ချိတ်ဆွဲရန်စာတန်း: News-Epic-Games-Developers-JobsInYangon
Update အသစ်တွင် Epic Games မှ Anti-Cheat နှင့် Voice Communication ဝန်ဆောင်မှုများကို Game Developer များ ရယူသုံးစွဲနိုင်စေရန် ပြုလုပ်ပေးခဲ့
Epic Games ဟာ သူတို့ရဲ့ Online ဝန်ဆောင်မှုများကို တိုးချဲ့မှုများပြုလုပ်ခဲ့ပြီး ယခုအခါတွင် Developer များအနေနဲ့ Voice communication နဲ့ anti-cheat software များကို အခမဲ့ ရယူသုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။ ယခင်က Epic ဟာ သူတို့ရဲ့ Online ဝန်ဆောင်မှုများကို Fortnite အတွက် စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် ထို့နောက်တွင်တော့ Developer များအနေနဲ့ သူတို့ရဲ့ ဖန်တီးမှုများအတွက် မည်သည့် Game Engine နှင့် Platform ပေါ်တွင်မဆို အသုံးပြုစေနိုင်မည့် Toolset တစ်ခုအနေနဲ့ ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်
ယခုထွက်ရှိလာမည့် update အသစ်တွင်တော့ Easy Anti-Cheat ကို Epic Online ဝန်ဆောင်မှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ developer များအနေနဲ့ ရယူအသုံးပြုနိုင်စေရန်အတွက် ထည့်သွင်းပေးခဲ့ပါတယ်။ Epic ဟာ Finland နိုင်ငံ၊ Helsinki မြို့တွင် အခြေစိုက်သည့် အဆိုပါ software ကို ဖန်တီးခဲ့သောကုမ္ပဏီအား ၂၀၁၈ ခုနှစ်တွင်ဝယ်ယူခဲ့ပြီး အဆိုပါ Anti-cheat program ကို Fortnite နှင့် Fall Guys တို့အပါအဝင် အခြားသော ရာပေါင်းများစွာသော ဂိမ်းများတွင် အသုံးပြုထားလျှက်ရှိနေပါတယ်။
Developer များအနေနဲ့ ယခုအခါ အဆိုပါ software ရဲ့အကူအညီဖြင့် Cheating ပြုလုပ်ခြင်းမှ ကာကွယ်နိုင်စေမည့်နည်းလမ်းများကို ထိန်းချုပ်၍ သတ်မှတ်နိုင်တော့မှာဖြစ်ပြီး Epic ဟာ Easy Anti-Cheat ကို မကြာခဏ update ပြုလုပ်ပေးသွားဖို့ စီစဉ်ထားတဲ့အတွက် Game Developer များအနေနဲ့ Cheat software များကို detect ပြုလုပ်၍မရနိုင်မှာကို စိုးရိမ်စရာမလိုတော့ပဲ ရိုးသားမှုမရှိတဲ့ player များကို ဖယ်ရှားပစ်နိုင်တော့မှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။