ချိတ်ဆွဲရန်စာတန်း: News-Subsea-Cable-System-JobsInYangon
Google နှင့် Facebook တို့မှ ပင်လယ်အောက်ကေဘယ်လ်ကြိုးစနစ်သွယ်တန်းမှုတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာ
အာရှပစိဖိတ်ဒေသအတွင်း အင်တာနက်ချိတ်ဆက်မှုကောင်းမွန်မှုရှိစေရေးအတွက် ပင်လယ်အောက်ကေဘယ်လ်ကြိုးစနစ်တစ်ခုကို ၂၀၂၄ ခုနှစ်တွင် အပြီးသွယ်တန်းနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Google နှင့် Facebook တို့မှ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီ Apricot ဟုအမည်ရတဲ့ infrastructure project ဟာ ဂျပန်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ Guam၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများရဲ့ တိုးတက်လာတဲ့ Broadband လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်နှင့် 5G ကြိုးမဲ့စနစ်ကွန်ယက်ကိုရရှိနိုင်လာစေမှာဖြစ်ပါတယ် ဟူ၍ Facebook မှ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လအတွင်း Facebook မှ စင်္ကာပူနှင့် U.S west coast ဒေသများကို ချိတ်ဆက်ပေးမည့် transpacific ပင်လယ်အောက် ကေဘယ်လကြိုး ၂ ခုအကြောင်းကို ကြေငြာမှုပြုလုပ်ခဲ့ပြီး Bifrost နှင့် Echo ဟု အမည်ပေးထားခဲ့ကာ Google ကတော့ Echo ပရောဂျက်တွင် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Echo နှင့် Apricot ကေဘယ်လ်များဟာ complementary submarine system များဖြစ်ကြပြီး Google Cloud နှင့် ကုမ္ပဏီရဲ့ အခြားသော ဒီဂျစ်တယ်နည်းပညာဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်ဟူ၍ Google မှ blogpost တစ်ခုတွင်ပြောကြားခဲ့ပါတယ်။ အဆိုပါ အာရှပစိဖိတ်ဒေသကို ဖြတ်သန်း၍ သွယ်တန်းမည့် Fiber-optic link အသစ်ဟာ ကနဦးဒီဇိုင်းများအရ တစ်စက္ကန့်လျှင် 190 terabit အထိရရှိနိုင်မှာဖြစ်တယ်လို့ Facebook ရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။