ချိတ်ဆွဲရန်စာတန်း: News-GeForceNow-Fortnite-iOS-JobsInYangon
Fortnite ဟာ GeForce Now ရဲ့ အကူအညီဖြင့် iOS ပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့
Fortnite ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လကတည်းက Apple ရဲ့ app store ပေါ်မှ ban ထာားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ Nvidia ရဲ့ GeForce Now streaming ဝန်ဆောင်မှုတွင် Fortnite ရဲ့ streaming version ကို closed beta အနေနဲ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အတွက် iPhone နှင့် iPad user များအနေနဲ့ ၎င်းတို့ရဲ့ဖုန်းများနှင့် Tablet များပေါ်တွင် GeForce Now ဝန်ဆောင်မှုရဲ့အကူအညီဖြင့် Fortnite ဂိမ်းကို streaming ပြုလုပ်၍ ဆော့ကစားနိုင်တော့မှာပဲဖြစ်ပါတယ်။
Nvidia နှင့် Epic Games တို့ဟာလည်း Fortnite ကို GeForce Now ဝန်ဆောင်မှုအား (GeForce Now, Stadia, xCloud နှင့် Luna ကဲ့သို့သောဝန်ဆောင်မှုများကို iOS ပေါ်တွင် operate ပြုလုပ်ခွင့်ပေးထားသော တစ်ခုတည်းသောနည်းလမ်းဖြစ်တဲ့) Safari web browser ကိုအသုံးပြု၍ ပြန်လည်ဆော့ကစားနိုင်မှာဖြစ်တယ်လို့ နိုဝင်ဘာလ ၂၀၂၀ ခုနှစ်ကတည်းက ကတိပေးပြောကြားထားခဲ့တာလည်း ဖြစ်ပါတယ်။
Fortnite ကို ယခင်ကလည်း GeForce Now ပေါ်တွင် Android user များမှ ဆော့ကစား၍ရနေပြီးဖြစ်သော်လည်း အဆိုပါ version ဟာ Fortnite desktop version ရဲ့ streamed copy တစ်ခုမျှသာဖြစ်ပြီး ယခုထုတ်လုပ်လိုက်တဲ့ version အသစ်ကတော့ mobile device များအတွက် အထူးပြင်ဆင်ထားတဲ့ version တစ်ခုဖြစ်ကာ iOS နှင့် Android version Fortnite game များနည်းတူ touchscreen control များနှင့် menu များပါဝင်လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။