ချိတ်ဆွဲရန်စာတန်း: News-Google-Cloud-Region-JobsInYangon
Google မှ သူတို့ရဲ့ Global Cloud Region များကို တိုးချဲ့မှုများပြုလုပ်ခဲ့
Google မှ မကြာသေးမှီကပြုလုပ်ခဲ့တဲထုတ်ပြန်ချက်တစ်ရပ်အရ Chile, Germany နဲ့ Saudi Arabia နိုင်ငံများအတွက် Cloud Region အသစ် ၃ ခုကို ထုတ်လွှင့်ပေးလိုက်ပြီဖြစ်ကာ လာမည့်နှစ်တွင် စတင်၍ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ယခုအခါတွင် Google Cloud ဟာ စုစုပေါင်း ဒေသ ၂၄ခု၊ ဇုန် ၇၃ ခုနှင့် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် operate ပြုလုပ်လျှက်ရှိနေပါတယ်။
ယခု ၂၀၂၀ ခုနှစ်အတွင်းတွင် Google ဟာ Jakarta (Indonesia), Las Vegas (U.S), Salt Lake City (U.S) နဲ့ Seoul (South Korea) တို့တွင်လည်း Cloud Region ၄ ခုကို အသစ်ထပ်မံထုတ်လွှင့်ပေးခဲ့တဲ့အပြင် နောက်ထပ် Doha (Qatar), Madrid (Spain), Milan (Italy) နဲ့ Paris (France) တို့တွင်လည်းထပ်မံ၍ Cloud Region များကို ထုတ်လွှင့်ပေးသွားဦးမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်မတိုင်မှီက Google Cloud ဟာ ဒေသ ၁၃ ခုတွင်သာ offer ပြုလုပ်နိုင်စွမ်းရှိခဲ့သော်လည်း ယခုအခါရှိနေတဲ့ Cloud Region များနှင့်နှိုင်းယှဉ်ကြည့်လိုက်ပါက Google ဟာ သူတို့ရဲ့ Cloud နည်းပညာများအပေါ်တွင် များစွာရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားကြောင်းကို သိရှိနိုင်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။