Jobs In Myanmar
Load...

Ford နှင့် Rivian တို့မှ အတူတကွပူးပေါင်း၍ လျှပ်စစ်ကားထုတ်လုပ်ရန်အစီအစဉ်ကို ဖျက်သိမ်းခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Ford-Rivian-Cancles-EVproduction-JobsInYangon



Ford နှင့် Rivian တို့မှ အတူတကွပူးပေါင်း၍ လျှပ်စစ်ကားထုတ်လုပ်ရန်အစီအစဉ်ကို ဖျက်သိမ်းခဲ့ 

 

Ford နှင့် Rivian တို့မှ ၎င်းတို့အတူတကွပူးပေါင်း၍ လျှပ်စစ်ကားတစ်စီးထုတ်လုပ်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ Automotive News နှင့် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုတွင် Ford CEO Jim Farley မှ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် ကားအစီးရေပေါင်း ၆၀၀,၀၀၀ ကျော် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားတဲ့အတွက် ၎င်းတို့တစ်ဦးတည်းသာ လျှပ်စစ်ကားထုတ်လုပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

Ford မှ ၂၀၁၉ ခုနှစ်အတွင်းတွင် Rivian ထံသို့ ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ပြီး ၂ ဖက်စလုံးမှ Ford ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်အောက်မှ လျှပ်စစ်ကားထုတ်လုပ်နိုင်ဖို့အတွက် အတူတကွပူးပေါင်းဆောင်ရွက်မှုတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ကြေငြာခဲ့သော်လည်း ၂၀၂၀ ခုနှစ်အစောပိုင်းတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုများကို အကြောင်းပြု၍ အဆိုပါ Lincoln တံဆိပ် လျှပ်စစ်ကားထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ထိုအချိန်က အခြားသောကားတစ်စီးကို Rivian ရဲ့နည်းပညာအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြေငြာခဲ့သေးသော်လည်း ယခုအခါတွင် အဆိုပါ project ကို ဆက်လက်လုပ်ဆောင်သွားနိုင်တော့မှာမဟုတ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ 

Farley ရဲ့ အဆိုအရ အဆိုပါ project ကို ဆက်လက်၍ မလုပ်ကိုင်တော့ဖို့ရာအတွက် Ford နှင့် Rivian တို့မှ ဆုံးဖြတ်ချက်ချလိုက်ရတဲ့ အကြောင်းအရင်းရဲ့ တစိတ်တဒေသကတော့ ၎င်းတို့ရဲ့ hardware နဲ့ software များဟာ အတူတကွပူးပေါင်းထည့်သွင်းနိုင်ရန် ခက်ခဲမှုများရှိနေခြင်းကြောင့်ဖြစ်တယ်လို့ သိရှိရပြီး ကုမ္ပဏီ ၂ ခုစလုံးမှ ဒီဆုံးဖြတ်ချက်ဟာ သူတို့ ကုမ္ပဏီ ၂ ခုအကြားရှိ ကောင်းမွန်တဲ့ဆက်ဆံရေးအပေါ် ထိခိုက်မှုရှိစေမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 

www.jobsinyangon.com  


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS