Jobs In Myanmar
Load...

မာန်မာနထောင်လွှားနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ဘယ်လိုရင်ဆိုင်မလဲ?

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Handling-Arrogant-CoWorker-JobInYangon



မာန်မာနထောင်လွှားနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ဘယ်လိုရင်ဆိုင်မလဲ? 

 

မိမိဟာ အေးအေးဆေးဆေးနေတတ်သူတစ်ဦးဖြစ်ပြီး မိမိတာဝန်ယူထားရတဲ့အလုပ်များနဲ့ မိမိဌာန၊ မိမိကုမ္ပဏီရဲ့ တိုးတက်ရာတိုးတက်မှုလမ်းကြောင်းကိုသာ တွေးတောဆောင်ရွက်တတ်သူတစ်ဦးဖြစ်နေသော်လည်း တစ်ခါတစ်ရံ လုပ်ငန်းခွင်အတွင်းမှာ မာန်မာနထောင်လွှားပြီး ကြွားဝါတတ်သူများ၊ မိမိရဲ့ ကောင်းမွန်တဲ့အချက်များကို အလွန်အကျူး ထုတ်ဖော်ပြောဆိုတတ်ပြီး အခြားသူများကိုတော့ နှိမ့်ချဆက်ဆံတတ်သူများကို စာဖတ်သူတို့အနေနဲ့ ထိပ်တိုက်တွေ့ကြုံဖူးကြပါလိမ့်မယ်။  

ဒါဟာ ရိုင်းပျတဲ့အပြုအမူတစ်ခုဖြစ်တဲ့အတွက် စာဖတ်သူတို့အနေနဲ့ တစ်ခါတစ်ရံတွင် မခံမရပ်နိုင်ဖြစ်လာနိုင်ပြီး ထိုလုပ်ရပ်များကိုသာ တွေးတောစဉ်းစားနေခဲ့မယ်ဆိုပါက မိမိတို့ရဲ့ အောင်မြင်မှု၊ တက်လမ်းနဲ့၊ လုပ်ငန်းစွမ်းဆောင်ရည်များကိုပါ အနှောင့်အယှက်ဖြစ်လာနိုင်စေတဲ့အတွက် ထိုကဲ့သို့သောသူများနဲ့ ကြုံတွေ့ရတဲ့အခါ ကိုင်တွယ်ဖြေရှင်းသင့်တဲ့ နည်းလမ်းအချို့ကို www.jobsinyangon.com ကနေ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ 

 

၁။ မိမိကိုယ်ကို ပြန်လည်သုံးသပ်ကြည့်ပါ။ 

အခြားသူရဲ့အကြောင်းကို ပြောဆိုခြင်းမပြုမှီတွင် ပထမဦးဆုံး မိမိကိုယ်ကို ပြန်လည်၍ လေ့လာသုံးသပ်ကြည့်လိုက်ပါ။ မာန်မာနထောင်လွှားတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကြောင့် ရံဖန်ရံခါ စိတ်ညစ်ညူးရပြီး စိတ်ရှုပ်ရခြင်းတို့ ဖြစ်လာခြင်းဟာ ပုံမှန်ပဲဖြစ်ပေမယ့် ဒီအပြုအမူများကို မကြာခဏဆိုသလိုတွေ့မြင်နေရတာမျိုးမဟုတ်ဘူးဆိုပါက သင့်အနေနဲ့ ထိုအရာနဲ့ပတ်သက်ပြီး စိတ်ရှုပ်ခံနေစရာမလိုပါဘူး။ 

အခြားတစ်ဖက်မှာ သင်ဟာ ဒီလိုလုပ်ရပ်တွေကြောင့် လွန်မင်းစွာ စိတ်ရှုပ်လာခြင်း၊ ဒေါသထွက်လာခြင်းတို့ဖြစ်လာပြီး စိတ်အာရုံစူးစိုက်၍မရနိုင်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း ဒါမှမဟုတ် ထိုသူရဲ့မကောင်းကြောင်းကိုသာ ထိုင်ပြီးပြောနေလိုစိတ်ရှိလာပြီဆိုရင်တော့ သင့်ရဲ့စိတ်ခံစားမှုများက သင့်ရဲ့ career ကို ပျက်စီးသွားစေနိုင်တဲ့အတွက် သင့်ရဲ့ စိတ်ခံစားမှုများကို ထိန်းချုပ်တတ်ဖို့ လိုအပ်နေပါပြီ။ 

ခါးသီးတဲ့အမှန်တရားတစ်ခုကတော့ တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်ရဲ့လုပ်ရပ်များဟာ မကြာခဏဆိုသလို သင့်ကို ဒေါသထွက်စေခဲ့ပါက ထိုသူရဲ့လုပ်ရပ်များက ပြဿနာဖြစ်နေတာမဟုတ်ပဲ သင့်ရဲ့ စိတ်ခံစားချက်များ လွန်ကဲနေတာလည်းဖြစ်နေနိုင်ပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေကို သင့်ရဲ့ မသိစိတ်က မနာလိုဖြစ်နေခြင်း၊ ဒါမှမဟုတ် သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ထိုသူနှင့် နှိုင်းယှဉ်လိုက်ပါက စိတ်အားငယ်နေခြင်းတို့ဖြစ်နေနိုင်တဲ့အတွက် မိမိကိုယ်ကို မိမိ အရင်ဆုံး နားလည်သဘောပေါက်မှုရှိစေရန် မေးခွန်းများကို မေးမြန်းကြည့်သင့်ပါတယ်။ အခြားမည်သူ့ကိုမှ ထုတ်ဖော်ပြောပြနေစရာမလိုပါဘူး။ ဒီကဲ့သို့ မိမိကိုယ်ကို သိရှိနားလည်မှုရှိအောင် ပြုလုပ်ထားခြင်းအားဖြင့် နောက်ထပ်ပြောပြမယ့်အချက်များတွင် သင့်ကိုအထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်။ 

 

၂။ သင့်ရဲ့စွမ်းအင်များကို အလဟသတ် အဖြစ်မခံပါနဲ့ 

လူတစ်ယောက်ရဲ့ မာန်မာနထောင်လွှားမှုအပေါ် မိမိက ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းခြင်း မပြုနိုင်ပါက ဘယ်အရာမှ ပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာကို သတိရပါ။ အကယ်၍ သင့်အပေါ် မာန်မာနထောင်လွှားနေတဲ့ လုပ်ဖော်ကိုင်ဖက် (ဒါမှမဟုတ်) မည်သည့်လုပ်ဖော်ကိုင်ဖက်မျိုးကမဆို သင့်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ တုန့်ပြန်ပုံများ ကောင်းမွန်မှုမရှိတဲ့အတွက်ကြောင့် သင့်ကို မည်ကဲ့သို့ချောက်တွန်းရမလဲဆိုတာကို သဘောပေါက်သွားနိုင်ခြင်းဟာ သင့်ရဲ့ စွမ်းအင်အရင်းအမြစ်များ အလဟသတ်ကုန်ဆုံးသွားခြင်းပဲဖြစ်ပါတယ်။ 

အကယ်၍ ထိုသူဟာ မာန်မာနထောင်လွှားပြီး စိတ်ကောင်းမရှိသူတစ်ဦးဖြစ်နေခဲ့ပါက ဒီအချက်ကိုအသုံးပြု၍ သင့်ကိုစိတ်ဒုက္ခပေးကာ သင်ပေါက်ကွဲထွက်လာမယ့်အချိန်ကို အေးအေးဆေးဆေး စောင့်ဆိုင်း၍နေရုံပဲဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ အခြားသောလုပ်ဖော်ကိုင်ဖက်များက သင့်ကို အရူးတစ်ယောက်ကဲ့သို့ ထင်မြင်သွားစေနိုင်ပြီး ထိုသူကတော့ ဆက်လက်၍ မာန်မာနထောင်လွှားမြဲ မာန်မာနထောင်လွှားနေဦးမှာပဲဖြစ်ပါတယ်။ ဒီအရာတွေကို တုန့်ပြန်နေမယ့်အစား ထိုသူဟာ သင့်အားဘာကြောင့် ဒီလောက်အထိ တိုက်ခိုက်နေရသလဲဆိုတာကို နားလည်အောင်ကြိုးစားကြည့်လိုက်ပါ။ ဒါကို သဘောပေါက်ထားခြင်းအားဖြင့် အခြေအနေများကို သင့်ဖက်ကပြန်လည်ထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်။

အကယ်၍ ထိုသူကအလုပ်တစ်ခုကိုကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အသိအမှတ်ပြုခံရပြီး မာန်မာနထောင်လွှားနေခြင်းကို သင်ကြည့်မရခဲ့ပါက ဒီအချိန်ဟာ သင်ကောင်းမွန်စွာလုပ်ဆောင်နိုင်တဲ့ အရာများကို အာရုံစိုက်လုပ်ဆောင်၍ ထိုအရာများကို လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်လာစေရန် မည်သို့ပြုလုပ်ရမလဲဆိုသည်အား အကြံထုတ်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ ဒီလိုမှသာ သင်လုပ်ဆောင်နေတဲ့အရာများကတဆင့် အသိအမှတ်ပြုခံရမှုများကို သင်လည်းရရှိလာမှာဖြစ်ပါတယ်။ 

သင်အာရုံစိုက်၍ လုပ်ဆောင်နေသင့်တဲ့ အရာများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီဆိုရင်တော့ နောင်ရေးအတွက် မိမိရဲ့ personal brand ကို တည်ဆောက်နေခြင်းနဲ့သာ အချိန်ကုန်နေမှာဖြစ်တဲ့အတွက် ထိုသူ့အကြောင်း ထိုင်စဉ်းစားနေဖို့ အားလပ်ချိန်တောင် ရှိတော့မယ်မထင်ပါဘူး။  

 

၃။ ထိုသူနဲ့ အတူရှိရမယ့်အချိန်များကို အနည်းဆုံးဖြစ်အောင်ပြုလုပ်၍ မိမိလုပ်စရာရှိတဲ့ ကိစ္စများကိုသာ အာရုံစိုက်ထားပါ။ 

မည်သို့ပင် စိတ်နေသဘောထား တည်ငြိမ်အေးဆေးသူတစ်ဦးဖြစ်နေပါစေ အချို့သောသူများနဲ့ ဆက်ဆံရာတွင် သင့်အနေနဲ့ တစ်ခါတစ်ရံမှာ စိတ်တိုဒေါသထွက်မှုလေးတွေရှိလာနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ လူသားများဖြစ်ကြတဲ့အတွက် အချို့သောသူများနဲ့ မသင့်မြတ်မှုလေးတွေရှိလာနိုင်တာဟာ ပုံမှန်ပဲဖြစ်ပါတယ်။ 

ဒါကြောင့် အကယ်၍ မာန်မာနထောင်လွှားတဲ့သူမျိုးနဲ့ အတူတကွလက်တွဲလုပ်ကိုင်ရပြီဆိုပါက ထိုသို့အတူတကွ လက်တွဲလုပ်ကိုင်ရမယ့်အချိန်ကို အတိုဆုံးဖြစ်စေရန်အတွက် ကြိုးစား၍ ရှောင်ရှားသင့်ပါတယ်။ မလွှဲမရှောင်သာ အတူတကွလက်တွဲလုပ်ကိုင်ရတဲ့အတွက် တစ်ဦးနဲ့တစ်ဦးရန်လိုနေဖို့ မလိုအပ်ပါဘူး။ ထိုသူနဲ့ လုပ်ငန်းပရောဂျက်တစ်ခုတွင် အတူတကွလက်တွဲ၍ လုပ်ကိုင်ခဲ့ရပါက အစည်းအဝေးပွဲများအတွက် တိကျတဲ့ စတင်ချိန်နဲ့ ပြီးဆုံးချိန်ကို သတ်မှတ်ထားပါ။ လိုအပ်တဲ့ အလုပ်ကိစ္စဆွေးနွေးမှုများပြုလုပ်ပြီးပါက အခြားသော ကိစ္စများကိုအကြောင်းပြ၍ ထိုနေရာမှထွက်ခွာသွားလိုက်ပါ။ သင်တို့နှစ်ဦး တွေ့ဆုံ၍ စကားပြောရချိန်တွင် လုပ်ငန်းအကြောင်းကိုသာ အာရုံစိုက်ထားပါ။ အခြားသောကိုယ်ရေးကိုယ်တာကိစ္စများကို ပြောလာပါက “Wow ဒါက စိတ်ဝင်စားဖို့တစ်ကယ်ကောင်းပါတယ်” ဒါပေမယ့် နောက်ထပ် ၁၅ မိနစ်နေရင် ကျနော့်မှာချိန်းထားတာလေးတစ်ခုရှိနေတဲ့အတွက် လက်ရှိ အလုပ်ကိစ္စကို အပြီးသတ်ဆုံးဖြတ်ချက်ချလိုက်ရအောင် ဟူ၍ ပြောဆိုလိုက်နိုင်ပါတယ်။ 

သင့်ကိုယ်သင်သာ ထိန်းချုပ်၍ရနိုင်မှာဖြစ်ပြီး အခြားသူများကို သွားရောက်ထိန်းချုပ်၍ မရနိုင်တဲ့အချက်ကို သတိပြုပါ။ ဒါပေမယ့် သင်ဟာ သင့်ရဲ့အချိန်များကို ထိုသူ့အကြောင်းသာ စဉ်းစားနေခြင်းဖြင့် ကုန်ဆုံးနေခြင်း၊ သင့်ရဲ့အာရုံစိုက်မှုဟာ ထိုသူ့ထံမှာပဲရှိနေခြင်းတို့ ဖြစ်လာပါက ထိုသူများကသင့်ကို ထိန်းချုပ်သွားနိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုသာ အာရုံစိုက်၍ ပြဿနာရှာတတ်တဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ အတူတကွတွေ့ဆုံချိန်ကို နည်းနိုင်သမျှ နည်းပါးအောင် လျှော့ချထားလိုက်ပါ။ ဒါမှသာ သင့်အနေနဲ့ ပိုမို၍တည်ငြိမ်မှုရှိလာမှာဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်များလည်း ပိုမို၍တိုးတက်လာမှာဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Synergy Plus Co., Ltd

Synergy Plus Co., Ltd

Vision - To be one the Leading Construction Companies Mission - To provide our High Quality Services First after SAFETY Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Sumitomo Mitsui Construction Co,.Ltd.

Sumitomo Mitsui Construction Co,.Ltd.

..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS