Jobs In Myanmar
Load...

အလုပ်ခွင်သို့ဝင်ရောက်နေတဲ့ Professional တိုင်းသိထားသင့်တဲ့ e-mail ပေးပို့ရာတွင် လိုက်နာသင့်သော ကျင့်ဝတ် (၁၄) ချက်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Email-Etiquette-Professionals-JobsInYangon



အလုပ်ခွင်သို့ဝင်ရောက်နေတဲ့ Professional တိုင်းသိထားသင့်တဲ့ e-mail ပေးပို့ရာတွင် လိုက်နာသင့်သော ကျင့်ဝတ် (၁၄) ချက် 

 

သုသေသနပြုချက်များအရ အမေရိကရှိဝန်ထမ်းများဟာ ပျမ်းမျှအားဖြင့် သူတို့အလုပ်ချိန်များရဲ့ ၄ ပုံ ၁ ပုံခန့်ကို ဝန်ထမ်းအချင်းချင်နေ့စဉ်ပေးပို့လျှက်ရှိသည့် ရာပေါင်းများစွာသော e-mail များကို ဖတ်ရှုခြင်းဖြင့် ကုန်ဆုံးနေရကြောင်း သိရှိရပါတယ်။ သို့သော်လည်း ဝန်ထမ်းအများစုဟာ e-mail ကို ကောင်းမွန်စွာဘယ်လိုအသုံးပြုသင့်ကြသလဲဆိုတာကို မသိရှိကြပါဘူးဟူ၍ Career နည်းပြတစ်ဦးဖြစ်သူ Barbara Pachter မှ ထောက်ပြခဲ့ပါတယ်။ 

Pachter ဟာ သူမ ရေးသားထုတ်ဝေခဲ့တဲ့ “The Essentials of Business Etiquette” ဟူသည့် စာအုပ်တွင် ခေတ်ပေါ် e-mail အသုံးပြုရာတွင် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို ဖော်ပြထားခဲ့ပြီး ထိုအထဲက အရေးအကြီးဆုံးအချက်အချို့ကို စာဖတ်သူတို့အတွက် ပြန်လည်၍ ကောက်နှုတ်တင်ဆက်ပေးလိုက်ပါတယ်။ 

 

၁၊ ရှင်းလင်းပြီး ထိရောက်တဲ့ Subject ကိုရေးသားပါ။ 

ကောင်းမွန်သော Subject Line ဆိုတာရဲ့ ဥပမာအချို့ကတော့ “Meeting အချိန်ပြောင်းလဲခြင်း” “သင့်ရဲ့ Presentation အတွက် မေးခွန်းတိုအချို့” သို့မဟုတ် “Proposal (ကမ်းလှမ်းချက်) အတွက် အကြံပြုချက်များ” အစရှိသည်တို့ပဲဖြစ်ပါတယ်။ 
“လူတွေဟာ Subject (အကြောင်းအရာ ခေါင်းစဉ်) Line အပေါ်မူတည်၍ ဒီ e-mail ကို ဖွင့်သင့်/ မဖွင့်သင့် ဆုံးဖြတ်တတ်ကြပါတယ်” “ဖတ်ရှုသူအနေနဲ့ သင်ဟာသူတို့မေးမြန်းထားတဲ့ သက်ဆိုင်ရာ အကြောင်းအရာ (သို့) အလုပ်ခွင်အတွင်းက ကိစ္စရပ်များကို ဆွေးနွေးလိုတယ်ဆိုတာကို သိရှိနိုင်စေဖို့ Subject Line ကို ရှင်းလင်းစွာရေးသားပေးသင့်ပါတယ်” ဟူ၍ Pachter မှ ပြောကြားထားပါသေးတယ်။ 

 

၂။ ပရော်ဖက်ရှင်နယ်ဆန်တဲ့ e-mail လိပ်စာတစ်ခုကို အသုံးပြုပါ။

သင်ဟာ ကုမ္ပဏီအတွက်အလုပ်လုပ်ပေးနေတာဖြစ်ပါက ကုမ္ပဏီရဲ့ e-mail လိပ်စာကို အသုံးပြုပေးပါ။ ဘယ်သောအခါတွင်မှ အလုပ်နှင့်သက်ဆိုင်တဲ့ e-mail ပေးပို့မှုများအတွက် သင့်ရဲ့ တစ်ကိုယ်ရည်အသုံးပြုဖို့ဖွင့်ထားတဲ့ mail အကောင့်နဲ့ ပေးပို့ခြင်းကို မပြုလုပ်သင့်ပါဘူး။ အကယ်၍ သင်ဟာ ကိုယ်ပိုင်အလုပ်ကိုလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါကလည်း အလုပ်အတွက်သီးသန့်ရည်ရွယ်၍ e-mail လိပ်စာတစ်ခုကို သေချာရွေးချယ်စဉ်းစား၍ ဖွင့်ထားသင့်ပါတယ်။ 

ထိုသို့ အလုပ်နှင့်ပတ်သက်တဲ့ e-mail တစ်ခုကို ဖွင့်လှစ်ရာတွင် လက်ခံရရှိသူဖက်မှ ဘယ်သူက ဒီ e-mail ကို ပေးပို့တာလဲဆိုတာကို သိရှိနိုင်စေရန်အတွက် သင့်ရဲ့ အမည်ရင်း ပါဝင်နေသင့်ပါတယ်။ သင်ကျောင်းတက်စဉ်က သူငယ်ချင်းများက ခေါ်ခဲ့တဲ့ နာမည်ပြောင်များဖြစ်တဲ့ (ဥပမာ - babygirl@.... (သို့) beerlover@.... တို့ဟာ အလုပ်နှင့်စပ်ဆက်နေတဲ့ e-mail တစ်ခုဖွင့်ဖို့ ကောင်းမွန်တဲ့ရွေးချယ်မှုမဟုတ်ပါဘူး

 

၃။ “Reply All” ကို မနှိပ်ခင် ပြန်စဉ်းစားပါ။

လူ ၂၀ ခန့်ထံမှပေးပို့လာမယ့် သူတို့နဲ့ မသက်ဆိုင်တဲ့ e-mail များကို ဘယ်သူကမှ အချိန်ကုန်ခံပြီး ဖတ်ချင်ကြမယ်မထင်ပါဘူး။ မိမိနဲ့ မသက်ဆိုင်တဲ့ e-mail များ ခဏခဏရောက်လာတဲ့အခါ e-mail အသစ်ဝင်လာတိုင်း ဖုန်းကိုစစ်ဆေးနေရခြင်းဟာ စိတ်ရှုပ်ဖွယ်ကောင်းလှပါတယ်။ ဒီအတွက် သင့်အနေနဲ့ e-mail ပြန်လည်ပေးပို့ရာတွင် အဆိုပါ e-mail list အတွင်း ပါဝင်နေတဲ့လူတိုင်းအနေနဲ့ ဒီကိစ္စကို သိထားသင့်တယ်လို့ ယူဆမှသာ “Reply All” ခလုတ်ကို နှိပ်၍ ပေးပို့ရမှာဖြစ်ပါတယ်။ 

 

၎။ Professional ဆန်တဲ့ နှုတ်ဆက်ခြင်းကို ပြုလုပ်ပါ။ 

Professional မဆန်တဲ့ နှုတ်ဆက်ခြင်းမျိုးဖြစ်တဲ့ “Hey, you guys,” “Yo,” (သို့မဟုတ်) “Hi, folks.” အစရှိသည်တို့ကို အသုံးမပြုပါနဲ့။ ဒီအရာတွေဟာ e-mail လက်ခံရရှိသူဖက်က သင့်ကို ပေါ့ပေါ့နေတတ်သူတစ်ဦးအဖြစ် ထင်မြင်သွားစေနိုင်ပါတယ်။ ထိုအစား “Hi” နှင့် “Hello” ကို ထည့်သွင်း၍ (ဥပမာ - “Hi, Michael/ Hi, Jane) ဟူ၍ နာမည်အပြည့်အစုံကို ထည့်သွင်းရေးသားသင့်ပါတယ်။ 

 

၅။ အာမေဋိတ် သင်္ကေတများကို အနည်းငယ်သာအသုံးပြုပါ။ 

သင့်ရဲ့ စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်ရန်အတွက် အာမေဋိတ်သင်္ကေတ တစ်ခုမျှသုံးရင်လုံလောက်ပါပြီ။ “တစ်ခါတစ်ရံမှာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အရာများအကြောင်း e-mail ရေးသားရာတွင် အာမေဋိတ်သင်္ကေတ (exclamation point) ကို စာကြောင်းတိုင်းနီးပါးရဲ့ အဆုံးတွင် လူအချို့က ထည့်သွင်းရေးသားလေ့ရှိကြပါတယ်။ ဒီအရာက လက်ခံသူဖက်မှ အမြင်ဖြင့်ကြည့်ရှုပါက “စိတ်ခံစားမှုများလွန်းပြီး” “ရင့်ကျက်မှုမရှိဘူး” ဟူ၍ ထင်မြင်သွားစေနိုင်ပါတယ်။ ဒါကြောင့် exclamation point များကို တတ်နိုင်သလောက် မထည့်ပဲရေးသားသင့်ပါတယ်။ 

 

၆။ သင့်ရဲ့ e-mail ကို ဖတ်ရှုရလွယ်ကူစေရန် ပြုလုပ်ပေးပါ။ 

သင်ရေးလိုက်တဲ့ စာကြောင်းများနဲ့ စာပိုဒ်များရဲ့ အရှည်ကို တစ်ခုနှင့်တစ်ခု မတူညီအောင်ပြုလုပ်ပါ။ “ရှည်လျားတဲ့ စာကြောင်းများနဲ့ စာပိုဒ်များဟာ ဖတ်ရှုဖို့ပိုမို၍ ခက်ခဲစေတဲ့အတွက် သင်ပြောလိုတဲ့ အဓိက အကြောင်းအရာများကို bullet များခွဲ၍ ရေးသားပေးသင့်ပါတယ်။” 

 

၇။ ကြမ်းတမ်းတဲ့အသုံးအနှုန်းများကို ရှောင်ကြဉ်ပါ။ 

“သင့်ရေးသားလိုက်တဲ့ e-mail ကို ပြန်လည်ဖတ်ရှုကြည့်ပါ။ ဒီအရာက သင့်အနေနဲ့ ကြမ်းတမ်းတဲ့ အသုံးအနှုန်းများပါနေတယ်လို့ ခံစားရပါက လက်ခံသူဖက်မှလည်း ထိုသို့ ထင်မြင်သွားနိုင်ပါတယ်။” အနုတ်သဘောကိုဆောင်တဲ့ စကားလုံးများဖြစ်တဲ့ “failure”, “wrong သို့မဟုတ် “neglected” အစရှိတဲ့ အသုံးအနှုန်းများကို ရှောင်ရှားသင့်ပါတယ်။ 

 

၈။ မတူညီတဲ့ ယဉ်ကျေးမှုအစဉ်အလာနောက်ခံမှလာတဲ့သူများဟာ စကားပြောရာတွင်နှင့် စာရေးသားရာတွင် တူညီမှာမဟုတ်ဘူးဆိုတာကို သိရှိထားပါ။ 

အထူးသဖြင့် စာရေးသား၍ ဆက်သွယ်မှုပြုလုပ်ကြရာတွင် တစ်ယောက်နှင့် တစ်ယောက်ရဲ့ ကိုယ်အမူအယာများကို တွေ့မြင်နိုင်ခြင်းမရှိတဲ့အတွက် နားလည်မှုလွဲခြင်းများဟာ လွယ်ကူစွာဖြစ်ပေါ်လာနိုင်ပါတယ်။ သင်ပေးလိုတဲ့ message ကို ရေးသားရာတွင် လက်ခံမည့်သူရဲ့ နောက်ခံနှင့် သင့်အနေနဲ့ သူတို့အပေါ် ဘယ်လောက်နားလည်သဘောပေါက်သလဲဆိုတဲ့ အချက်များအပေါ်မူတည်၍ ချိန်ညှိရေးသားသင့်ပါတယ်။ 

သင်သိထားသင့်တဲ့ စည်းမျဉ်းတစ်ခုကတော့ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီးနေတတ်သော နိုင်ငံများဖြစ်တဲ့ ဂျပန်၊ အာရပ် နှင့် တရုတ် အစရှိတဲ့နိုင်ငံများတွင် သင်နှင့်အတူတကွ လုပ်ငန်းအကြောင်းမဆွေးနွေးမှီ/ အလုပ်မလုပ်မှီတွင် သင်နှင့်အရင် ရင်းနှီးမှုရယူလိုတတ်ကြပါတယ်။ ဒီအတွက် ဒီလိုနိုင်ငံမျိုးမှ လုပ်ငန်းလက်တွဲဖော်များအနေနဲ့ e-mail ရေးသားရာတွင် ပို၍ personal ဆန်တတ်ကြပြီး အခြားတစ်ဖက်တွင်တော့ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီးမနေတတ်သောနိုင်ငံများဖြစ်တဲ့ ဂျာမနီ၊ အမေရိကန်၊ အနောက်ဉရောပ နိုင်ငံများတွင်တော့ တိုတိုနဲ့ လိုရင်းကိုသာ ပြောဆိုရေးသားလေ့ရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

 

၉။ ဟာသလုပ်တတ်ခြင်းကို သတိထားပါ။ 

e-mail ရေးသား၍ ပေးပို့ရာတွင် မှန်ကန်တဲ့အသံအနေအထားနဲ့ မျက်နှာအမူအယာတို့ကို တွေ့မြင်နိုင်ခြင်းမရှိတဲ့အတွက် ဟာသလုပ်ခြင်းဟာ တစ်ခါတစ်ရံတွင် ဘာသာပြန်လိုက်တဲ့အခါ အဓိပ္ပါယ်တစ်မျိုးသက်ရောက်သွားစေနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆွေးနွေးမှုများကို ပြုလုပ်ကြရာတွင်နှင့် e-mail များ အပြန်အလှန်ပေးပို့ကြရာတွင် သင့်ရဲ့ e-mail အား လက်ခံရရှိမည့်သူက သင်နဲ့ ကောင်းစွာသိကျွမ်းခြင်းမရှိသေးပါက ဟာသပြုလုပ်ခြင်းများ၊ နောက်ပြောင်ခြင်းများကို မပြုလုပ်သင့်ပါဘူး။ တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေက သင့်အတွက်တော့ ရယ်မောစရာဖြစ်နေပေမယ့် အခြားတစ်ဖက်က ထိုသို့ခံစားရခြင်မှ ခံစားရပါလိမ့်မယ်။ 

“စကားအရပြောဆိုလိုက်တဲ့အခါမှာ ရယ်မောစရာဖြစ်ပေမယ့် စာဖြင့်ချရေးလိုက်တဲ့အခါမှာတော့ ထိုအရာက ရယ်စရာမကောင်းတော့တာမျိုးလည်းဖြစ်လာနိုင်တဲ့အတွက် ဟာသပြုလုပ်ခြင်းများကို လူချင်းတွေ့ဆုံမှသာ ပြုလုပ်ပေးသင့်ပါတယ်။” 

 

၁၀။ သင့်အတွက်ပေးပို့လာတဲ့ e-mail မဟုတ်ရင်တောင်မှ ထို e-mail ကို reply ပြုလုပ်ပေးလိုက်ပါ။ 

သင့်ထံသို့ ပေးပို့လာတဲ့ e-mail တိုင်းကို reply ပြုလုပ်နိုင်ဖို့ဟာ ခက်ခဲပါတယ်။ သို့ပေမယ့် e-mail တစ်စောင်ကို ကိုယ့်ဆီသို့မှားပြီးပေးပို့မိတာဖြစ်နေနိုင်တယ်ဆိုရင်တောင်မှ အကျိုးအကြောင်းကို ပြန်လည်၍ reply ပြုလုပ်ပေးသင့်ပါတယ်။ ဒါဟာ မလုပ်မနေရ ပြုလုပ်ပေးရမယ့်အရာတစ်ခုတော့ မဟုတ်ပေမယ့် ကောင်းမွန်တဲ့ ကျင့်ဝတ်တစ်ခုအနေနဲ့ လုပ်ဆောင်ပေးသင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ 

 

၁၁။ Message များ မထွက်မှီတွင် ပြန်လည်စစ်ဆေးပါ။ 

သင့် e-mail ကို လက်ခံရရှိသူဖက်မှ သင့်ရဲ့အမှားများကို သတိမပြုမိပဲနေမှာမဟုတ်ပါဘူး။ နောက်ပြီး လက်ခံသူရဲ့ စိတ်အခြေအနေအပေါ်မူတည်ပြီး ဒီအမှားများကိုသင်ပြုလုပ်မိတဲ့အတွက် သင့်အပေါ် အထင်လွဲသွားနိုင်ပါသေးတယ်။ 
စာလုံးပေါင်းစစ်ဆေးပေးတဲ့ software များအပေါ် များစွာအားထားခြင်းကိုလည်းမပြုလုပ်ပါနဲ့။ သင့်ရဲ့ e-mail ကို ကြိမ်ဖန်များစွာပြန်လည်ဖတ်ရှု၍ စစ်ဆေးပေးပြီးမှသာ တစ်ဖက်သို့ပေးပို့သင့်ပါတယ်။ 

 

၁၂။ အဆန်းထွင်ခြင်းများကို ရှောင်ကြဉ်ပါ။ 

ကွန်ပြူတာများပေါ်တွင် ရွေးချယ်စရာ option တွေ များစွာရှိနေတဲ့အတွက် သင့်အနေနဲ့ Font အကြီး - အသေး ပြောင်းလဲခြင်းများ၊ Bold ပြုလုပ်ခြင်း၊ စာလုံးအလှများ၊ မတူညီတဲ့အရောင်များကို အသုံးပြုခြင်း အစရှိသည်တို့ကိုပြုလုပ်လိုလာနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကိုအသုံးမပြုသင့်ပါဘူး။ 

e-mail များကိုပေးပို့ရာတွင် ရိုးရိုးရှင်းရှင်းသာ ပေးပို့သင့်ပြီး ဒီအရာက နားလည်မှုလွဲခြင်းများဖြစ်မလာစေရန် အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ 

 

၁၃။ နောက်ဆုံးမှ e-mail လိပ်စာကိုထည့်သွင်းပါ။ 

“e-mail တစ်စောင်ကို သင်ရေးသား၍မပြီးမှီ (သို့) ပြန်လည်စစ်ဆေး၍မပြီးမှီတွင် မှားယွင်း၍ ပေးပို့မိခြင်းဖြစ်သွားမှာကို သင်လိုလားမှာမဟုတ်ပါဘူး။” “ဒီအတွက် သင်က သင့်ထံသို့ဝင်ရောက်လာတဲ့ e-mail တစ်စောင်ကို ပြန်လည်၍ reply ပြုလုပ်နေတာဖြစ်နေရင်တောင်မှ e-mail လိပ်စာကိုဖျက်ထားလိုက်ပြီး ဒီ e-mail ကို ပြန်လည်ပေးပို့ဖို့အသင့်ဖြစ်ပြီဆိုမှသာ e-mail လိပ်စာကို ပြန်လည်၍ထည့်သွင်းပေးလိုက်ပါ။” 

 

၁၄။ မှန်ကန်တဲ့လက်ခံသူကို ရွေးချယ်ထည့်သွင်းထားရဲ့လားဆိုသည်အား ပြန်လည်စစ်ဆေးပါ။ 

သင့်အနေနဲ့ e-mail ရဲ့ “To” နေရာတွင် e-mail လိပ်စာကိုထည့်သွင်းသည့်အချိန်ဟာ အဓိကအာရုံစိုက်ထားရမယ့် အချိန်ပဲဖြစ်ပါတယ်။  ဒီအဆင့်မှာ အခြားနာမည်တစ်ခုကို မှားယွင်း၍ရွေးချယ်မိပြီး မဆိုင်တဲ့သူတစ်ဦးထံသို့ e-mail ပေးပို့မိသွားပါက ဒါဟာ သင့်အတွက် အရှက်ရဖွယ်ကောင်းလှပါတယ်။ 

 

ဒီ article လေးကိုဖတ်ရှုပြီးနောက် စာဖတ်သူတို့ရဲ့ သက်ဆိုင်ရာအလုပ်များတွင် e-mail ပေးပို့ရာ၌ လိုက်နာကျင့်သုံးသင့်သည့် ကျင့်ဝတ်များကို နားလည်သဘောပေါက်ပြီး မှန်ကန်စွာလိုက်နာကျင့်သုံးနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်များဟာ ခက်ခဲတဲ့အချက်များ မဟုတ်ပေမယ့် Professional တစ်ဦးအနေနဲ့ ဒီအချက်များအတိုင်းလိုက်နာကျင့်သုံးပေးမယ်ဆိုပါက နိုင်ငံတကာကုမ္ပဏီများနှင့် အဆက်အသွယ်များပြုလုပ်ကြရာတွင် မိမိအပေါ် ကောင်းမွန်တဲ့အထင်အမြင်ကို ရရှိလာစေမှာဖြစ်ပါတယ်လို့ပြောကြားရင်း ဒီ article လေးကို နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။ 

 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS