ချိတ်ဆွဲရန်စာတန်း: Knowledge-Google-Internet-Broadband-JobsinYangon
Google က wireless broadband အသစ်တစ်မျိုးကိုစမ်းသပ်ရန် ခွင့်ပြုချက်တောင်းခံခဲ့
Google က FCC ထံမှ 6GHz စမ်းသပ်မှုတစ်ခုကို အမေရိကန်ပြည်နယ် ၁၇ ခုတွင်လုပ်ဆောင်နိုင်ရန်အတွက် ခွင့်ပြုချက်တောင်းခံခဲ့သည်ဟု Business Insider မှ သတင်းတစ်ရပ်အရ သိရှိခဲ့ရပါတယ်။ ဒီ frequency များဟာ တည်ငြိမ်တဲ့ broadband connection ကိုပေးစွမ်းနိုင်သလားဆိုတာကို စမ်းသပ်နိုင်ဖို့အတွက် 6GHz band များကို စမ်းသပ်ပြုလုပ်လိုနေတာပဲဖြစ်ပါတယ်။
Google က အမေရိကန်နိုင်ငံရှိ ပြည်နယ် ၁၇ ခုဖြစ်တဲ့ Arizona, California, Colorado, Florida, Georgia, Illinois, Iowa, Kansas, Nebraska, New York, North Carolina, Oklahoma, Oregon, Texas, Utah နှင့် Virginia တို့ရှိမြို့များတွင်စမ်းသပ်မှုများပြုလုပ်နိုင်ဖို့ ခွင့်ပြုချက်ကိုတောင်းခံခဲ့တာဖြစ်ပါတယ်။ California တွင် သူတို့ဟာ Los Angeles နှင့် San Francisco အပါအဝင် မြို့ပေါင်း ၇ မြို့တွင် စမ်းသပ်သွားမှာပဲဖြစ်ပါတယ်။
FCC ဟာ လက်တလောကမှ 5G အတွက်အသုံးပြုနိုင်တဲ့ မှတ်ပုံမတင်ရသေးတဲ့ 6GHz spectrum တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ထိုအရာကို vehicle-to-vehicle ချိတ်ဆက်မှုများ၊ IoT နှင့် အခြားသောအရာများ အတွက်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ frequency ကို WiFi အတွက်အသုံးပြုပါက 5GHz ကြိမ်နှုန်းထက် ပိုမိုမြန်ဆန်တဲ့ wireless connection ကိုရရှိနိုင်မှာဖြစ်သော်လည်း ထိုသို့ရရှိနိုင်တဲ့ အကွာအဝေးကတော့ ပိုပြီးလျော့ကျသွားမှာပဲဖြစ်ပါတယ်။ Google ဟာ အခြားသောဝန်ဆောင်မှုများအတွက် စမ်းသပ်ချက်များကို လုပ်ဆောင်နေတာလည်း ဖြစ်နိုင်ပေမယ့် wireless အင်တာနက်အတွက်စမ်းသပ်ချက်များကိုလုပ်ဆောင်နေခြင်းကတော့ ပိုပြီးဖြစ်နိုင်ခြေရှိနေပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။