ချိတ်ဆွဲရန်စာတန်း: News-Google-Fi-PhoneCalls-JobsInYangon
Google Fi မှတဆင့် ဖုန်းခေါ်ဆိုမှုများကို end-to-end encryption နည်းပညာထည့်သွင်းပေးသွားရန်ရှိနေ
လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် Google ဟာ ၎င်းတို့ရဲ့ Google Fi MVNO ပေါ်ရှိ ဖုန်းခေါ်ဆိုမှုများကို end-to-end encryption နည်းပညာထည့်သွင်းပေးသွားတော့မှာဖြစ်တယ်လို့ Google မှ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကြေငြာချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
ဆိုလိုတာကတော့ အဆိုပါလုပ်ဆောင်ချက်ကို enable ပြုလုပ်ထားလိုက်တာနဲ့ Google အပါအဝင်၊ မည်သူတစ်ဦးတစ်ယောက်ကမှ အဆိုပါဖုန်းခေါ်ဆိုမှုအတွင်းက ပြောဆိုမှုများကို ကြားဖြတ်နားထောင်မှုပြုလုပ်နိုင်တော့မှာမဟုတ်ပါဘူး။ လက်ရှိတွင် ထိုကဲ့သို့ end-to-end encrypted ပြုလုပ်ထားသည့် အသံဖြင့်ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်သည့် FaceTime နှင့် WhatsApp ကဲ့သို့သော ဝန်ဆောင်မှုများ များစွာရှိနေပြီဖြစ်သော်လည်း Google Fi ရဲ့ အဆိုပါလုပ်ဆောင်ချက်အသစ်ဟာ သာမန်ဖုန်းခေါ်ဆိုမှုများအတွက် default အနေနဲ့ ဖြစ်သွားစေမှာပဲဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ အဆိုပါလုပ်ဆောင်ချက်တွင် ကန့်သတ်ချက်အချို့ရှိနေဆဲဖြစ်ပြီး Google ရဲ့ end-to-end encryption ဟာ Android ဖုန်း (၂) လုံးအကြားရှိ ဖုန်းခေါ်ဆိုမှုများကိုသာ end-to-end encrypt ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး အသုံးပြုသူ (၂) ဦးစလုံးဟာလည်း Google Fi ရဲ့ subscription ကို ဝယ်ယူထားရမှာ ဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။