Jobs In Myanmar
Load...

CV တစ်စောင်ရေးသားခြင်း အပိုင်း (၃)

by JOBLESS


ချိတ်ဆွဲရန်စာတန်း: CV Resume dos and don'ts facts Typing Error Job Descriptions Quality Specific words Power words Po



စာစီ၊ စာရိုက်အမှားများကို ပြန်စစ်ဆေးပါ။

          တကယ်ကို အရေးကြီးသော အချက်တစ်ခုဖြစ်သည်။ စားလုံးပေါင်း မှားခြင်းသည် အလုပ်လျှောက်သူများ၏ လျှောက်လွှာကို ငြင်းပယ်ရန် လုပ်သားရှာဖွေသူများဘက်မှ ခိုင်လုံသည့် အကြောင်းပြချက်တစ်ခု ဖြစ်သည်။ ဒါကြောင့် CV အတွင်း အချက်အလက်များ ထည့်သွင်းပြီးသည့် အခါတိုင်း ပြန်လည်စစ်ဆေးသင့်သည်။ ကိုယ်ကိုယ်တိုင် စစ်ဆေးခြင်းအပြင် တစ်စုံတစ်ယောက်ကို အကူအညီတောင်း၍ ထပ်မံစစ်ဆေးမှုမျိုးကိုလည်း လုပ်ဆောင်သင့်သည်။

 

လုပ်ငန်းတာဝန်များကို သေချာစွာဖတ်ပါ။

အချိန်ကုန်ခံကာ ပြင်ဆင်ထားသည့် အလုပ်လျှောက်လွှာသည် မိမိလျှောက်ထားလိုသည့် ရာထူးနှင့် ကိုက်ညီမှုရှိစေရန် အလုပ်ခေါ်စာတွင်ပါရှိသည့် လုပ်ငန်းလိုအပ်ချက်နှင့် တာဝန်များကို သေချာစွာဖတ်ရှု သင့်သည်။  ဒါမှသာ ကိုယ်လျှောက်လွှာသည် ခေါ်ယူသည့် ရာထူးနှင့် ကိုက်ညီမှု ရှိကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။

CV အဆင့်အတန်းမြင့်မားပါစေ။

          CV ကို ပုံစံအမျိုးမျိုးနှင့် ပြင်ဆင်ထားရမည်။ ထိုမှသာ ကိုယ်လျှောက်လိုသော ရာထူးနှင့် ကိုက်ညီ သည့် CV ကို အဆင်သင့် ရွေးချယ် အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုသို့ ပြင်ဆင်နိုင်ရန် အလုပ်ရှင်များ၏ အလုပ်ခေါ်ဆိုမှုများအတိုင်း လေ့လာမှု အချို့ကိုပြုလုပ်၍  CV အမျိုးမျိုးကို စမ်းသပ် လျှောက်ထား သင့်သည်။ ထိုမှသာ ဘယ်ရာထူးအတွက် ဘယ်လို CV အမျိုးအစားကို ရွေးချယ်လျှောက်ထားရမည်ကို သိရှိနိုင်မည် ဖြစ်သည်။

ထင်ရှားသည့် အဓိက စကားလုံးများကို ရွေးချယ်အသုံးပြုပါ။

လုပ်သားရှာဖွေသူအများစုသည် လုပ်သားရှာဖွေစုစောင်းခြင်းအတွက် အလုပ်အကိုင်ရှာဖွေရေး ဝဘ်ဆိုက်များကို အသုံးပြုသည့် အခါတွင် အဓိကစကားလုံးများကို အသုံးပြု၍ ရှာဖွေလေ့ရှိသည်။ (ဥပမာ။ ။ Marketing, Manager, Sales, Experiences, Certificate, Diploma, Achievement)။ ထိုကြောင့် ကိုယ် ပြင်ဆင်ထားသည့် CV တွင် ထိုသို့သော စကားလုံးများပါရှိအောင် ရေးသားထည့်သွင်းထား သင့်သည်။ ထိုစကားလုံများသည် သင်၏ CV ကို လုပ်ငန်းရှင် အကြိုက် CV တစ်စောင် အဖြစ်သို့ ပြောင်းလဲပေးမည့် သင်၏ ကြော်ညာ စကားလုံးများဖြစ်သည်။

 

 

အားကောင်းသည့် စကားလုံးများဖြင့် CV ကို ချယ်မှုန်းပါ။

အားကောင်းသော စကားလုံးများသည် သင်၏ CV ကို အောင်မြင်မှု ရစေမှာ အမှန်ဖြစ်သည်။ တစ်ချို့သော CV များသည် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အချက်အလက်များကို ထည့်သွင်းဖော်ပြခြင်းဖြင့် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကို ရယူလေ့ရှိသည်။    ထိုသို့ဖော်ပြရာတွင် ထိရောက်မှုရှိသော အားကောင်းသော စကားလုံးများကို  ရွေးချယ်အသုံးပြု ရမည်။

 ဥပမာ။          ။ " ကျွန်ုပ်သည် ဝန်ထမ်းပြောင်းရွှေ့မှုနှုန်းမြင့်မားနေမှုကို ပြန်လည်ပြုပြင်ရာတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်" ဆိုသည့် စာကြောင်းအစား                 

"ကျွန်ုပ်သည် ဝန်ထမ်းပြောင်းရွှေ့မှုနှုန်းမြင့်မားမှုကို လျော့ကျစေရန် ပြန်လည်ပြုပြင်တည်ဆောက် နိုင်သည်။"  ဆိုသည့် စာကြောင်းမျိုးကို သုံးစွဲသင့်သည်။

အနှစ်ချုပ်ဆိုရလျှင် - လုပ်ငန်းတာဝန်ယူမှု အခြေအနေကို ဖော်ပြရာတွင် တာဝန်ယူခဲ့ဖူးသည် ဆိုသည့် စကားလုံးများအစား တာဝန်ယူနိုင်ခဲ့သည် ဆိုသည့် အခြေအနေသက်ရောက်သည့် စာသားများ ကို ပြောင်းလဲသုံးစွဲသင့်သည်။

အပြုသဘောဆောင်ပါ။

သင်၏ လုပ်ငန်း အတွေ့အကြုံများနှင့် တာဝန်ယူမှုအပိုင်များကို ဖော်ပြရာတွင် အပြုသဘောဆောင်သည့် စာသားများကို ရွေးချယ် ဖော်ပြရမည်။ အနှုတ် လက္ခဏာဆောင်သည့် စာသားများအစား အပြုသဘောဆောင်သည့် စာသားများကို ထည့်သွင်း အသုံးပြုတတ်စေရန် ယှဉ်တွဲဖော်ပြပေးလိုက်သည်။

အနှုတ်လက္ခဏာဆောင်သည့် စာကြောင်းများ

အပြုသဘောဆောင်သည့် စာကြောင်းများ

ကျွန်တော်သည် ဆက်ဆံရေးကောင်းမွန်သည်ဟု ထင်သည်။


တာဝန်ထမ်းဆောင်နေစဉ်အတွင်း လူ (၁၀) ဦးကို အုပ်ချုပ်ခဲ့ရသည်။

ကျွန်တော်သည် ဆက်ဆံရေး ကောင်းမွန်သည်။

 

တာဝန်ထမ်းဆောင်နေစဉ်အတွင်း လူ (၁၀) ဦးကို ကောင်းစွာ အုပ်ချုပ်နိုင်ခဲ့သည်။

ရည်မှန်းချက်ပြည့်မီအောင် မလုပ်နိုင်ခဲ့ပေမယ့် ရောင်းအားတက်အောင်မည်သို့ လုပ်ဆောင်ရမည်ကို ကောင်းကောင်းသိခဲ့ရသည်။

ယခင်လုပ်ငန်းတာဝန်များမှ အရောင်းနှင့်ပတ်သက်သော စီမံခန့်ခွဲမှုကို ကောင်းစွာ သင်ယူနိုင်ခဲ့သည်။

ကျွန်တော်သည် လုပ်ငန်းစီမံခန့်ခွဲရာတွင် ကောင်းမွန်သည်ဟု အချို့က ထောက်ခံပြောဆို ကြသည်။

ကျွန်တော်သည် လုပ်ငန်းစီမံခန့်ခွဲမှုကို အကောင်းဆုံး လုပ်နိုင်သည်။

www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
M9 Public Co., Ltd.

M9 Public Co., Ltd.

M9 Public Co., Ltd.’s 21st Century Vision is ‘’To be the best distributor for promoting customer living standards by offering high quality and modern products, together with great customer servi...
Show the postings (11)
Ideal Future Co., Ltd.

Ideal Future Co., Ltd.

..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS