Jobs In Myanmar
Load...

ရေရှည်တွင် Employee Engagement ကိုတည်ဆောက်နိုင်စေမည့်နည်းလမ်းများ (အပိုင်း - ၁)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Employee-Engagement-Management-JobsInYangon



ရေရှည်တွင် Employee Engagement ကိုတည်ဆောက်နိုင်စေမည့်နည်းလမ်းများ (အပိုင်း - ၁)

 

ရေရှည်အတွက် Employee Engagement (ဝန်ထမ်းများရဲ့ ပါဝင်ဆောင်ရွက်လိုစိတ်) ကို တည်ဆောက်နိုင်စေမယ့် အောက်ပါအကြံပေးချက်များကို သင့်အနေနဲ့ ထည့်သွင်းလုပ်ဆောင်ဖို့ရာ ခက်ခဲမှာမဟုတ်ပါဘူး။ လုပ်ငန်းနယ်ပယ်တစ်ခုစီ (ဧရိယာ) တစ်ခုစီတိုင်းတွင် အပေါင်းဘက်ကိုဆောင်တဲ့ အပြောင်းအလဲများ ပုံမှန်ဖြစ်ပေါ်ခြင်းအားဖြင့် သင့်ရဲ့ လုပ်ငန်းခွင်ကို engage ဖြစ်နေတဲ့လုပ်ငန်းခွင်တစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲပေးနိုင်မှာဖြစ်ပြီး ရလာဒ်အနေနဲ့ ပိုမို၍ ကုန်ထုတ်စွမ်းအားကိုတိုးတက်စေမှာပဲဖြစ်ပါတယ်။ အောက်ပါအချက် (၁၀) ချက်ကတော့ ဝန်ထမ်းများ ကို သင်နဲ့အတူအလုပ်လုပ်ရာတွင် ပျော်ရွှင်၊ တက်ကြွမှုရှိစေရန်အတွက် လုပ်ဆောင်သင့်သော Employee Engagement နည်းလမ်းများပဲဖြစ်ပါတယ်။ 

 

၁။ ပွင့်လင်းမြင်သာစွာ ပြောဆိုဆက်ဆံမှု 

ပွင့်လင်းမြင်သာမှုရှိခြင်းကို ယနေ့ခေတ်တွင် အများဆုံးကြားနေရတဲ့အတွက် နားငြီးနေလောက်ပြီလို့ ထင်ပါတယ်။ ဒါပေမယ့်လဲ သင့်ရဲ့ဝန်ထမ်းများနဲ့ ပိုမို၍ပွင့်ပွင့်လင်းလင်းမျှဝေပြောဆိုခြင်းကြောင့် ရရှိလာနိုင်တဲ့ အကျိုးရလာဒ်များကို လျစ်လျူရှုထား၍တော့ မရနိုင်ပါဘူး။ သင့်အနေနဲ့ ကုမ္ပဏီအတွက် ရည်မှန်းချက်ပန်းတိုင်တစ်ခုကို သတ်မှတ်ပြီးတဲ့အခါတွင်နှင့် ထိုအရာကို ဘယ်လိုရရှိအောင်ဆောင်ရွက် နိုင်မလဲဆိုတာကို အကြမ်းဖျင်းရေးဆွဲသတ်မှတ်ပြီးပါက ဝန်ထမ်းများကို အလုပ်လုပ်ခိုင်းဖို့အချိန်ရောက်ပြီဖြစ်ပါတယ်။ 
ပွင့်လင်းမြင်သာစွာပြောဆိုဆက်ဆံမှုကြောင့်ရရှိလာမယ့် အခရာကျတဲ့ အကျိုးရလာဒ်တစ်ခုကတော့ သင့်အနေနဲ့ ဒီလုပ်ငန်းစဉ်ကို နက်နက်နဲနဲ၊ အသေးစိတ်ကျကျ စီမံခန့်ခွဲဖို့ မလိုအပ်တော့တာပါပဲ။ ဝန်ထမ်းများကို သူတို့ကိုယ်တိုင် ပြဿနာဖြေရှင်းဖို့၊ ရှာဖွေဖော်ထုတ်ခွင့်ပေးလိုက်ပါ။ သူတို့ကို သင်လိုချင်တဲ့နေရာသို့ ရောက်ရှိစေနိုင်သော ပန်းတိုင်၊ ခရီးရောက်မှုနဲ့ ဦးစားပေးအရာများ အစရှိသည် တို့အား ခြုံငုံ၍ နည်းစနစ်တကျ၊ တိုက်တွန်းအားပေးသည့်ပုံစံဖြင့် ပြောဆိုရှင်းလင်းပေးပါ။ သူတို့ရဲ့ ခရီး တစ်လျှောက် အရေးပါတဲ့ပြဿနာများဖြစ်ပွားလာပါကလဲ သင့်အနေနဲ့ သူတို့ကို ထောက်ပံ့ကူညီပေးလိုက်ပါ။ 

 

၂။ အကြံပေးချက်များကို လက်ခံအားပေးမှုရှိသော ကြံ့ခိုင်တဲ့ စီမံခန့်ခွဲမှု 

စီမံခန့်ခွဲမှုဟာ engagement ဖြစ်လာရေးအတွက် အဓိကမောင်းနှင်နေတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါ တယ်။ ဝန်ထမ်းများဟာ သူတို့ရဲ့ leader များထံက အချိန်နဲ့တပြေးညီ၊ ပုံမှန်အကြံပြုချက်များကို လိုလားကြသလို၊ လိုလဲ လိုအပ်နေပါတယ်။ ကုမ္ပဏီအများစုတွင် ပုံမှန်နှစ်စဉ်ပြန်လည်စစ်ဆေးမှု လုပ်ငန်းစဉ်ရှိနေပါတယ်။ သို့သော် - အကယ်၍ ဝန်ထမ်းတွေဟာ သူတို့ရဲ့လုပ်ဆောင်ချက်တွေက ဘယ်လိုမျိုးတွေရှိနေသလဲဆိုတာကို တစ်နှစ်မှတစ်ခါ ကြားသိရမယ်ဆိုပါက ဖြစ်လာနိုင်တာကတော့ အလုပ်တွင်စေမှာမဟုတ်ပါဘူး။ ထို့အပြင် ဝန်ထမ်းများဟာ သူတို့ရဲ့သက်မွေးဝမ်းကျောင်းမှုပညာရပ် များတွင် အထောက်အကူဖြစ်စေမယ့် growth and development skill များကိုလည်း လိုအပ်ကြမှာ ဖြစ်ပါတယ်။ 
ကုမ္ပဏီရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်ရာတွင် ဝန်ထမ်းများအတွက်ကိုလဲ ထည့်သွင်းစဉ်းစား၍ ချမှတ်ပြီး ဝန်ထမ်းများတွင်ရှိနေတဲ့ personal growth goal တွေက ကုမ္ပဏီရဲ့လိုအပ်ချက်များနဲ့ ကိုက်ညီမှုရှိနေစေဖို့ကိုလဲ သေချာစွာပြုလုပ်ထားပါ။ ကုမ္ပဏီများအနေနဲ့ သာမန်စွမ်းဆောင်ရည် အတက်အကျများကို နှစ်စဉ်ပြန်လည်စစ်ဆေးမှုအတွက်စောင့်ကြည့်သင့်သလို မန်နေဂျာများထံက အချိန်နဲ့တပြေးညီ၊ သာမန်မှတ်ချက်များအတွက်လဲ အချိန်ပေးသင့်ပါတယ်။ ဝန်ထမ်းများက သင်ဟာ သူတို့ရဲ့ကြီးပွားတိုးတက်မှုနဲ့ အောင်မြင်မှုရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုပေးသလားဆိုတာကို သိရှိလို ကြပါတယ်။ မှန်ကန်တဲ့ပုံစံကို ပုံသွင်းသတ်မှတ်ရာတွင် အကြံပြုချက်များဟာ အားလုံးအတွက်ကောင်း မွန်စေတဲ့ အရာတစ်ခုဖြစ်စေမှာပါ။ 

 

၃။ မတူကွဲပြားမှုများရှိခြင်း

မတူကွဲပြားသော အတွေးအမြင်များကို တန်ဖိုးထားတတ်ခြင်းဟာ နက်နဲထိရောက်မှုရှိတဲ့အလုပ်တစ်ခု ဖြစ်လာစေဖို့အတွက် အရေးပါတဲ့အခြေခံအုတ်မြစ်တစ်ချပ်ပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်မှုရှိခြင်းဟာတိုးတက်မှုများကိုဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့ကုမ္ပဏီတွင် မတူကွဲပြားတဲ့အမြင်များ ၊ အကြံပေးချက်များထွက်ပေါ်နေပါက သင့်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်များကို ချမှတ်စေနိုင် မှာဖြစ်ပြီး၊ ရလာဒ်အနေနဲ့ ပိုက်ဆံကို ပိုမိုရှာဖွေလာနိုင်မှာပဲဖြစ်ပါတယ်။ 

အတူတကွ ပူးပေါင်းလုပ်ဆောင်တတ်သောယဉ်ကျေးမှုကို ဖန်တီးနိုင်ရန်အတွက် ကုမ္ပဏီများက ပိုမို၍အလေးအနက်ထားလုပ်ဆောင်၍လာနေပြီဖြစ်ပြီး များစွာသောအလုပ်လျှောက်ထားသူများကလဲ ခိုင်မာများပြားလှတဲ့ မတူကွဲပြားမှုများကိုအားပေးရန်ကြိုးစားအားထုတ်မှုတွေနဲ့ ကျော်ကြားသော လုပ်ငန်းခွင် အနေအထားများရှိကြတဲ့ကုမ္ပဏီများကို ရှာဖွေ၍ အလုပ်လျှောက်လာကြပါတယ်။ ဒီကြိုးပမ်းအားထုတ်မှုများဟာ employee engagement နဲ့ employer brand နှစ်ရပ်စလုံးကို သိသာစွာတိုးတက်မှုရှိလာနိုင်စေမှာဖြစ်ပါတယ်။ 

 

၎။ Mission များနဲ့ မောင်းနှင်နေသော ယဉ်ကျေးမှုတစ်ရပ် 

ကုမ္ပဏီတစ်ခုထံမှ ဝန်ထမ်းများက အထူးသဖြင့် သက်မွေးမှုလမ်းကြောင်းရဲ့ တစ်ဝက်ခန့်တွင် ရှာဖွေကြတဲ့ အဓိကအချက်တစ်ခုကတော့ သူတို့ရဲ့ဦးတည်ရာလမ်းကြောင်းပဲဖြစ်ပါတယ်။ ဒီကနေ့ခေတ်ရဲ့ များစွာသောကုမ္ပဏီများဟာ ရည်မှန်းချက်ကို အဓိကနေရာမှာထားရှိပြီး လုပ်ငန်းတည် ထောင်သူများနဲ့ အမြင်တူတဲ့ဝန်ထမ်းများ၊ ကိုက်ညီမှုရှိတဲ့ ကျွမ်းကျင်မှုများရှိနေတဲ့ဝန်ထမ်းများကို အစဉ်အမြဲရှာဖွေနေလျှက်ရှိနေပါတယ်။ 
Organization များအနေနဲ့ သူတို့ရဲ့ mission အပေါ် ပိုမိုများပြားတဲ့ဝန်ထမ်းများက တစ်ဦးတစ်ယောက်ချင်းအလိုက် (အချိန်၊ စိတ်ဝင်စားမှုအားဖြင့်) ရင်းနှီးမြှုပ်နှံမှုများကိုပေးလာကြတဲ့ အခါမှာ ပိုမိုကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုကို ရရှိလာစေမှာဖြစ်ပြီး သင့်အနေနဲ့ သင့်အတွက် အကျိုး အမြတ်မရှိတဲ့လောကထဲသို့ဝင်ရောက်ပြီး အထက်ပါဦးတည်ရာလမ်းကြောင်းကို ရှာဖွေနေစရာလိုတော့ မှာမဟုတ်ပါဘူး။ 

 

၅။ Organization ရဲ့ရည်မှန်းချက်ပန်းတိုင်နဲ့ ကိုက်ညီမှုရှိရန် ချိန်ညှိခြင်း 

ကုမ္ပဏီများက ခက်ခဲတဲ့ရည်မှန်းချက်များကိုချမှတ်ပြီး အလုပ်အမှုဆောင်များနဲ့ ရင်းနှီးမြှုပ်နှံသူများ ထံက တောင်းဆိုချက်များကိုပြည့်မှီမှုရှိစေရန် ဆောင်ရွက်လာသည်နှင့်အမျှ ဝန်ထမ်းများကလဲ သူတို့ရဲ့ အလုပ်ဟာ ဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေကို ဖြစ်နိုင်စေသလဲဆိုတာကို သိရှိချင်ကြမှာပဲဖြစ်ပါ တယ်။ ထိထိရောက်ရောက်အုပ်ချုပ်နိုင်တဲ့မန်နေဂျာတစ်ဦးဟာ ဒီကုမ္ပဏီရဲ့ ရည်မှန်းချက်များကို အခြေခံထားပြီးနောက် ဌာနအလိုက်နဲ့ တစ်ဦးချင်းစီရဲ့ ရည်မှန်းချက်များကို သတ်မှတ်၊ ချမှတ်ပေးနိုင်ပါ တယ်။ 

ဝန်ထမ်းများရဲ့ နေ့စဉ်တာဝန်များနဲ့ဆောင်ရွက်ပေးမှုများဟာ ကုမ္ပဏီအထက်ပိုင်းတွင်ဖြစ်ပွားနေသော အရာများကို အထောက်အကူဖြစ်စေရမှာဖြစ်ပြီး ဒါမှသာလျှင် စကားပြောဆိုရာတွင်တူညီစွာနားလည် နိုင်မှာဖြစ်ပြီး အထက်ပိုင်းကသတ်မှတ်ထားတဲ့ ဦးစားပေးအရာများနဲ့ကိုက်ညီအောင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအရာကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ပါက ကုမ္ပဏီအတွက်သာမက ဝန်ထမ်းများ အနေနဲ့လဲ သူတို့ရဲ့အလုပ်ဟာ ဘယ်နေရာ၊ ဘယ်အချိန်မှာ၊ ဘယ်လိုအရေးပါမှုတွေရှိလာနိုင်တယ်ဆို တာကို သိရှိနိုင်တဲ့အတွက် ကောင်းမွန်စွာလုပ်ဆောင်နိုင်ကြမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်စလုံးကို အကျိုးရှိစေမှာဖြစ်ပါတယ်။  

 

ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါတယ်။ မနက်ဖြန်တွင်  ကျန်ရှိသေးတဲ့ အချက် (၅) ချက်ကို ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Definity Group of Co.,Ltd

Definity Group of Co.,Ltd

Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
River King Ayeyar Construction Co., Ltd.

River King Ayeyar Construction Co., Ltd.

Our Vision To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us. Our Mission To deliver excellence quality in time...
Show the postings (20)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS