Jobs In Myanmar
Load...

Google ဟာ အိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံရင်းနှီးမြှုပ်နှံသွားမည်  

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-IT-Google-Investments-JobsinYangon



Google ဟာ အိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံရင်းနှီးမြှုပ်နှံသွားမည်  

Google က တနင်္လာနေ့ကပြောကြားသွားခဲ့တာကတော့ သူတို့ဟာ လာမည့် ၅နှစ်မှ ၇နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့်ကို အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားဖို့ စီစဉ်လျက်ရှိသည်ဟု သိရပါတယ်။ အဆိုပါ Online Search Engine ကုမ္ပဏီကြီးဟာ သူတို့ရဲ့ presence ကို အဓိက နိုင်ငံရပ်ခြားဈေးကွက်များအထိ ချဲ့ထွင်ဖို့ကြိုးပမ်းလျှက်ရှိရာတွင် အိန္ဒိယနိုင်ငံဟာလည်း တစ်ခုအပါဝင်ဖြစ်လျှက်ရှိနေပါ တယ်။  

Google ရဲ့ အလုပ်အမှုဆောင်ချုပ်ဖြစ်သူ Sundar Pichai ဟာ မနေ့က India Digitization Fund မှတဆင့် Google ဟာ အဆိုပါနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်သွားမည်ဆိုတဲ့ အကြံအစည်ကိုထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။  

“ကျွန်ုပ်တို့ဟာ ဒီအရာကို သာတူညီမျှရင်းနှီးမြှင်းနှီးမြှုပ်နှံမှုများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများနဲ့ ဒေသခံ အခြေခံ အဆောက်အဦးများတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းအားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟူ၍ ကုမ္ပဏီရဲ့ အိန္ဒိယနိုင်ငံအကြောင်းဦးတည်ဆွေးနွေးမှုပြု ခဲ့တဲ့ နှစ်စဉ်အစည်းအဝေးတစ်ရပ်တွင် ဆိုခဲ့ပါတယ်။ 

ရင်းနှီးမြှုပ်နှံမှုများဟာ  အိန္ဒိယနိုင်ငံကို Digital နည်းပညာများထွန်းကားမှုရှိစေရန်အရေးပါတဲ့ ဧရိယာ (၄) ခုတွင် ဆောင်ရွက်သွားမှာဖြစ်ပါတယ် -  

• ပထမဦးဆုံးအနေနဲ့ အိန္ဒိယနိုင်ငံသားများအားလုံးအနေနဲ့ သူတို့ရဲ့ဘာသာစကားအလိုက် ဟိန္ဒူ၊ တမီလ်၊ ပန်ချာပီ (သို့) အခြားသော တိုင်းရင်းသားဘာသာစကားများနဲ့ သတင်းအချက်အလက်များကို သက်သာသောနှုန်းထားနဲ့ ရရှိနိုင်ဖို့ပြုလုပ်ပေးခြင်း။  

• ဒုတိယအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်များနဲ့ကိုက်ညီသော ထုတ်ကုန်အသစ်များနဲ့ ဝန်ဆောင်မှုအသစ်များကို ဖော်ဆောင်တည်ဆောက်ခြင်း။  

• တတိယအနေနဲ့ လုပ်ငန်းများအနေနဲ့ digital transformation ပြုလုပ်ရာတွင် လုပ်ငန်းများကို အားပေးကူညီခြင်း။  

• စတုတ္ထအနေနဲ့ နည်းပညာနဲ့ AI နည်းပညာများကို ပြည်သူလူထုကောင်းကျိုးအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍများတွင် အသုံးချနိုင်စေရန်အတွက် ကူညီခြင်း။  

အစရှိသည့်နေရာများတွင် အားဖြည့်ကူညီကာ အကောင်အထည်ဖော်လုပ်ဆောင်ပြီး တိုးတက်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။  

အိန္ဒိယနိုင်ငံဟာ Google အတွက် အဓိကအရေးပါတဲ့ ပြည်ပဈေးကွက်တစ်ခုဖြစ်ပြီး သူတို့ရဲ့ဝန် ဆောင်မှုများဖြစ်တဲ့ Search, YouYube နဲ့ Android များကိုရောင်းချနိုင်စေဖို့အတွက် online population များစွာရှိနေတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်နေပါတယ်။ 

Google ဟာလည်း အခြားသောအမေရိကန်နည်းပညာကုမ္ပဏီကြီးများကဲ့သို့ပင် သူတို့ရဲ့အမြတ်ငွေ များရဲ့ တစိတ်တစ်ပိုင်းကို ကမ္ဘာ့အကြီးဆုံးအင်တာနက်ဈေးကွက်ပေါ်မှတဆင့် ရရှိနေတာဖြစ်ပါ တယ်။ 

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


River King Ayeyar Construction Co., Ltd.

River King Ayeyar Construction Co., Ltd.

Our Vision To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us. Our Mission To deliver excellence quality in time...
Show the postings (20)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (26)
Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS