတ်ထားဖို့ အတွက် လွန်စွာအရေးကြီးတယ်ဆိုတာ လေ့လာတွေ့ရှိမှာဖြစ်ပါတယ်။ Corporate Objectives ဆိုရာတွင် Vision (ရည်မှန်းချက်)၊ Mission (လမ်းစဉ်)၊ Values (စံထားမှုများ) အစရှိသည်တို့ ဖြစ်ပါတယ်။ ဒီ Corporate Objectives ကနေတဆင့် အဖွဲ့အစည်းရဲ့သွားလိုတဲ့လမ်းကြောင်းကို သတ်မှတ်ပြဌာန်းနိင်ကာ ပါဝင်သူဝန်ထမ်းများအားလုံး ခေါ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။

 

ညိုလဲ့။ မမပြောသွားတယ်။ Corporate Objectives ကနေတဆင့် အဖွဲ့အစည်းရဲ့သွားလိုတဲ့လမ်းကြောင်းကို သတ်မှတ်ပြဌာန်းနိင်ကာ ပါဝင်သူဝန်ထမ်းများအားလုံး ခေါ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ Corporate Objective က PM နဲ့ ဘယ်လို ဆက်နွယ်ပြီး တော့  PM ကို ပြုလုပ်အကောင်းအထည်ဖော်ရာမှာ Corporate Objective က ဘာလို့အရေးကြီးတာလဲဆိုတာလည်း ရှင်းပြပေးပါအုံးမ။

 

Ma Jasmine : Corporate Objectives (အဖွဲ့အစည်း၏ရည်ရွယ်ချက်ပန်းတိုင်များ) ကို တိကျထိမိစွာ ရေးဆွဲထားခြင်းသည် အဖွဲ့အစည်း၏အောင်မြင်မှုကိုရှေးရှုသွားနိုင်ယုံတင်မက ၀န်ထမ်းတစ်ဦးချင်းစီ၏ ရှိသင့်ရှိထိုက်သောအရည်အချင်းများ၊ ဌာနတခုချင်းစီ၏ လုပ်ဆောင်မှုရလဒ်များ၊ အစရှိသည်တို့ကိုပါ လမ်းညွှန်ပြဌာန်းနိုင်မှာဖြစ်ပါတယ်။ အဖွဲ့အစည်းတခုရဲ့ သတ်မှတ်ထားသော KPI (Key Performance Indicators) တွေ၊ ကျွမ်းကျင်မှုအရည်အချင်းတွေ၊ ပြုမူသင့်တဲ့ အမူအကျင့်တွေကို သတ်မှတ်တဲ့အခါ အဖွဲ့အစည်း၏ရည်ရွယ်ချက်ပန်းတိုင်များသာ တိကျသေချာစွာ မရေးဆွဲထားခဲ့ရင် ထွက်ပေါ်လာတဲ့ရလဒ် တွေက မိမိတို့လိုချင်တဲ့အောင်မြင်မှုကို ရရှိနိုင်မှာမဟုတ်ဘဲေ၀၀ါးစွာ ဝေးကွာနေမှာဖြစ်ပါတယ်။ Business corporation အောင်မြင်မှုရရှိစေဖို့အတွက် စွမ်းဆောင်ရည်များကိုစီမံခန့်ခွဲတိုးတက်စေဖို့အတွက် ဒီ Corporate Objectives တွေဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ယခုပြောပြမှုတွေကနေ မျက်ဝါးထင်ထင်မြင်တွေ့လာရမှာပါ။ အောင်မြင်နေတဲ့ Corporation တွေက အသေးစိတ်လေ့လာကြည့် မယ်ဆိုရင် သူတို့ဆီမှာ ခိုင်မာတဲ့ Corporate culture တခု၊ Corporate values တွေ၊ အစရှိတဲ့အရာတွေက နေ အခြေခံပြီး PM စနစ်ကြီးကို အကောင်အထည်ဖော်က အရည်အချင်းစဉ်ဆက်မပြတ်တိုးတက်နေတဲ့ ၀န်ထမ်းကောင်းများကြောင့်ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ခိုင်မာတဲ့ Corporate Objectives ကနေအခြေခပြီး စနစ်ကျနသော Performance Management တခုကို တည်ဆောက်ရာတွင် စဉ်ဆက်မပြတ် လေ့လာဖန်တီးကာ အသစ်သစ်သော ပြောင်းလဲမှုများနဲ့ လိုက်လျောညီထွေစွာ တည်ဆောက်သွားရမည်ဖြစ်ပါတယ်။ PM Cycle ကိုလေ့လာကြည့်မယ်ဆိုရင် Management လုပ်ထုံးလုပ်နည်းအတိုင်း PDCA (Plan-Do-Check-Act) ကို စနစ်တကျ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ PM ကိုစနစ်တကျလုပ်ဆောင်ခြင်းဖြင့် အဖွဲ့အစည်းအတွင်း ၀န်ထမ်းသစ်များရှာဖွေစုဆောင်းခြင်း၊ တိုးတက်ဖွံ့ဖြိုးမှုများအတွက် လေ့လာသင်ကြားပေးခြင်း၊ လုပ်ခလစာ များသတ်မှတ်ခြင်း အစရှိသည်ကိစ္စရပ်များအတွက် ထိရောက်မှုရှိသောဆုံးဖြတ်ချက်များချမှတ်နိုင်ရေး အတွက် အခြေခံတခုအဖြစ် ပံ့ပိုးကူညီလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ တိကျထိရောက်မှုရှိတဲ့အချက် အလက် တွေက အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ပန်းတိုင်များ ဖော်ဆောင်ရာတွင် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားပေးသွားမှာဖြစ်ပါတယ်။

ညိုလဲ့။ ဟုတ်ကဲ့။ အခုပြောပြသွားတာ တကယ်မှတ်သားဖွယ်ရာတွေပါမ။ညိုလဲ့တို့နိုင်ငံမှာဆို စီးပွားရေးလုပ်ငန်းတွေရဲ့ ၉၉.၄% ကို SME အဖြစ်သတ်မှတ်ထားကြတယ်။ SME လုပ်ငန်းတွေက market ထဲ မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့က တော်တော်ကို ရုန်းကန်ကြိုးစားနေကြရတယ်။ အဲ့လိုကြိုးစားနေချိန်မှာ ဒီ strategic ပိုင်းကျတဲ့ PM လိုကိစ္စကို အကောင်အထည်ဖော်ဖို့ဆိုတာ သူတို့အတွက် အလှမ်းဝေးနေကြတယ်ပေါ့နော်မ။ တစ်ချို့ဆို Corportate Cultutre၊ Corporate Value ဆိုတာကိုတော်နားလည်ကြမှာ မဟုတ်သေးဘူးဆိုတော့ SME လုပ်ငန်းတွေအတွက် PM နဲ့ ပက်သက်ပြီး အကြံဥာဏ်လေးနဲ့ Corportate Cultutre၊ Corporate Value တို့ရဲ့ ဥပမာလေးတွေကိုလည်း သိသွားအောင် အကျဉ်းချုံးပြီး ပြောပြပေးပါအုံးမ။

Ma Jasmine : Corporate Culture ဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ ပုံရိပ်ပါ။ ဝန်ထမ်းတွေက ကိုယ့်ရဲ့ အဖွဲ့အစည်းကို ဘယ်ပုံရိပ်ထင်ချင်လဲ၊ Employee First လား လူအဖွဲ့အစည်း မှာ ဘယ်လိုပုံထင်ချင်လဲစသဖြင့် culture တစ်ခုကို တည်ဆောက်ရမှာဖြစ်ပြီး အဲ့လိုတည်ဆောက်ရာမှာ corporate value ကအရေးကြီးပါတယ်။ ဥပမာ ဝန်ထမ်းတွေက customer first လား vision တွေ mission . value တွေပါဝင်ရမှာဖြစ်ပြီး Corporate objective တွေကနေတဆင့် မိမိသွားလိုရာလမ်းကြောင်းကို သွားနိုင်ဖြစ်ပါတယ်။

မညိုလဲ့။ အခု အမပြောပြသွားပြီးတဲ့နော်က PM က တော်တော်အရေးကြီးတာကို ညိုလဲ့နားလည်လာတယ်။ နောက်ပြီး တစ်ခါတစ်လေမှာ ညိုလဲ့တို့မှာ စံနစ်ကောင်းတွေ ဘယ်လောက်ရှိရှိ မသုံးတတ်ဘူး။ ဒီစံနစ်ရဲ့ အရေးကြီးပုံ။ အရေးပါပုံကို မသိရင်လဲ အောင်မြင်မှုကို ရရှိမှာမဟုတ်ဘူးနော်မ။ အဲ့တော့ ညိုလဲ့သိချင်တာ PM ရဲ့ အရေးကြီးပုံကိုလည်း သိချင်ပါသေးတယ်မ။ PM ရဲ့ အရေးကြီးပုံကိုလည်း ပြောပေးပါအုံးနော် မ။

Ma Jasmine : PM ထဲက အရေးကြီးတဲ့အခန်းကဏ္ဍတခုပြောပြရမယ်ဆိုရင် ၀န်ထမ်းများကို တိုင်းတာရခြင်းပင် ဖြစ်ပါတယ်။ စနစ်ကြီးဘယ်လောက်ကောင်းကောင်း၊ ခေတ်နဲ့အညီရေးဆွဲထားထား လုပ်ရည်ကိုင်ရည်ကို တိုင်းတာသည့် ညွန်ကိန်းများသာ (Indicators) အားနည်းချက်ဖြစ်ပေါ်ခဲ့လျှင် မိမိတို့ရဲ့ PM စနစ်ကြီးက ကျရှုံးသွားမှာဖြစ်ပါတယ်။ Indicators များကို ချမှတ်ရေးဆွဲရာတွင် SMART ဆိုတဲ့စကားလုံးကို မေ့လို့ရမှာ မဟုတ်ပါဖူး။ အားလုံးသိရှိထားတဲ့ SMART ပါပဲ။ S = Specific, M = Measurable, A = Acheivable, R = Realistic, T = Trackable ပဲဖြစ်ပါတယ်။ အားလုံးသိထားတဲ့ T နေရာလေးတော့ ကွဲလွဲမှုရှိကောင်းရှိပါ လိမ့်မယ်။ ဒီနေရာမှာ T = Trackable လို့သတ်မှတ်ရခြင်းက သတ်မှတ်ထားတဲအလုပ်ကို ပြန်လည်စစ်ဆေး နိုင်ခြင်းကို ဆိုလိုလိုခြင်း ဖြစ်ပါတယ်။ ယခုလိုတိုင်းတာရာတွင် နိစ္စဓူဝလုပ်ဆောင်ရသောအလုပ်ကို ပြီးမြောက်မှုရှိမရှိကို တိုင်းတာခြင်းမဟုတ်ဘဲ အဖွဲ့အစည်းတိုးတက်အောင်မြင်ဖို့အတွက် လုပ်ဆောင်ရ သော လုပ်ငန်းဆောင်တာကိစ္စအ၀၀ ထိထိရောက်ရောက် မြန်ဆန်တိကျစွာ လုပ်ဆောင်နိုင်မှုအပေါ် မူတည်၍ ဗျူဟာများ အသေးစိတ်ချမှတ်ရေးဆွဲပေါင်းစပ်ကာ ဖော်ဆောင်ရသည့်လုပ်ငန်းအောင်မြင်မှု များအပေါ် တိုင်းတာသင့်သည်ဟု မြင်မိပါတယ်။ ၀န်ထမ်းများကို စွမ်းဆောင်ရည်တိုင်းထွာရာတွင် ခက်ခဲမှုတွေရှိတတ်ပါတယ်။ လူဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး “ကျွမ်းကျင်မှု” တနည်းအားဖြင့် “တော်မှု” ကွဲပြားမှုရှိပါသည်။ ဖတ်ဖူးမိသော ပုံပြင်လေးတပုဒ်နဲ့ သာဓက ပြချင်ပါတယ်။ တခါက ရွှေငါးလေးနဲ့ ငွေငါးလေးတို့က မည်သူက အရောင် အသွေးလှသည်ကို ပြိုင်ကြတယ်။ အငြင်းအခုံဖြစ်ရင်း နောက်ဆုံး လိပ်ကြီးဆီမှာ အဆုံးအဖြတ် ခံယူကြတယ်။ လိပ်ကြီးဆုံးဖြတ်လိုက်သည်မှာ “ရွှေငါးကလည်း ရွှေရောင်ဝင်းဝင်းလှတယ်။ ငွေငါးကလည်း ငွေရောင်တလက်လက်နဲ့လှတယ်။ ဒါပေမဲ့ ငါ့လောက်တော့ ဘယ်ငါးမှ မ၀ိုင်းဖူး၊ ငါသာ အ၀ိုင်းဆုံးလို့” ဆိုပါတယ်။ ဒီပုံပြင်ကနေ ဥပမာပြန်ယူမယ်ဆိုရင် ငါးနှစ်ကောင်ကော လိပ်ကော သူ့အချင်း သူ့အဆင်းနဲ့လှကြတယ်။ ဒါပေမဲ့ အတော်ဆုံး၊ အလှဆုံး၊ အကောင်းဆုံးဟု သတ်မှတ်ကြရာတွင် မိမိကိုယ့်ရဲ့သတ်မှတ်ချက်ပေတံနဲ့သာ တိုင်းထွာတတ်ကြတယ်ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ၀န်ထမ်းများကို တိုင်းထွာရတဲ့သတ်မှတ်ချက်များကို ပြဌာန်းရာတွင် “တော်ခြင်း” နဲ့ “အံဝင်ခြင်း” တို့ကို ကွဲပြားသတ်မှတ်ဖို့လိုအပ်ပါတယ်။ တင်ပြချင်တာက Organization ရဲ့ Objectives က ဘာလဲဆိုတာကိုပဲ ပြန်လည်စဉ်စားရမှာဖြစ်ပါတယ်။ PM ရဲ့အစိတ်အပိုင်းဖြစ်တဲ့ Performance Appraisal ကို ရေးဆွဲရာတွင် အဆင့် (၆)ဆင့်ဖြင့် ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ပါတယ်။ (၁) တိုင်းတာမည့်စံညွှန်းများ သတ်မှတ်ခြင်း (၂) သတ်မှတ်ထားသောစံညွှန်းများအား ၀န်ထမ်းဖြင့် အတည်ပြုအသိပေးခြင်း (၃) စွမ်းဆောင်နိုင်မှုကိုတိုင်းတာခြင်း (၄) ရလဒ်များကိုစံနှုန်းဖြင့် နှိုင်းယှဉ်သတ်မှတ်ခြင်း (၅) ရလဒ်များကို ၀န်ထမ်းအား ဆွေးနွေးရှင်းပြခြင်း နှင့် (၆) သတ်မှတ်ရလဒ်များနှင့်အညီ ခံစားခွင့်များ ဆောင်ရွက်ပေးခြင်း အစရှိသည်တို့ကို အဆင့်ဆင့်လုပ်ဆောင်သွားရမည်ဖြစ်ပါတယ်။ အဖွဲ့အစည်းအများစုမှာ ၀န်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို ဆန်းစစ်ကြရာ၌ ၄င်းဝန်ထမ်းများ၏ အလုပ်တာဝန်ကျေပျွန်မှု၊ ရလဒ်ကောင်းမွန်မှုများအပေါ်သာ အခြေခံ၍ ဆန်းစစ်လေ့ရှိတတ်ပါတယ်။ မိမိတို့ အနေနဲ့ ၀န်ထမ်းများရဲ့ ပူပေါင်းလုပ်ဆောင်ခြင်း၊ အောင်မြင်လိုစိတ်ရှိခြင်း၊ ကျင့်ဝတ်ညီစွာရိုးသားဆောင်ရွက် တတ်ခြင်း အစရှိတဲ့ ပင်ကိုယ်ခံယူချက်များကိုပါ တိုင်းထွာသင့်သည်ကိုလည်း မြင်မိပါတယ်။ အလုပ်တာဝန် ပြီးမြောက်မှုကိုသာ မကြည့်ဘဲ တစ်ဦးတစ်ယောက်ချင်းဆီ၏ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တိုးတက်ပြောင်းလဲ မှုကိုပါ အဖွဲ့အစည်းအနေဖြင့် လမ်းပြခေါ်ဆောင်သွားဖို့အတွက် အလွန်အရေးကြီးပါတယ်။ အဖွဲ့အစည်း တခုရဲ့ ရင့်ကျက်မှု၊ အောင်မြင်မှု၊ တည်ငြိမ်မှုများ၏ ပြယုဒ်များသည် ထိုအဖွဲ့အစည်းမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းတယောက်ချင်းဆီ၏ ခံယူချက်များဖြင့် ထင်ဟပ်နိုင်ပါတယ်။ ထို့ကြောင့် ၀န်ထမ်းများကိုလည်း အလုပ်ပိုင်းဆိုင်ရာ တိုးတက်အောင်မြင်မှုကိုသာမက ခံယူချက်ပိုင်းဆိုင်ရာများပါ ရင့်ကျက်ဖြစ်ထွန်းလာစေ ရန်လည်း အဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်တိုင်းတာသင့်ပါသည်။

အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုနားဆင်ပေးကြပါအုံးနော်။

ရေးသားတင်ဆက်သူ
Ms Jasmine May
HR Director
Myanmar Brewery Limited

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Definity Group of Co.,Ltd

Definity Group of Co.,Ltd

Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
MalarMyaing Public Company Limited

MalarMyaing Public Company Limited

To become a total solution provider in Myanmar Agribusiness and ultimately uplifting the well-being of every stakeholder in the whole industry. တောင်သူလယ်သမားများ...
Show the postings (18)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS