Jobs In Myanmar
Load...

Google နဲ့ Apple တို့မှ အသုံးပြုသူများရဲ့ တည်နေရာကိုမျှဝေပေးသော နည်းပညာများကို တားမြစ်ပိတ်ပင်ရန်ပြုလုပ်လျှက်ရှိ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Google-Apple-Cookies-JobsInYangon



Google နဲ့ Apple တို့မှ အသုံးပြုသူများရဲ့ တည်နေရာကိုမျှဝေပေးသော နည်းပညာများကို တားမြစ်ပိတ်ပင်ရန်ပြုလုပ်လျှက်ရှိ

 

သင့်ဖုန်းအတွင်းရှိ app အချို့တွင် X-mode Social မှ ကုဒ်အချို့ပါဝင်နေနိုင်ပြီး ထိုအရာက သင့်ရဲ့တည်နေရာကို ခြေရာခံပေးပို့ပြီး ရောင်းချမှုများ ပြုလုပ်နေနိုင်ပါတယ်။ လက်ရှိအချိန်တွင်တော့ Google နဲ့ Apple တို့ဟာ ဒီအရာကို ရပ်တန့်နိုင်ဖို့အတွက် ကြိုးစားလျှက်ရှိတယ်ဟူ၍ Wall Street မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ ကုမ္ပဏီ ၂ ခုစလုံးဟာ developer များကို သူတို့ရဲ့ app များပေါ်ရှိ X-Mode ရဲ့ကုဒ်ကို ဖယ်ရှားပေးဖို့အတွက် အကြောင်းကြားခဲ့ကြပြီး ဒီလိုမှမဟုတ်ရင်တော့ အဆိုပါ app များကို ကုမ္ပဏီ ၂ ခုစလုံးမှ သက်ဆိုင်ရာ app store များပေါ်မှ ဖယ်ရှားမှုများပြုလုပ်သွားမှာဖြစ်ပါတယ်။ 

X-Mode ဟာ developer များကို သူတို့ရဲ့ app ထဲသို့ထည့်သွင်းရမည့် SDK ဟု ခေါ်တွင်သော ကုဒ်တစ်ခုကိုပေးအပ်ကာ အဆိုပါအရာက အသုံးပြုသူရဲ့ တည်နေရာကို ခြေရာခံမှုပြုလုပ်ပြီးနောက် အဆိုပါ အချက်အလက်များကို X-Mode သို့ရောင်းချရန်အတွက် ပြန်လည်ပေးပို့နေတာပဲဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ X-Mode က developer များကို သူတို့ရဲ့ app ပေါ်တွင်ရှိနေသော အသုံးပြုသူအရေအတွက် အပေါ်မူတည်၍ ငွေကြေးပမာဏတစ်ခုသတ်မှတ်ကာ ပေးအပ်သွားတာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ Apple မှ သူတို့ရဲ့ developer များကို SDK အားဖယ်ရှားရန် အချိန် ၂ ပတ်ပေးထားခဲ့ပြီး Google မှတော့ အချိန်တစ်ပတ်ပေးကာ အဆိုပါအချိန်ကို ရက် ၃၀ အထိသာ နောက်သို့ရွှေ့ခွင့်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အနာဂါတ်တွင်လည်း စာဖတ်သူတို့အသုံးပြုနေတဲ့ app တစ်ခုခုက တည်နေရာကိုရယူဖို့ လိုအပ်ခဲ့ပါက အဆိုပါ app အနေနဲ့ ဒီအရာကို အမှန်တကယ်လိုအပ်မှု ရှိ၊မရှိကို သေချာစွာစဉ်းစားကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS