ချိတ်ဆွဲရန်စာတန်း: News-Four-Major-Browsers-Malware-JobsInYangon
အဓိက Browser ၄ ခုကို Malware Campaign တစ်ခုမှတိုက်ခိုက်ခြင်းခံခဲ့ရ
လက်တလောဖြစ်ပွားနေတဲ့ Malware Campaign တစ်ခုဟာ Web browser များရဲ့ လုံခြုံရေးကိုကျိုးပေါက်စေနိုင်တဲ့ Malware များဖြင့်တိုက်ခိုက်မှုများပြုလုပ်လျှက်ရှိနေပြီး Malicious Browser Extension များကို ထည့်သွင်းခြင်းနှင့် အသုံးပြုသူများရဲ့ကွန်ပြူတာများတွင် အခြားသောပြောင်းလဲမှုများကို ပြုလုပ်နိုင်ကြကြောင်း Microsoft မှ ဒီဇင်ဘာလ၊ ၁၇ ရက်နေ့တွင် ထုတ်ပြန်မှုတစ်ရပ်ဖြင့်ကြေငြာခဲ့ပါတယ်။
ဒီ widespread ad-injection campaign တွင် Chrome, Firefox, Microoft Edge နဲ့ Yandex တို့ဟာ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါ Androzek လို့အမည်ပေးထားတဲ့ malware ဟာ မတူညီတဲ့ Domain ပေါင်း ၁၅၉ ခုအတွင်းရှိ domain တစ်ခုလျှင် ၁၇,၃၀၀ unique URL များပါဝင်နေပြီး အဆိုပါ URL တစ်ခုစီတွင် မတူညီတဲ့ malware sample များ ၁၅,၃၀၀ ပါဝင်လျှက်ရှိနေတဲ့ ကွန်ယက်အပေါ်အားထားကာ အဖျက်လုပ်ငန်းများကို ပြုလုပ်နေကြောင်း သိရှိရပါတယ်။
အဆိုပါ Campaign ဟာ မေလအတွင်းတွင် စတင်၍ဖြစ်ပွားခဲ့တာဖြစ်ပြီး ဩဂုတ်လတွင် စိုးရိမ်ရတဲ့အခြေအနေသို့ ရောက်ရှိလာခဲ့ပါတယ်။ Install ပြုလုပ်မိလိုက်တာနဲ့ Androzek ဟာ အသုံးပြုနေတဲ့ Browser နဲ့ system တို့ကို ပြောင်းလဲမှုများစွာဖြစ်ပေါ်စေနိုင်စွမ်းရှိနေပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။