Jobs In Myanmar
Load...

ဘွဲ့ရပြီးစလူငယ်များအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ရာ အကြံပြုချက်များ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Fresh-Graduate-Career Tip



ကလေးငယ်တိုင်းမှာ အရေးပါအရာရောက်သူတစ်ယောက် ဖြစ်လာချင်တဲ့စိတ်လေး ရှိကြပါတယ်။အဲဒီစိတ်ကြောင့်ဘဲ မူလတန်းကနေ ကောလိပ်/တက္ကသိုလ်ရောက်တဲ့အထိ အဆက်မပြတ်ကြိုးစားလာကြတာဖြစ်ပါတယ်။

အဲ့ဒီလိုကြိုးစားခြင်းအားဖြင့် အချိန်တန်ရင် မိမိလိုချင်တဲ့ အလုပ်ကိုလုပ်နိုင်ရမယ်(‘ရ’ ရမယ်) ဆိုတဲ့ စိတ်လေးပေါ့။

ဘဝရဲ့အစိတ်အပိုင်းအသစ်တစ်ခုကို ချဉ်းနင်းဝင်ရောက်ရတာဟာ အတော်ကိုစိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ဘွဲ့ယူပြီး မိမိနှစ်သက်ရာအသက်မွေးဝမ်းကြောင်းလုပ်ငန်း တစ်ခုကို ရွေးချယ်လုပ်ကိုင် ဖို့အတွက် အခွင့်အရေးရရှိခြင်းထပ် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာ မရှိနိုင်တော့ပါဘူး။ ဒါပေမယ့် ဘွဲ့ရကာစ လူငယ်အများစုဟာ ဘယ်အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး သိပ်မသေချာကြပါဘူး။ဒါ့ကြောင့် သင့်မှာ ဘွဲ့ရခါနီးအသိမိတ်ဆွေ(သူငယ်ချင်း) တစ်ယောက်ရှိခဲ့မယ်ဆိုရင် သူ/သူမကို ဒီအကြံပြုချက်တွေ၊အိုင်ဒီယာတွေအကြောင့် သေချာပေါက် ပြောပြပေးပါ။

၁။ ဘွဲ့ရပြီးပြီးချင်း ဘယ်လုပ်ငန်းတစ်ခုကိုဝင်ရောက်လုပ်ကိုင်ရမယ်ဆိုတာကို မသိသေးတာက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ သင့်အတွက်ကော ၊ ဘယ်သူ့အတွက်မှ အသေအချာ ဆုံးဖြတ်ထားပြီးသားအရာ ရှိနေမှာမဟုတ်ပါဘူး။ တကယ်လို့သင်က ဘဏ္ဍာရေးဆိုင်ရာ စီစစ်လေ့လာသူ (Financial Analyst) တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တောင်မှ သင့်နဲ့သင့်လျော် တဲ့အခွင့်အလမ်းတွေ အများကြီးရှိနေတာကို တွေ့ရပါလိမ့်မယ်။ သင့်ရဲ့ရွေးချယ်မှုတွေနဲ့ အတွေ့အကြုံတွေက သင့်ရဲ့ Career ကို ပုံဖော်ပေးသွားမှာ ဖြစ်ပါသည်။

၂။ သင့်ရဲ့စိတ်ကိုပြောင်းပြီး အသစ်ကပြန်စမယ်ဆိုရင်လည်း အဆင်ပြေ(ဖြစ်နိုင်)ပါတယ်။ လုပ်ငန်းလည်ပတ်မှုပုံစံကို ပိုမိုသိရှိလာတဲ့အခါမှာ သင်လေ့လာလိုက်စားလာတဲ့ Career ကို ပြောင်းလဲ သို့မဟုတ် ထိန်းညှိလို့ရပါတယ်။ ကောလိပ် နဲ့ ပညာရေးကဏ္ဍက သင့်ကို အများကြီးသင်ပေးလိုက်နိုင်ပေမယ့် သင့်ရဲ့ ရွေးချယ်မှုတွေကိုကူညီလမ်းပြပေးနိုင်ဖို့အတွက် တကယ့်လုပ်ငန်းအတွေ့အကြုံကနေ တဆင့် သင်လေ့လာသင်ယူရမယ့်အရာတွေ များစွာရှိနေနိုင်ပါသေးတယ်။

၃။ သင်ရွေးချယ်ဖို့စဉ်းစားနေတဲ့ လုပ်ငန်းခွင်နယ်ပယ်ကနေ အကြံဥာဏ်တွေတောင်းယူပါ။ အဲ့ဒီ နယ်ပယ်မှာ အလုပ်လုပ်နေတဲ့လူတွေအများကြီးကို မေးမြန်းပါ။ ဘယ်ရွေးချယ်မှုက အခြားရွေးချယ် မှုတွေထက် ပိုကောင်းလည်းလို့ဆုံးဖြတ်တဲ့နေရာမှာ အသုံးပြုဖို့အတွက် အကြံဥာဏ်တွေအများကြီး လိုအပ်ပါတယ်။ သင်ရရှိတဲ့အကြံပြုချက်တိုင်းကတော့ ကောင်းမှာမဟုတ်တဲ့အတွက် သင့်အနေနဲ့ ဂရုတစိုက်ဆင်ခြင်စဉ်းစားဖို့လိုအပ်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ ရွေးချယ်မှုတစ်ခုဟာ သင့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှုဘဲဖြစ်သင့်ပါတယ်။ အခြားတစ်ယောက်ရဲ့ရွေးချယ်ဆုံးဖြတ်ပေးမှုမဖြစ် သင့်ပါဘူး။

၎။ တစ်ခုခုမှာတော်နေတယ်ဆိုရုံနဲ့ အဲ့ဒီအရာကို သင်လိုချင်တဲ့ သို့မဟုတ် သင်လေ့လာလိုက်စား သင့်တဲ့ Career တစ်ခုလို့သတ်မှတ်လို့မရနိုင်ပါ။ မှန်ပါတယ် အချို့သူတွေက Career တစ်ခုမှာ သေချာပေါက်ထွန်းပေါက်အောင်မြင်ဖို့ မွေးဖွါးလာသူတွေလို့ထင်ရပါတယ်။ဥပမာ အဆိုတော်တွေ ၊ အားကစားသမားတွေပေါ့။ ဒါပေမယ့် သင်တကယ်အလိုရှိတဲ့အရာဖြစ်မှသာ အဲ့ဒီလို Career တွေမှာ အောင်မြင်ပေါက်ရောက်နိုင်မှာဖြစ်ပါတယ်။

၅။ကျရှုံးခဲ့မယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး။ Skill (အတတ်ပညာ)တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ဖို့ အတွက် နှစ်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။ ဒါ့ကြောင့် သင်ရွေးချယ်ထားတဲ့ Career မှာ အမှားတွေမလုပ်မိဖို့ မျှော်လင့်ထားလို့ မရပါဘူး။

၆။ ငွေကြေး နဲ့ ဝင်ငွေ(အလုပ်မှထပ်ဆောင်းရရှိငွေ) တွေက သင့်ဆုံးဖြတ်ချက်ရဲ့အခြေခံအချက် တွေ မဖြစ်သင့်ပါဘူး။ ရွေးချယ်ထားတဲ့  Career က သင့်ကိုပျော်ရွှင်ကျေနပ်နိုင်စေမှာလား ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဝင်ငွေအရမ်းကောင်းမွန်ပေမယ့် သင့်ရဲ့စိတ်ခံစားမှုကိုဆိုးရွား စေနိုင်တဲ့ Career တွေလည်းရှိနေပါသေးတယ်။

၇။အရှုံးမပေးပါနဲ့။ အောင်မြင်ဖို့နဲ စိတ်ကျေနပ်နှစ်သိမ့်မှု ရရှိနိုင်ဖို့အတွက် အချိန်ကြာကောင်းကြာ နိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ မဆုတ်မနစ်ကြိုးစားမှုကဘဲ သင့်ကိုအဲ့ဒီအရာတွေရရှိနိုင်ဖို့ ဦးဆောင် ခေါ်ယူသွားနိုင်မှာဖြစ်ပါတယ်။

၈။ နောက်ဆုံးအနေနဲ့ကတော့ အစီအစဉ်နှစ် ( Plan B ) ကို ပြင်ဆင်ထားဖို့မမေ့ပါနှင့်။ တစ်ခါတစ် လေမှာ သင့်ရဲ့ဆုံးဖြတ်ချက်တွေဟာ သင်လိုချင်တဲ့ရလာဒ်တွေ ယူဆောင်ပေးနိုင်ခြင်း မရှိတာမျိုး လည်းဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အခြားသောရွေးချယ်စရာတွေ ရှိထားဖို့လည်း အရေးကြီးပါတယ်။ သင့်ရဲ့ အစီအစဉ်နှစ် ( Plan B )ကို အသုံးပြုစရာ မလိုတာမျိုးလည်းဖြစ်နိုင်ပါ တယ်။ ဒါပေမယ့် ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့်တော့ ဘာမှထိခိုက်စရာမရှိနိုင်ပါဘူး။

သင့်ရဲ့ Career ရွေးချယ်မှုဟာ အရေးကြီးတဲ့ဆုံးဖြတ်ချက် တစ်ခုဘဲဖြစ်ပါတယ်။ သင့်ရဲ့ ပထမဆုံး ဆုံးဖြတ်ချက်က မှားသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစပိုင်းမှာ ကျရှုံးခြင်းက နောက်ဘယ်တော့မှာ အောင်မြင်လာမှာမဟုတ်တော့ဘူးလို့ မဆိုလိုပါဘူး။ သင်အောင်မြင်ဖို့ ကြိုးစားနေတဲ့ အရာမှာ ဇွဲ လုံ့လအပြည့်နဲ့ မဆုတ်မနစ်ကြိုးစားပါ။ အနှေးနဲ့အမြန်ဘဲ သင်ရှာဖွေနေတဲ့ အရာကို ရှာတွေ့လာမှာပါ။ 

အလုပ်အကိုင်ကောင်များရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကျေးဇူးတင်လျက်

www.jobsinyangon.com

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)
Elabram Systems CO., LTD.

Elabram Systems CO., LTD.

Our in-depth understanding of our customers' requirements allow us to deliver quality solutions and maintain long-term relationship. Elabram believes in integrity and effective management with an empo...
Show the postings (5)
Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS