ချိတ်ဆွဲရန်စာတန်း: News-Disneyland-California-Reopening-JobsInYangon
Disneyland နဲ့ Disney California Adventure theme park များကို ဧပြီလကုန်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးတော့မည်ဖြစ်
Disneyland နဲ့ Disney California Adventure theme park များကို လူဦးရေအကန့်အသတ်နှင့်အတူ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှ စတင်၍ ပြန်လည်၍ဖွင့်လှစ်ပေးသွားတော့မှာဖြစ်ကြောင်း Disneyland မှ ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါပြန်လည်ဖွင့်လှစ်မှုများကြောင့် အလုပ်မှရပ်နားထားရတဲ့ အဖွဲ့ဝင်ပေါင်း ၁၀,၀၀၀ ခန့်ဟာ ပန်းခြံများနှင့် ဟိုတယ်များတွင် ပြန်လည်၍ တာဝန်ထမ်းဆောင်ကြရတော့မှာဖြစ်ပါတယ်။
Disneyland Resort အတွင်းရှိ များစွာသော Hotel များဟာလည်း အဆင့်အလိုက်ပြန်လည်ဖွင့်လှစ်မှာများကို တဖြည်းဖြည်းပြုလုပ်သွားရန်ရှိနေပြီး ဧပြီလ ၂၉ ရက်နေ့တွင် Disney ရဲ့ Grand California Hotel & Spa မှ စတင်၍ ဖွင့်လှစ်မှုများကို ဆောင်ရွက်သွားရန်ရှိနေပါတယ်။ Paradise Pier Hotel နှင့် Disneyland Hotel များကိုလည်း လာမည့်အနာဂါတ်တွင် ပြန်လည်ဖွင့်လှစ်သွားဖို့ရှိနေသော်လည်း လက်ရှိအချိန်မှာတော့ နေ့ရက်အတိအကျကို ထုတ်ပြန်ပေးခြင်းမရှိသေးပါဘူး။
COVID-19 ကပ်ရောဂါဖြစ်ပွားနေဆဲကာလဖြစ်နေသည့်အတွက် California မြို့ကို တစ်နှစ်ကျော်ခန့် lockdown ပြုလုပ်ခဲ့ရပြီး Disneyland theme park နှင့် ဆက်စပ်လုပ်ငန်းများကို အခြားသောလုပ်ငန်းများနည်းတူ ပိတ်ထားခဲ့ရတာဟာ ၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ Social Distancing ကို အားပေးတဲ့အနေနဲ့ အပန်းဖြေပန်းခြံများတွင် ယခင်ကကဲ့သို့ လူရှုပ်ထွေးနေမည်အား ကာကွယ်နိုင်ရန် Disneyland မှ park reservation system စနစ်အသစ်ကို ကျင့်သုံးသွားဖို့ရှိနေပြီး လည်ပတ်လိုသူများအနေနဲ့ ဝင်ခွင့်ရရှိနိုင်ရန်အတွက် ကြိုတင်၍စာရင်းပေးသွားသွားဖို့လိုအပ်မှာဖြစ်ပြီး ယခုအချိန်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း နေထိုင်သူများသာ Disneyland ပန်းခြံများအတွင်းသို့ ဝင်ရောက်ခွင့်ရရှိဦးမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။