Jobs In Myanmar
Load...

Dell နှင့်အတူ ပူးပေါင်းပါဝင်နိုင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စွန်ဦးတီထွင်သူများအတွက် ကနဦး အစီအစဉ်


ချိတ်ဆွဲရန်စာတန်း: Dell နှင့်အတူ ပူးပေါင်းပါဝင်နိုင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စွန်ဦးတီထွင်သူများအတွက် ကနဦး အစီအစဉ်



Dell နှင့်အတူ ပူးပေါင်းပါဝင်နိုင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စွန်ဦးတီထွင်သူများအတွက် ကနဦး အစီအစဉ်

ရန်ကုန်၊ အောက်တိုဘာလ၊ ၁ ရက်။        ။ စွန့်ဦးတီထွင်သူများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး အသိုက်အဝန်း၊ စီးပွားရေး အသိုက်အဝန်းများကို များစွာအကျိုးသက်ရောက်မှု ရှိနိုင်သည်။ ထို့ကြောင့် Jobless.com.mm သည် DELL ၏ CEO ဖြစ်သူ Michael Dell ဦးဆောင်သော စွန့်ဦးတီထွင်သူများ ပေါင်းစည်းရေး အစီအစဉ်တွင် ပူပေါင်းပါဝင်ခဲ့သည်။

          ထိုအစီအစဉ်သည် ကုလသမဂ္ဂ၏ ရည်မှန်းချက် တစ်ခုဖြစ်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးရေးနှင့် ဆက်နွယ်နေသလို ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ စေရန်အတွက် ကြိုးစားအားထုတ်မှု တစ်ခုလည်းဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့ စေရေး ရည်မှန်းချက် (Sustainable Development Goals- SDGs) များသည် ကမ္ဘာကြီးအတွက် ဘာလုပ်ရမည် ဆိုသည့် ရည်မှန်းချက်များဖြစ်သည်။ ထိုရည်ရွယ်ချက်များကို ကုလသမဂ္ဂမှ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရွေးချယ်သတ်မှတ်ထားခဲ့ပြီး လာမည့် ၂၀၃၀ ခုနှစ်တွင် ထိုရည်မှန်းချက်များအားလုံးကို အောင်မြင်မှုရအောင် အကောင်အထည် ဖော်ရမည်ဖြစ်သည်။

"အလုပ်အကိုင်ရှာဖွေရေးနယ်ပယ်မှာ လုပ်ကိုင်နေတဲ့ စွန့်ဦးတီထွင်သူတစ်ယောက်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့စေရေး ရည်မှန်းချက်တွေထဲက (SDGs) ရည်မှန်းချက်အမှတ် ၈ ကို အဓိက စိတ်ဝင်စားမှုရှိပါတယ်။ ဒီရည်မှန်းချက်က ရေရှည်တည်တံ့မှုကို ထိန်သိမ်းရေး၊ စီးပွားရေးကို သိသိသာသာဖွံ့ဖြိုးတိုးတက်လာစေရေး၊ လုပ်သားအရည်အချင်းများ ပြည့်ဝလာရေးနဲ့ အလုပ်အကိုင်များ အဆင်ပြေချောမွေ့ရေး စတဲ့အချက်တွေပါဝင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ဒီအစီအစဉ်ကို အစပြု အကောင်အထည်ဖော်နေတဲ့ DELL ရဲ့ CEO ထံကနေ ကျွန်တော်တို့ရဲ့ ပူးပေါင်းပါဝင်မှုအတွက် ချီးကျူးဂုဏ်ပြု စကားနဲ့ ကျေးဇူးတင်စကား ပြောကြားခံရခြင်းပါပဲ" ဟု Jobless.com.mm ၏ CEO နှင့် တည်ထောင်သူ Vladimir J. Neduchal ကပြောသည်။

          လက်ရှိ အခြေအနေအရ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရေး ရည်မှန်းချက် ၁၇ ရပ်ရှိသည်။ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး၊ ရာသီဥတုပြောင်းလဲမှုများကို ထိန်းချုပ်ရေးနှင့် ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုများ ကြာရှည်တည်တံ့အောင်ဆောင်ရွက်ရေး စသည့်အချက်များ ပါဝင်သည်။ ထိုရည်မှန်းချက်များထဲမှ မည်သည့်အချက်ကို အမေရိကန် ပြည်ထောင်စု၊ နယူးယောက်တွင် ယခု စက်တင်ဘာလအတွင်း ကျင်းပနေသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထည့်သွင်းဆွေးနွေး ဦးစားပေးဆောင်ရွက်ရမည်ကို အဖွဲ့ဝင်နိုင်ငံများအကြား ညှိုနှိုင်းခဲ့ပြီးလည်းဖြစ်သည်။ အထူးသဖြင့် အမျိုးသား၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ မသန်စွမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို လာမည့် ၂၀၃၀ ခုနှစ် အမီ ပိုမိုဖန်တီးနိုင်ရေးဖြစ်သည်။

        

       "တစ်ကမ္ဘာလုံးမှာရှိတဲ့ ထောင်နဲ့ချီတဲ့ စွန့်ဦးတီထွင်သူတွေကို အထောက်အပံ့ပေးမယ် ဒီလိုအစီစဉ်က နောက်ဆုံးတော့ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ခိုင်မြဲရေး ရည်မှန်းချက်များထဲက ၈ ခုမြောက် ရည်မှန်းချက်ဖြစ်တဲ့ စီးပွားရေးအခွင့်အလမ်းနှင့် အလုပ်အကိုင်များဖန်တီးရေးကို ကမ္ဘာလုံးအတိုင်းအတာနဲ့ အာရုံစိုက်လုပ်ကိုင်ရန် သဘောတူ ခွင့်ပြုခဲ့ပါတယ်။ ဒီသဘောတူညီချက်မှာ ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်သူတွေအတွက် အထောက်အပံ့ပေးရေးစတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒါက စွန့်ဦးတီထွင်သူတွေအတွက် အကြီးမားဆုံး အောင်မြင်မှုပါပဲ။ ဒီလိုအောင်မြင်မှုရဖို့ ပူပေါင်းပါဝင်ခဲ့ကြတဲ့ Jobless.com.mm အပါအဝင် ထောက်ခံသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။" ဟု  DELL ၏ CEO ဖြစ်သူ Michael Dell က မှတ်ချက်ပြုခဲ့သည်။

          ဒီလို သဘောညီချက်အရ စွန့်ဦးတီထွင်သူတွေအတွက် တကယ်အစွန်းအစတွေကို ဖော်ထုတ်ရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပါပြီ။ စွန့်ဦးတီထွင်သူတွေအတွက် အကူအညီပေးရေးကိုလည်း နိုင်ငံတော်အဆင့် သတ်မှတ်၍ စတင်အကောင်အထည်ဖော်ရမည့် အချိန်ဖြစ်သည်။ ထိုစီမံကိန်းများထဲမှ ငွေကြေး၊ နည်းပညာ၊ ဈေးကွက်နှင့် အရည်အသွေးများ တိုးတက်လာအောင် အထောက်အပံ့ပေးရေးတို့အတွက် DELL မှ ပူပေါင်းပါဝင် ကူညီသွားမည်ဟု သိရသည်။

END


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Creative Fox Co.,Ltd

Creative Fox Co.,Ltd

Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)
Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)
Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS