Jobs In Myanmar
Load...

ကြာမြင့်စွာ အသုံးမပြုသော app များရဲ့ Permission များကို အလိုအလျှောက်ပယ်ဖျက်ပေးနိုင်မည့် လုပ်ဆောင်ချက်အား Google မှ ကြေငြာ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Google-UnusedApps-Permissions-JobsInYangon



ကြာမြင့်စွာ အသုံးမပြုသော app များရဲ့ Permission များကို အလိုအလျှောက်ပယ်ဖျက်ပေးနိုင်မည့် လုပ်ဆောင်ချက်အား Google မှ ကြေငြာ

 

Android 6 နှင့် အထက် device များ၌ ကြာမြင့်စွာအသုံးပြုခြင်းမရှိသော app များရဲ့ Permission များကို အလိုအလျှောက်ပယ်ဖျက်ပေးမည့် လုပ်ဆောင်ချက်တစ်ခုအား Android 6 နှင့် အထက် device များတွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Google မှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ယခင်က အဆိုပါ auto-reset app permissions  လုပ်ဆောင်ချက်ကို Android 11 တွင်သာအသုံးပြု၍ရနိုင်ခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်ကာလထက်ကျော်လွန်၍ app တစ်ခုကို အသုံးပြုခြင်းမရှိတဲ့အခါ Android စနစ်မှာ အဆိုပါ app ကို ယခင်ကပေးထားတဲ့ permission များအားလုံးကို ပယ်ဖျက်လိုက်ခြင်းအားဖြင့် သင့်ကို background တွင် tracking ပြုလုပ်နေပြီး ဒေတာအချက်အလက်များကို ရယူနေခြင်းအား ကာကွယ်ပေးနိုင်မယ့် လုပ်ဆောင်ချက်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါဟာနည်းပညာကျွမ်းကျင်သူများမဟုတ်ပဲ ဖုန်းရဲ့ background process များကို ကောင်းစွာစီမံခန့်ခွဲမှု မပြုလုပ်တတ်တဲ့ သာမန်အသုံးပြုသူများအတွက်တော့ လွန်စွာအသုံးဝင်တဲ့လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ အကယ်၍ အသုံးမပြုတာကြာတဲ့ app များကို ပြန်လည်ဖွင့်လှစ်တဲ့အခါတွင်တော့ အဆိုပါ permission များကို နောက်တစ်ကြိမ်ထပ်မံပေးအပ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို Android 6 နှင့် အထက် device များတွင်ပါ ရရှိနိုင်ရန်ပြုလုပ်ပေးလိုက်ခြင်းအားဖြင့် သန်းပေါင်းများစွာသောအသုံးပြုသူများအနေနဲ့ အဆိုပါလုပ်ဆောင်ချက်ကို အလွယ်တကူအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Google ရဲ့ ၁၈ လကြာ စစ်တမ်းကောက်ယူခဲ့တဲ့ ဇယားကွက်တွင် Android 6 device များဟာ ၆၈.၉% အထိ နေရာယူထားပြီး အဆိုပါ feature ကို ယခုနှစ် ဒီဇင်ဘာလမှ စတင်၍ Google Play Service Update မှတဆင့် download ပြုလုပ်ထားနိုင်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ပထမ (၃) လအတွင်း အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Google ရဲ့ပြောဆိုချက်အရ “Update ပြုလုပ်ထားပြီးနောက် နောက်ထပ်ရက်သတ္တပတ်အနည်းငယ်အတွင်း အဆိုပါ feature ကို တရားဝင်ထုတ်လွှင့်သည့်အချိန်မှစတင်၍“ Android စနစ်မှ အလိုအလျှောက် permission များကို ပယ်ဖျက်ပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PMJ Company Limited

PMJ Company Limited

Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS