ချိတ်ဆွဲရန်စာတန်း: News-Facebook-End-To-End-Encryption-JobsInYangon
Messenger အတွင်းရှိ အသံနှင့် video call ခေါ်ဆိုမှုများအတွက် end-to-end encryption ကို Facebook မှ ထည့်သွင်းပေးလျှက်ရှိ
Facebook ဟာ Messenger အတွင်းရှိ အသံနှင့် video call များပြုလုပ်ခြင်းကိုလည်း end-to-end encryption ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒီအကြောင်းကို Facebook ရဲ့ disappearing message အတွက် control အသစ်များထည့်သွင်းထားတဲ့အကြောင်းကြေငြာမှုပြုလုပ်ရင်း ဩဂုတ်လ ၁၃ ရက်နေ့တွင် ကြေငြာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အချို့သော အသုံးပြုသူများအနေနဲ့ encryption နဲ့ သက်ဆိုင်တဲ့ အခြားသော စမ်းသပ်လုပ်ဆောင်ချက်အသစ်များကိုလည်းတွေ့မြင်လာရနိုင်ပါတယ်။
Facebook Messenger အတွင်းသို့ ၂၀၁၆ ခုနှစ်တွင် “secret conversation” option ကို ထည့်သွင်းရင်း အဆိုပါ option အတွက် end-to-end encryption ကို တစ်ပါတည်းထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ယခုအခါ အဆိုပါလုပ်ဆောင်ချက်ဟာ ဖုန်းခေါ်ဆိုမှုများကိုလည်း support ပြုလုပ်ပေးနိုင်ပြီဖြစ်ပြီး Facebook ရဲ့ပြောဆိုချက်အရ အသံနှင့် video call များအသုံးပြုခြင်းကို စိတ်ဝင်စားမှုမြင့်တက်လာကြတဲ့အတွက် ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
ယခုအခါ မှတ်တမ်းများအရ Messenger အတွင်း တစ်နေ့လျှင် video call ပြုလုပ်မှုပေါင်း သန်း ၁၅၀ ကျော်ခန့် ရှိနေကြောင်း သိရှိရပြီး Facebook မှ E2EE လုပ်ဆောင်ချက်ဟာ “Messaging ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်အတွင်း စံနှုန်းတစ်ခုအနေနဲ့ ဖြစ်လာခဲ့ပြီဟူ၍” ဆိုထားခဲ့ပါတယ်။ ယခုအခါ အခြားသော video calling app များဖြစ်တဲ့ Zoom, Signal နှင့် Apple Face Time တို့တွင်လည်း အဆိုပါ E2EE လုပ်ဆောင်ချက်ကို ထည့်သွင်းအသုံးပြုလျှက်ရှိနေပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။