ချိတ်ဆွဲရန်စာတန်း: News-GameStop-CFO-Resigns-JobsInyangon
GameStop ရဲ့ CFO ဖြစ်သူ Jim Bell ရာထူးမှနှုတ်ထွက်
IGN မှ သတင်းတစ်ရပ်အရ Video Game လက်လီရောင်းချခြင်းဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ GameStop ရဲ့ CFO Jim Bell ဟာ ကုမ္ပဏီမှထွက်စာတင်ခဲ့ပြီး မတ်လ ၂၆ ရက်နေ့မှစတင်၍ အတည်ဖြစ်သွားမှာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ယခုအခါမှာတော့ Bell ရဲ့ နေရာကို အစားထိုးနိုင်မည့်သူတစ်ဦးကို ရှာဖွေနေဆဲပဲဖြစ်ပါတယ်။
Mr. Bell ဟာ GameStop ရဲ့ ခေါင်းဆောင်ပိုင်းနေရာများသို့ CFO အဖြစ်နဲ့ ၂၀၁၉ ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါရာထူးနေရာကို GameStop နဲ့ ၂၃ နှစ်ကျော်ခန့် လက်တွဲခဲ့သော Rob Lloyd ဆိုသူထံမှ လက်လွှဲရယူခဲ့ခြင်းလည်း ဖြစ်ပါတယ်။ SEC ရဲ့ အချက်အလက်များအရ Bell ဟာ အခြေခံလစာအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀၊ စတင်ခေါ်ယူဌားရမ်းမှုပြုလုပ်စဉ်က ကနဦး bonus အဖြစ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ နှင့် နှစ်စဉ် bonus အဖြစ် သူ့ရဲ့လစာငွေနဲ့ညီမျှတဲ့ ပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ တို့ကို ရရှိခဲ့ပါတယ်။
ယခုအခါမှာလည်း သူဟာ အလုပ်ဌားရမ်းစဉ်ကချုပ်ဆိုခဲ့တဲ့စာချုပ်ပါအတိုင်း “ကောင်းမွန်တဲ့ အကြောင်းပြချက်” တစ်ခုကြောင့် Resign ပြုလုပ်ခဲ့ရတာဖြစ်တဲ့အတွက် သူ့အနေနဲ့ ခွဲခွာမှုအထိမ်းအမှတ် bonus အဖြစ် သူ့ရဲ့ base salary နဲ့ target annual bonus တို့ စုစုပေါင်းရဲ့ ၂ ဆဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၂.၈ သန်းကိုလည်း ထပ်မံရရှိဦးမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။