Jobs In Myanmar
Load...

Online မှ တဆင့် အလုပ်လျှောက်တဲ့အခါ Online CV Brand/Reputation ကောင်းအောင် ဘယ်လိုလုပ်မလဲ။

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: CV-Online Job Portal-Online Job Portal-jobsinyanmyanmar



ညိုလဲ့တို့ professional network ကို တိုးချဲ့တဲ့အခါ ( extend) လုပ်တဲ့အခါမှာ online ကို အသုံးပြုပြီး မိမိကိုယ်ကို marketing လုပ်တာ တနည်းပြောရရင် online မှာ CV တင်၊ online ကနေ အလုပ်လျှောက်တာက ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပါ။ powerful ဖြစ်တာပေါ့မရယ်။ မိမိ online မှာ လုပ်တဲ့အရာအားလုံး က self-marketing လုပ်တဲ့ပုံစံတစ်ခုပေါ့။ မိမိရဲ့ profile ကို online မှာ publish လုပ်လိုက်တာနဲ့ ကိုယ့်ရဲ့ Brand/ reputation ကို တည်ဆောက်ပြီးသားဖြစ်သွားပါပြီ။

နောက်ပြီးတော့ online မှာ အလုပ်လျှောက်တဲ့လူကြီးမင်းတွေဖြည့်ထားတဲ့ attitude, စိတ်ဝင်စားမှု နှင့် skill တွေကို ကြည့်ပြီး  အဲ့ဒါနဲ့ပက်သက်တဲ့ သဲလွန်စတွေကိုရှာဖို့ Recruiter ဖြစ်တဲ့ အင်တာဗျူးလုပ်တဲ့သူပဲဖြစ်ဖြစ်၊ executive search က recruiter ပဲဖြစ်ဖြစ်သူတို့အနေနဲ့ ဆုံးဖြတ်ဖို့က သိပ်ပြီးမလွယ်ကူပါဘူးမ။ နောက်ပြီး အလုပ်လျှောက်သူတွေ ပေးတဲ့ ဒီ အချက်အလက်တွေကလည်း online CV reputation အတွက် မရှိမဖြစ်ဖြည့်ရမှာဖြစ်သလို အလုပ်ရှာဖွေသူတွေအနေနဲ့လည်း မိမိရဲ့ Online CV Reputation ကို ပြသနိုင်ဖို့ ဒီ attitude, interest နဲ့  skill တွေက အရေးလည်းကြီးပါတယ်ရှင့်။

(၁) Take Charge of Your Brand ဖြစ်တဲ့ မိမိ Brand အတွက် မိမိက တာဝန်အရှိဆုံးဖြစ်ပြီး ၄င်းတာဝန်အတွက် ဂရုစိုက်သတိပြုရမှာပါ။
Brand တစ်ခုကို တည်ဆောက်တဲ့အနေနဲ့ပြောရရင် အရမ်းကို အောင်မြင်နေတဲ့ online communicators တွေက Brand ကို တည်ဆောက်ဖို့ ကို တွေးကြတယ်။ သူတို့ရဲ့ Career reputation က online မှာတင်မဟုတ်ဘူး on the line ဖြစ်တဲ့ risk ဆိုတဲ့ အနာဂတ်မှာ ဖြစ်နိုင်တဲ့ အန္တရယ်အတွက်ကိုပါ သူတို့က သိထားပြီးသားဖြစ်နေပါတယ်။ ကိုယ့်ရဲ့ brand ကို စတင်ဖန်တီးတော့မယ်ဆိုရင် ပြီးစလွယ်မလုပ်သင့်ပါဘူးမ။ Online ကနေ communicate လုပ်တော့မယ်ဆိုရင် မိမိကိုယ်ကို အကောင်းဆုံး present လုပ်သင့်ပါတယ်။ ဘာလို့လဲ့ဆိုတော့ website တွေကနေ CV တင်တာပဲဖြစ်ဖြစ်၊ အလုပ်လျှောက်တာပဲဖြစ်ဖြစ် အဲ့ဒါတွေက ကိုယ့်ရဲ့ Brand နဲ့ reputation ကို ကောင်းမွန်အောင်ပြုလုပ်ပေးမယ့် အခွင့်အေရးတွေဖြစ်လာမှာမို့ပါရှင့်။ အများစုဆို ပြီးစလွယ်လေးပဲလုပ်လိုက်ကြတာ။ on the line ဖြစ်တဲ့ career risk ကို မသိလို့ မတွေထားလို့။ အဲ့ဒါမို့ မိမိ Brand အတွက် မိမိက တာဝန်အရှိဆုံးဖြစ်ပြီး ၄င်းတာဝန်အတွက် ဂရုစိုက်သတိပြုပြီး သေချာပြုလုပ်ဖို့ အကြံပေးချင်ပါတယ်ရှင့်။

(၂ )   Get Good Content Out There ( ကောင်းမွန်တဲ့ အကြောင်းအရာကိုသာ ဖော်ပြပါ)။
ပြောချင်တာကတော့ Facebook မှာလိုstatus တင်တာတို့ တခြား instragram မှာ သုံးတာတွေလိုမျိုး ဖြည့်ပြီး career risk ကို မယူပါနဲ့၊ မဖြည့်ပါနဲ့လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ online CV and online job application က မိမိရဲ့ career အတွက် ဖြစ်ပြီး လူကြီးမင်းရဲ့ skill တွေ၊ လူကြီးမင်းက good communicator ဖြစ်တ်ာဆိုတာကိုပါ ပြသနိုင်တဲ့အတွက် မိမိရဲ့ quality နဲ့ skill တွေကို တကယ်ပြသနိုင်တဲ့ content တွေကိုသာဖြည့်ပါလို့ အကြံပေးချင်ပါတယ်ရှင့်။

( ၃ ) နောက်တစ်ချက်ကတော့Take Your Place on a Global Stage ( အလုပ်ရှာဖွေသူတွေအနေနဲ့ မိမိကိုယ်ကို ကမ္ဘာ့အဆင့်နေရာမှာထားပါ) ဆိုတဲ့အချက်ပါ။
အလုပ်ရှာဖွေသူလူကြီးမင်းတွေကို ပြောချင်တာက အခုဆို Foreign Direct Investment company တွေကဝင်လာပြီ။ အလုပ်အကိုင်အခွင့်အလမ်းတွေက များလာသလို qualified ဖြစ်တဲ့သူတွေကိုရှာလာပြီး။ အဲ့ဒီအခါမှ ကိုယ်က international standard နဲ့လုပ်ကိုင်ရတော့မယ်။ recruiter တွေက CV ကို ရှာပြီးကြည့်တဲ့အခါမှာ English version နဲ့ကြည့်တော့မှာဆိုတော့ CV Form ကို English လို ရှင်းရှင်းလင်းပြုလုပ်ပါ။ အဲ့ဒီလိုဖန်တီးပေးတာက မိမိက international standard နဲ့အညီလုပ်နိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာ၊ English ရတယ်ဆိုတာကို ဖော်ပြတာဖြစ်တဲ့တယ်၊ နောက်ပြီး မိမိရဲ့ ဘာသာစကားအရည်အသွေးကိုလည်း ဖော်ပြတာဖြစ်တဲ့တယ်၊ အဲ့ဒါအပြင် လူကြီးမင်းက ဘယ်လိုမျိုး contribution လုပ်နိုင်တာဆိုတာဖော်ပြပြီး Professional career အတွက် အသုံးဝင်တာဖြစ်တဲ့အတွက် ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားပြီး ပြုလုပ်ရမယ်လို့ အကြံပေးချင်ပါတယ်။

( ၄ ) Make the Most of Negative Feedback ( negative feedback တွေကိုလည်း ဖော်ပြပါ)။
ဘာလို့လဲဆိုတော့ negative feedback ကလည်း လူကြီးမင်းအတွက် ကြီးမားတဲ့အခွင့်အလမ်းကိုရရှိနိုင်ပါတယ်။ Sales တွေအတွက် ပိုပြီးအကျိုးရှိမယ်ဖြစ်ပါတယ်။ sales တွေက အရမ်း optimistic ဖြစ်လို့မရဘူး။ negative feedback ကို ပါတွေးထားရတာမို့ပါ။ လူကြီးမင်းက opened-minded ဖြစ်တယ်၊ တာဝန်ယူတတ်တဲ့သူဖြစ်တယ်။ အမှားလုပ်ခဲ့ရင်လည်း မိမိရဲ့ damaged repution ကို ပြင်ဆင်ဖို့အတွက် တောင်းပန်ဖို့ ပြန်လည်ပေးဆပ်ဖို့ လုပ်နိုင်တယ်ဆိုနိုင်တယ်လို့ ယူဆနိုင်တဲ့အတွက် ဖော်ပြသင့်တယ်လို့ အကြံပေးချင်ပါတယ်ရှင်။

( ၅ ) Cultivate Valuable Contacts ဆိုတဲ့ အသုံးဝင်ပြီး တန်ဖိုးရှိတဲ့ ဆက်သွယ်ရမယ့် လိပ်စာကိုဖော်ပြပါ။
ဘာလို့လဲဆိုတော့ Online CV Reputation နှင့်ပက်သက်ပြီး အရမ်းအရေးကြီးတဲ့အရာထဲက တစ်ခုဖြစ်နေလို့ပါ။ အခုဆို တွေ့နေရတာက CV တင်တယ်။ ဖုန်းနံပါတ်အမှားတွေဖြည့်ထားတယ်။ Career တစ်ခုတည်ဆောက်ဖို့ network လိုအပ်ပါတယ်။ အဲ့ဒီ network အတွက် နာမည်၊ဖုန်းနံပါတ်တို့၊ အီးမေလ်းတို့၊ လိပ်စာတို့ဆိုက အရမ်းကိုအရေးကြီးတဲ့အတွက် မိမိရဲ့ career အတွက် မှန်ကန်တိကျတဲ့ contact ကိုလည်း ဖြည့်ပေးပြီး Online CV Reputation ကို ကောင်းမွန်အောင်ပြုလုပ်ပြီး မိမိရဲ့ Online Brand ကို တည်ဆောက်ကာ အလုပ်ရှာဖွေသူလူကြီးမင်းများ career အတွက် Online own Brand ကို ဘယ်လိုပြုလုပ်မလဲဆိုတာ သိရှိပြီး company/ recruiter များကို သက်သေပြနိုင်မယ်လို့မျှော်လင့်ပါတယ်။ ပြီးတော့ အခုဒီအချက်တွေကို မှတ်သာထားပြီး Online မှတဆင့် best online brand ကို ပြုလုပ်ပြီး career အတွက် အလုပ်အကိုင်များကို online မှတဆင့် ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း ဒီခေါင်းစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်ရှင့်


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
Amazing One Trading Co., Ltd.

Amazing One Trading Co., Ltd.

.Elegant in style. Unique in designs. Serviced by professionals. Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)
LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS