Jobs In Myanmar
Load...

Android ဖုန်းများရဲ့ Message app ပေါ်တွင် Google မှ End-to-End Encryption ကို စမ်းသပ်လျှက်ရှိနေ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Google-End-to-End-Encryption-JobsInYangon



Android ဖုန်းများရဲ့ Message app ပေါ်တွင် Google မှ End-to-End Encryption ကို စမ်းသပ်လျှက်ရှိနေ

 

ArsTechina.com မှ သတင်းများအရ - လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကပင် Google ဟာ ကမ္ဘာတစ်လွှားရှိ ရာနှင့်ချီသော carrier များနဲ့ ထုတ်လုပ်သူများနဲ့အတူတကွ ပူးပေါင်းလုပ်ဆောင်ကာ Rich Communications Services လို့ခေါ်တဲ့ စံနှုန်းတစ်ခုကို အသုံးပြုဖို့အတွက် လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါအဖွဲ့ဟာ သင့်ဖုန်းအတွင်း ပါဝင်လာမည့် texting app များကို လက်ရှိဈေးကွက်အတွင်းရှိနေသော messaging app များကဲ့သို့ပင် စွမ်းဆောင်ရည်ကောင်းမွန်မှုရှိလာစေရန် အစီအစဉ်များကို ချမှတ်ထားခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ Android ဖုန်းရှိသူ လူတိုင်းကို အကောင်းဆုံး messaging လုပ်ဆောင်ချက်များအား ပေးအပ်သွားနိုင်စေမှာဖြစ်ပါတယ်။ 

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် Google မှ ပြောဆိုခဲ့သည်မှာ - သူတို့ဟာ ကမ္ဘာတစ်ဝှမ်းအတွက် RCS ကို ထုတ်လွှင့်နိုင်ခဲ့ပြီဖြစ်ကာ ယခုအခါတွင် နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ရန်အတွက် လုပ်ဆောင်နေပြီဖြစ်ကာ ထိုအရာကတော့ end-to-end encryption ပဲဖြစ်ပါတယ်။ အဆိုပါ end-to-end encryption ဟာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း လွန်စွာလူသိများသောအရာတစ်ခုဖြစ်လာခဲ့ပြီး Edward Snowden မှ NSA ရဲ့ လျှပ်စစ်ပစ္စည်းများကိုအသုံးပြု၍ စောင့်ကြည့်မှုများကို လူတိုင်းအပေါ် ပြုလုပ်လျှက်ရှိတယ်ဆိုတာအား ဖော်ထုတ်ခဲ့ပြီးနောက်တွင် ပိုမို၍ ရေပန်းစားလာခဲ့ပါတယ်။ 

End-to-end encryption ဆိုတာဟာ အဆိုပါ စောင့်ကြည့်မှုများကို ရပ်တန့်နိုင်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကာ ဒီအရာက လွန်စွာခိုင်ခန့်မှုရှိသော cryptography များကိုအသုံးပြုကာ အသုံးပြုသူတိုင်းအား တစ်ဦးနဲ့တစ်ဦးမတူညီသော key များဖြင့် message များကို encrypt ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ key ဟာ အသုံးပြုသူတစ်ဦးစီတိုင်းမှသာ ပိုင်ဆိုင်နိုင်မှာဖြစ်တဲ့အတွက် end-to-end encryption များဟာ အဆိုပါ app ကို တီထွင်ဖန်တီးသူအပါအဝင်၊ ISP များ၊ Carrier များနဲ့ three-letter agency များ၊ အစရှိတဲ့သူများအားလုံးကိုပါ သက်ဆိုင်ရာ message များကို ဖတ်ရှုခြင်းမှ တားဆီးကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိတွင် E2EE ကို ထည့်သွင်းအသုံးပြုပေးထားသော Messaging app များမှာ - Signal, WhatsApp နှင့် iMessage တို့ဖြစ်ကြပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)
KND Corporation Co., Ltd

KND Corporation Co., Ltd

Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS