ချိတ်ဆွဲရန်စာတန်း: News-Battery-Cars-Industry-JobsInYangon
တရုတ်ဘက်ထရီထုတ်လုပ်မှုကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ CATL ဟာ ဘက်ထရီနည်းပညာပိုမိုတိုးတက်အောင် ပြုလုပ်ဖို့အတွက် ပုဂ္ဂလိကရှယ်ယာများရောင်းချပြီး ဘဏ္ဍာငွေရှာဖွေရန် စီစဉ်လျှက်ရှိ
Reuters မှ သတင်းတစ်ပုဒ်အရ တရုတ်ဘက်ထရီကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ CATL မှ ၎င်းတို့ဟာ ပုဂ္ဂလိကရှယ်ယာများရောင်းချပြီး ယွမ်ငွေ ၅၈.၂ ဘီလျံ (ကန်ဒေါ်လာ ၈.၉၈ ဘီလျံ) ကိုရှာဖွေရန်စီစဉ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ အဆိုပါငွေကြေးများကို ၎င်းတို့ရဲ့ lithium-ion ဘက်ထရီထုတ်လုပ်မှုအား ပိုမိုတိုးတက်မှုရှိလာစေရန်အတွက် ရည်ရွယ်ဆောင်ရွက်သွားမည့် ပရောဂျက် ၆ ခုအား ပြန်လည်ထောက်ပံ့သွားမှာဖြစ်ပါတယ်။
Ningbo ပြည်နယ်အခြေစိုက် CATL ကုမ္ပဏီကြီးရဲ့ အဆိုပါရံပုံငွေရှာဖွေရေးလုပ်ဆောင်ချက်ဟာ တရုတ်နိုင်ငံနှင့် ဂျာမဏီနိုင်ငံရှိ သူတို့ရဲ့ ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်ရန် ရည်ရွယ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံ Fijian, Zhejiang နှင့် Guangdong ပြည်နယ်များတွင် ဘက်ထရီစက်ရုံများတည်ဆောက်ခြင်းနှင့် အမြတ်ငွေတိုးပွားမှု ရှိစေရေးတို့တွင် အသုံးပြုသွားမှာဖြစ်ကြောင်းကို CATL မှ ပြီးခဲ့တဲ့ကြာသပတေးနေ့ (ဩဂုတ်လ ၁၂ ရက်နေ့) တွင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်တစ်ခုလုံးဟာ လျှပ်စစ်ယာဉ်များထုတ်လုပ်ရေးထံသို့ ဦးတည်လာပြီဖြစ်တဲ့အတွက် ရရှိလာတဲ့ဘဏ္ဍာငွေများကို စွမ်းအင်သိုလှောင်မှုစက်ရုံများတွင်အသုံးပြုနိုင်မည့် ဘက်ထရီနည်းပညာအသစ်များကိုရှာဖွေရန်လည်း အသုံးပြုသွားမှာဖြစ်ပါတယ်။ ယခုအခါ CATL ဟာ လျှပ်စစ်ကားများတွင် အသုံးပြုသည့် ဘက်ထရီများကို နာမည်ကျော်မော်တော်ကားထုတ်လုပ်သူများဖြစ်တဲ့ Tesla, Volkswagen နှင့် Geely ကုမ္ပဏီများသို့ ထောက်ပံ့ရောင်းချပေးလျှက်ရှိနေပါတယ်.
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။