Jobs In Myanmar
Load...

များပြားတဲ့ လစာနဲ့ မိမိလုပ်နေရတဲ့အလုပ်အပေါ် စိတ်ကျေနပ်မှုရှိရခြင်းတို့အကြား သင်ဘယ်လို့ရွေးချယ်မလဲ?

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-BigSalary-vs-JobSatisfaction-JobsInYangon



များပြားတဲ့ လစာနဲ့ မိမိလုပ်နေရတဲ့အလုပ်အပေါ် စိတ်ကျေနပ်မှုရှိရခြင်းတို့အကြား သင်ဘယ်လို့ရွေးချယ်မလဲ? 

 

အကယ်၍ သင့်အနေနဲ့ လက်ရှိအလုပ်ထက် များပြားတဲ့လစာနဲ့ မိမိလုပ်နေရတဲ့အလုပ်အပေါ် စိတ်ကျေနပ်မှုရှိခြင်း (job satisfaction) တို့အကြား တစ်ခုခုကိုရွေးချယ်ရမည်ဆိုပါက ဘယ်အရာကိုရွေးချယ်မှာပါလဲ? သင့်အနေနဲ့ ပိုမိုများပြားတဲ့ လစာငွေကိုရွေးချယ်မှာလား? ဒါမှမဟုတ် မိမိကိုစိတ်ကျေနပ်မှုပေးစွမ်းနိုင်ပြီး အေးချမ်းစွာအလုပ်လုပ်ရမယ့်ဘဝကိုသာ ရွေးချယ်မှာလား? 

ငွေဟာ အဓိကကျတဲ့အရာတစ်ခုဖြစ်တဲ့အတွက် လူအများစုကတော့ ပိုမိုများပြားတဲ့ လစာငွေကိုပဲ ရွေးချယ်ကြမှာဖြစ်ပါတယ်။ သို့သော်လည်း professional လုပ်ငန်းခွင်သို့ ဝင်ရောက်ပြီးသူများအနေနဲ့ ဒီမေးခွန်းကိုဖြေကြားခြင်းမပြုလုပ်မှီတွင် - သင့်ရဲ့လိုအပ်ချက်များ၊ career goal များ (သက်မွေးဝမ်းကြောင်းမှုအတွက် ထားရှိထားသည့် ရည်မှန်းချက်များ) နဲ့ အခြားသောအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ 

သင့်ကို လစာကောင်းကောင်းပေးထားနိုင်တဲ့အလုပ်တစ်ခုဟာ သင့်ငွေရေးကြေးရေးအခြေအနေကို ပိုမိုတည်ငြိမ်လာစေနိုင်တာတော့ အမှန်ပါပဲ။ ဒါပေမယ့်အခြားတစ်ဖက်တွင် သင့်ကို job satisfaction ရရှိစေပြီး စိတ်ဖိစီးမှုများမှ ကင်းဝေးစေမယ့်အလုပ်မျိုးဟာလည်း သင့်ရဲ့စိတ်ချမ်းသာမှုအတွက်၊ အလုပ်-ဘဝမျှခြေရှိစေဖို့အတွက်နှင့် career လမ်းကြောင်းတွင် တည်ငြိမ်စွာတိုးတက်မှုရှိစေရေးအတွက် ရွေးချယ်သင့်တဲ့အလုပ်တစ်မျိုးပဲဖြစ်ပါတယ်။ 

အကယ်၍ စာဖတ်သူတို့ဟာ ယခုအချိန်မှာ ဘယ်လိုအလုပ်မျိုးကိုရွေးချယ်ရမလဲ ဝေခွဲမရဖြစ်နေခဲ့ရင်တော့ Final ဆုံးဖြတ်ချက်တစ်ခုကို မပြုလုပ်ရသေးမှီတွင် အောက်ပါအချက်ကလေးတွေကို ထည့်သွင်းစဉ်းစားကြည့်လိုက်ပါလို့ အကြံပြုလိုပါတယ် - 

 

သင့်ရဲ့ Career ရည်မှန်းချက်များ 

 

ပိုမိုများပြားတဲ့လစာငွေနဲ့ Job satisfaction တို့အကြားဆုံးဖြတ်မှုမပြုလုပ်မှီတွင် အရင်ဦးစွာ သင့်ရဲ့ career နှင့် ဘဝရည်မှန်းချက်များကို ပြန်လည်စဉ်းစားကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ သင်ဘာကိုလိုချင်တာလဲ? နောက်ပြီး ဘယ်အလုပ် offer က သင့်ရဲ့ရည်မှန်းချက်များသို့ရောက်ရှိနိုင်စေရန် အထောက်အကူဖြစ်စေနိုင်မလဲ? လစာငွေပိုကောင်းတဲ့ အလုပ်တစ်ခုဟာ သင့်ရဲ့ career လမ်းကြောင်းအတွက်ပိုမို၍အကျိုးဖြစ်ထွန်းမှုရှိစေမယ်ဆိုရင်တော့ ဒါဟာ သင်ရွေးချယ်သင့်တဲ့လမ်းကြောင်းပဲဖြစ်ပါတယ်။ သို့သော် . . . သင့်ရဲ့ ရေတိုနှင့် ရေရှည်ရည်မှန်းချက်တွေဟာ job satisfaction ရှိစေဖို့နဲ့ ဆက်စပ်မှုရှိနေပြီး အလုပ်-ဘဝမျှခြေ (work-life balance) ကို သင်လိုချင်တယ်ဆိုရင်တော့ ပြန်လည်၍စဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်. 

 

သင့်ရဲ့ ငွေရေးကြေးရေး အခြေအနေ 

 

ရိုးသားစွာဖြေကြည့်လိုက်ပါ . . . သင့်ဘဝအခြေအနေအရ ဝင်ငွေပိုမိုကောင်းမွန်မှုရှိစေဖို့ မရှိမဖြစ်လုပ်ဆောင်ရမယ့် အခြေအနေတစ်ခုမှာ သင်ရှိနေမယ်ဆိုရင်တော့ job satisfaction ရှိစေဖို့ထက် ပိုမိုကောင်းမွန်တဲ့ လစာငွေရရှိနိုင်တဲ့ အလုပ်တစ်ခုကိုရွေးချယ်ခြင်းက ပိုမို၍လက်တွေ့ကျမှာဖြစ်ပါတယ်။ သို့သော် . . . လုပ်ငန်းအဖွဲ့အစည်းများမှ talent အသစ်များကို အစပိုင်းတွင်လစာငွေအများအပြားပေး၍ ခေါ်ယူခဲ့သော်လည်း ၆ လမှ ၁ နှစ်ခန့်အကြာတွင် လုပ်ငန်းတည်ငြိမ်မှုမရှိသောကြောင့် လစာလျှော့ခြင်းနဲ့ အခြားသောခံစားခွင့်များကိုလျှော့ချခြင်းတို့ကို ပြုလုပ်လာခဲ့ပါက မိမိရဲ့ career လမ်းကြောင်းနှောင့်နှေးသွားရတဲ့အတွက် စိတ်ပျက်ခြင်းနဲ့အတူ နောင်တရလာမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုမှ လစာငွေပိုမိုကောင်းမွန်တဲ့ အလုပ်တစ်ခုသို့ မကူးပြောင်းမှီတွင် သေချာစွာစဉ်းစားဆုံးဖြတ်မှုပြုလုပ်ထားသင့်ပါတယ်။ 

 

သင်ယူလေ့လာခြင်းနှင့် တိုးတက်မှုရှိစေရေးအတွက် သင်ချမှတ်ထားတဲ့ အစီအစဉ်များ 

 

သင့်ရဲ့ learning and development plan ဟာလည်း ဒီကဲ့သို့ လစာငွေနဲ့ job satisfaction တို့အကြား ရွေးချယ်မှုပြုလုပ်ရာတွင် ကောင်းမွန်စွာအဆုံးအဖြတ်ပြုလုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ အကယ်၍ သင့်ထံတွင် သင်ယူလေ့လာစရာများရှိနေသေးပြီး သင့်ရဲ့ကျွမ်းကျင်မှုများကို ပိုမို၍တောက်ပြောင်လာစေရန် လေ့ကျင့်လိုတယ်ဆိုပါက (အထူးသဖြင့် career လမ်းကြောင်းတစ်ခုရဲ့ အလယ်ခန့်တွင်) ပိုမိုကောင်းမွန်တဲ့ လစာငွေရရှိနိုင်မယ့် အလုပ်တစ်ခုကို ရွေးချယ်လိုက်ခြင်းဟာ သင့်ရဲ့ သင်ကြားမှုနဲ့ တိုးတက်မှုအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်လာစေမှာပါ။ အထူးသဖြင့် သင်လက်ရှိအလုပ်လုပ်နေတဲ့ organization ဟာ ကျွမ်းကျင်မှုများကိုမြှင့်တင်ဖို့နဲ့ training များပေးဖို့ လိုအပ်တဲ့ budget ကို ခွဲဝေချထားမှုမရှိဘူးဆိုပါက ပိုမိုကောင်းမွန်တဲ့လစာငွေရရှိနိုင်မယ့်အလုပ်တစ်ခုကို ကူးပြောင်းလိုက်ခြင်းဟာ သင့်ရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှာပဲဖြစ်ပါတယ်။ 

 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ သင့်အနေနဲ့ ပိုမိုများပြားတဲ့လစာနဲ့ job satisfaction တို့အကြားရွေးချယ်မှုပြုလုပ်ခြင်းဟာ အထက်တွင် ပြောကြားခဲ့သလိုပဲ သင့်ရဲ့ ရေတိုနှင့် ရေရှည်လိုအပ်မှုများအပေါ် များစွာမှီခိုနေပါတယ်။ ဒါကြောင့် လက်ရှိအလုပ်ကနေ အခြားသောအလုပ်တစ်ခုသို့ ကူးပြောင်းမှုမပြုလုပ်မှီတွင် သေချာစွာနှိုင်းယှဉ်စဉ်းစားပြီးမှ ပြုလုပ်ကြဖို့ တိုက်တွန်းရင်း ယခုဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Creative Fox Co.,Ltd

Creative Fox Co.,Ltd

Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
M9 Public Co., Ltd.

M9 Public Co., Ltd.

M9 Public Co., Ltd.’s 21st Century Vision is ‘’To be the best distributor for promoting customer living standards by offering high quality and modern products, together with great customer servi...
Show the postings (11)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS