ချိတ်ဆွဲရန်စာတန်း: News-EU-Commission-Electronic-Waste-JobsInYangon
Electronic စွန့်ပစ်ပစ္စည်းများကိုလျှော့ချနိုင်ရန်ရည်ရွယ်၍ ဥရောပကော်မရှင်အဖွဲ့မှ ထုတ်လုပ်သူများကို USB-C charging port များသာအသုံးပြုကြရန် ညွှန်ကြားခဲ့
ဥရောပ Union ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ ဥရောပကော်မရှင်အဖွဲ့မှ Electronic စွန့်ပစ်ပစ္စည်းများကို လျှော့ချနိုင်ရန် ရည်ရွယ်၍ စမတ်ဖုန်းများနဲ့ အခြားသောလျှပ်စစ်ပစ္စည်းထုတ်လုပ်သူများကို သူတို့ရဲ့ device များအတွက် USB-C charging port တစ်မျိုးတည်းကိုသာအသုံးပြု၍ ထုတ်လုပ်ကြရန် အမိန့်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။
Smartphone များအပြင် အဆိုပါဥပဒေဟာ အခြားသော Electronic device များဖြစ်တဲ့ Tablet များ၊ Headphone များ၊ Portable speaker များ၊ Videogame console များနှင့် Camera များအပေါ်လည်း အကျိုးသက်ရောက်မှုရှိစေမှာဖြစ်တဲ့အတွက် ထုတ်လုပ်သူများအနေနဲ့ နောက်ထပ်ထုတ်လုပ်မည့် device များတွင် သူတို့ရဲ့ fast-charging နည်းပညာများကို ပုံမှန်စံနှုန်းတစ်ခုသတ်မှတ်၍ ထုတ်လုပ်ကြရတော့မှာပဲဖြစ်ပါတယ်။
အဆိုပါဥပဒေဟာ ကြိုးဖြင့် charging သွင်းစရာလိုတဲ့ device များအတွက်သီးသန့်သာ သက်ရောက်မှုရှိစေမှာဖြစ်ပြီး ကြိုးမဲ့နည်းပညာဖြင့်အားသွင်းနိုင်တဲ့ device များကတော့ USB-C charging port ကို မဖြစ်မနေထည့်သွင်းဖို့ လိုအပ်မှာမဟုတ်ကြောင်းကိုလည်း ဥရောပကော်မရှင်အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးမှ The Verge သို့ အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။