Jobs In Myanmar
Load...

အလုပ်တွင် ရာထူးတိုးမြင့်မှုရှိလာစေရန် ဘယ်လိုလုပ်ဆောင်သင့်သလဲ?

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Acquiring-Promotions-Workplace-JobsinYangon



အလုပ်တွင် ရာထူးတိုးမြင့်မှုရှိလာစေရန် ဘယ်လိုလုပ်ဆောင်သင့်သလဲ? 

သင်ဟာ သင့်ရဲ့သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွင်ရှေ့သို့တစ်ဆင့်တိုးနိုင်ပြီလို့သင့်ကိုယ်သင်ယုံကြည်ပါသလား? သို့မဟုတ် ရုံးတွင်းပိုင်းဆိုင်ရာ အပြောင်းအလဲများကြောင့်ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းကို သင့်အနေနဲ့ လက်မ လွှတ်လိုဘူးလား? ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့မှတ်သားထားရမှာက သင်လျှောက်လှမ်းရမယ့် သက်မွေးဝမ်း ကျောင်းမှုပညာရပ်လမ်းကြောင်းဟာ သင့်လက်ထဲမှာရှိနေတာဖြစ်ပြီး သင့်အနေနဲ့ ထိုအရာအတွက် တာဝန်ယူမှု တာဝန်ခံမှုများရှိနေဖို့ပါပဲ။ သင့်ရဲ့မန်နေဂျာကို သင့်ထံတွင်ပိုမိုစွမ်းဆောင်နိုင်တဲ့စွမ်းရည်တွေရှိနေပြီး ရာထူးတိုးမြှင့် ပေးနိုင်တယ်ဆိုတာကိုပြသနိုင်မယ့် အနုပညာတစ်ရပ်ရှိနေပါတယ်။ ဒီအရာကိုစတင်လုပ်ဆောင်တဲ့အခါမှာ ဘယ် လိုမျိုးတွေ စတင်ရမလဲဆိုတာကို သိရှိဖို့ခက်ခဲနိုင်သော်လည်း သင့်အတွက် အလုပ်ရာထူးတိုးမြင့်လာမှုတွေရရှိစေ ဖို့အတွက်လိုအပ်တဲ့ အချို့သော အဓိကအချက်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

မိမိတို့ရဲ့ ပြုမူပြောဆိုပုံအမူအယာများဟာ အရေးပါပါတယ်။

ဒီအရာက ပြောလိုက်တဲ့အခါမှာတော့ သင့်အနေနဲ့လုပ်ဆောင်ဖို့လွယ်ကူပါတယ်။ ဒါပေမယ့် ရာထူးတိုးမြင့်မှုရှိလာ စေဖို့အတွက်ဆိုရင်တော့ သင်ပုံမှန်လုပ်ဆောင်နေကျလုပ်ငန်းဆောင်တာတွေထက်ပိုမိုပြီးလုပ်ဆောင်ဖို့လိုအပ်ပါ လိမ့်မယ်။ စူးစမ်းလိုစိတ်ရှိပါ၊ ပြဿနာများကိုထက် အဖြေများကိုရှာဖွေပြီး သင်ဟာ သင်လက်ရှိလုပ်ဆောင်နေရ တဲ့အခန်းကဏ္ဍထက်ပိုတဲ့အရာတွေကိုစိတ်ဝင်စားမှုရှိတယ်ဆိုတာကိုပြသလိုက်ပါ။ အလုပ်ရှုပ်နေတဲ့လုပ်ဖော်ကိုင် ဖက်များနဲ့ မန်နေဂျာများကို “ကျွန်တော်အိမ်မပြန်ခင်ကူညီလုပ်ပေးနိုင်တဲ့အရာများရှိဦးမလား” ဟုမေးတတ်တဲ့သူ တစ်ဦးဖြစ်ပါစေ။ သင်လုပ်မယ်လို့ပြောထားတဲ့အရာများကို အမှန်တကယ်လုပ်ဆောင်ပေးနိုင်မှုရှိပါစေ။ သင့်အား တစ်ကြိမ်တစ်ခါရှင်းပြရုံနဲ့ နားလည်သဘောပေါက်သူတစ်ဦးဖြစ်ပါစေ။ အစည်းအဝေးများ၊ training ပေးသည့် အချိန်များတွင် မှတ်စုများမှတ်သားထားပါ။ ကုမ္ပဏီ/ အသင်းအဖွဲ့အတွင်း အားပြိုင်မှုများနဲ့ မလိုအပ်ပဲ ပက်သတ်မှု မရှိပါစေနဲ့၊ မိမိအထက်လူကြီးရဲ့ လုပ်ငန်းဆောင်တာများ လွယ်ကူချောမွေ့စေရန်နှင့် ပိုမိုပြီးထိရောက်မှုရှိလာစေ ရန် ကူညီပေးနိုင်တဲ့သူတစ်ဦးဖြစ်ပါစေ (Managing Up)။ 

ဒီအရည်အချင်းတိုင်းဟာ မန်နေဂျာတိုင်းက မလွဲမသွေသတိထားမိနိုင်စေမယ့် လွန်စွာကောင်းမွန်တဲ့ လုပ်ငန်းခွင် ဆိုင်ရာခံယူချက်/ အမူအကျင့်ရှိကြောင်းကိုဖော်ပြနေပြီး သင့်ရဲ့ရာထူးတိုးမြင့်လာစေမယ့်အခွင့်အလမ်းများကို ပွင့် လန်းလာနိုင်စေပါတယ်။ ဒါပေမယ့် ဒီအရာကိုအလွန်အမင်းမလုပ်ဆောင်ဖို့တော့လိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် ၎င်းကဲ့သို့လုပ်ဆောင်ခဲ့ပါလျှင် ဒီအရာတွေက သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေကို ကျဆင်းစေပြီး အကျိုးမရှိ ဖြစ်စေနိုင်လို့ပါပဲ။ သင့်ရဲ့လက်ရှိလုပ်ငန်းတာဝန်တွေမှာလည်း သင့်အနေနဲ့ဆောင်ရွက်ဖို့လိုအပ်သေးတဲ့အတွက် အခြားအပိုတာဝန်အများအပြားကိုယူမိတဲ့အခါမှာ စိတ်အာရုံစူးစိုက်မှုကိုပျက်ပြားစေတာမို့ ထို့ကဲ့သို့လုပ်ဆောင်ဖို့ ကိုတော့ ကျွန်တော်တို့ကမတိုက်တွန်းလိုပါဘူး။ လုပ်ငန်းအတွက် ပိုမိုပြီးအကျိုးရှိလာအောင် သင့်အနေနဲ့လုပ် ဆောင်နိုင်တယ်ဆိုတာကိုပြသတဲ့အနေနဲ့ ပိုမိုများပြားတဲ့လုပ်ငန်းတာဝန်တွေကိုပြုလုပ်ပေးရာတွင် မျှတမှုရှိစေရန် သတိထား၍လုပ်ဆောင်သင့်ပါတယ်။ 

မိမိဖက်ကစတင်လုပ်ဆောင်ဖို့ တက်တက်ကြွကြွရှိပါစေ

ဘာလုပ်ရမယ်လို့ပြောဆိုလာတာကိုစောင့်ဆိုင်းနေခြင်းဟာ လူတွေကို သူတို့ရဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ တွင်ရှေ့သို့မတက်နိုင်စေတဲ့ အဓိကကျတဲ့ အနုတ်သဘောဆောင်သောအချက်တစ်ခုဖြစ်ပါတယ်။ တက်တက်ကြွ ကြွနဲ့ မိမိဖက်ကနေစတင်ပြီး လုပ်ငန်းပရောဂျက်အသစ်များကိုရှာဖွေခြင်း၊ သင့်အဖွဲ့အစည်း/ လုပ်ငန်းအတွက် ပိုမို အကျိုးရှိစေမယ့် မတူကွဲပြားတဲ့နည်းလမ်းများကိုရှာဖွေပေးခြင်းတို့ကိုပြုလုပ်သင့်ပါတယ်။ သင့်အနေနဲ့ ပြဿနာ တစ်ခုကိုလေ့လာတွေ့ရှိတဲ့အခါမှာဒီပြဿနာကို တစ်စုံတစ်ယောက်ကလာရောက်ဖြေရှင်းဖို့ကိုမျှော်လင့်မနေပါနဲ့။ သင်ဟာ ပြဿနာရပ်များကိုကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူတစ်ဦးဖြစ်တယ်ဆိုတာကို အကြံအစည်များ၊ ဖြေရှင်းနည်း များကိုဆောင်ယူလာပြီး အကောင်အထည်ဖော်လုပ်ဆောင်ခြင်းနဲ့ ပြသလိုက်ပါ။ 

သင့်ကုမ္ပဏီအတွင်းကလူများနဲ့လည်း ပိုမိုပြီးရင်းရင်းနှီးနှီးရှိထားသင့်ပါတယ်။ အဖွဲ့အစည်း/ လုပ်ငန်းအတွင်း ဘာ တွေဖြစ်ပျက်နေလဲဆိုတာကိုရှာဖွေဖော်ထုတ်ကြည့်ပါ။ သင့်အနေနဲ့ ပါဝင်လို့ရနိုင်မယ့် ကုမ္ပဏီကော်မတီ (သို့) ပရဟိတလုပ်ငန်းများရှိနေပါသလား? ဒီအခွင့်အလမ်းတွေက သင့်ရဲ့အားသာချက်တွေကိုပိုမိုကျယ်ပြန့်တဲ့နေရာမှာ ချပြ၍ရနိုင်စေပြီး စီမံခန့်ခွဲမှုပိုင်းမှလူများနဲ့ ထိတွေ့မှုရှိလာစေနိုင်ပါတယ်။ ဒီအရာက သင်ဟာ တက်ကြွမှုရှိပြီး အပြုသဘောဆောင်တဲ့ ခံယူချက်/ အမူအကျင့်များရှိနေတယ်ဆိုတာကိုဖော်ပြနိုင်တဲ့နည်းလမ်းလည်းဖြစ်နေပါ တယ်။ 

သင့်ကိုသင်ကြားပေးမယ့်သူတစ်ဦးရှိခြင်းဟာလည်း တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပါပဲ။ သင့်ထံတွင် သင်ကြား ပေးမယ့်သူတစ်ဦးမရှိသေးပါက သင်ယုံကြည်အားကိုးလေးစားရပြီး သင့်ရဲ့အလားအလာကောင်းတွေကို မြှင့်တင် မှုပြုလုပ်ရာတွင် အထောက်အကူပြုပေးနိုင်မယ့်လူတစ်ဦးကိုရှာဖွေသင့်ပါတယ်။ ကောင်းမွန်တဲ့ဆရာတစ်ယောက် ဟာ လမ်းညွှန်မှုတွေ၊ ပံ့ပိုးကူညီမှုတွေကိုလုပ်ပေးနိုင်သည်သာမကပဲ သူတို့ကသင့်ကုမ္ပဏီမှာပဲ အလုပ်လုပ်နေတဲ့ သူဖြစ်ပါက ဒီအရာက သင့်ကိုသတိထားမိလာစေဖို့နဲ့ သင်ဟာ သင့်ကိုယ်သင်တိုးတက်မှုရှိလာစေဖို့ ဘယ်လောက် အထိတောင်မှစိတ်ဝင်စားမှုရှိပြီး ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာကိုလည်း ပြသနိုင်မယ့် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ 

အဆုံးသတ်အနေနဲ့ပြောကြားလိုတာကတော့ မိမိဘာသာသင်ယူခြင်း (self-learning) က သင်ဟာ အထက်က ပြောဆိုခဲ့တဲ့အတိုင်း အမှန်တကယ်စူးစူးစိုက်စိုက်နဲ့ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာကို ကောင်းကောင်းကြီးပြ သနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ သင့်ကိုယ်သင်နဲ့ သင့်ရဲ့လုပ်ဆောင်ချက်တွေ/ အားထုတ်မှုတွေကို အကဲဖြတ် ကြည့်ပါ။ သင့်ရဲ့အားသာချက်တွေကဘာလဲ? သင်တိုးတက်လာတဲ့နေရာတွေကဘာတွေလဲ? သင့်ရဲ့တက်လမ်းကို ပိတ်ဆို့နိုင်တဲ့ ကျွမ်းကျင်မှု (skill) ကွာဟချက်တွေရှိနေသလား? အစရှိသည်တို့ကို မိမိတို့ကိုယ်ကို အကဲဖြတ် လေ့လာကြည့်နိုင်ပါတယ်။ သင်ယူခြင်းဟာ အစဉ်မပြတ်ပြုလုပ်ရမယ့်အလုပ်တစ်ခုဖြစ်ပြီး သင့်အနေနဲ့တိုးတက်မှု တွေဖြစ်ပေါ်လာစေဖို့အတွက် ပိုမိုနက်နဲတဲ့အကြောင်းအရာတွေကိုလေ့ကျင့်ခြင်းနဲ့ အရည်အသွေးပြည့်မှီမှုများရှိ လာစေဖို့ရာ ပြုလုပ်နေရမှာဖြစ်ပါတယ်။ 

သင့်ရဲ့ရည်မှန်းချက်/ ရည်ရွယ်ချက်များကိုရှင်းရှင်းလင်းလင်းသိစေရန်ပြုလုပ်ထားပါ

မန်နေဂျာများဟာ လိုအပ်ချက်များနဲ့အမြဲတစေ နပန်းလုံးနေရတဲ့အတွက် သင့်ရဲ့သက်မွေးဝမ်းကျောင်းမှုလုပ်ငန်း တိုးတက်စေရန်နဲ့ ရှေ့တက်လမ်းတွေကို ဦးစားပေးအနေနဲ့ ထည့်သွင်းစဉ်းစားနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သင့် ရဲ့ professional ရည်မှန်းချက်နဲ့ ပန်းတိုင်များကို သူတို့သိရှိစေရန် ပြုလုပ်ထားခြင်းကကောင်းပါတယ်။ 

လူအတော်များများဟာ ရာထူးတိုးဖို့ကိုအမြဲစဉ်းစားနေတာမဟုတ်ပါဘူး။ အချို့သောသူတွေဟာ သူတို့လုပ်ဆောင် နေရတဲ့ကဏ္ဍတစ်ခုမှာပဲ ကာလကြာရှည်နေထိုင်ဖို့ကိုအလွန်နှစ်သက်မှုရှိကြတဲ့အတွက် သင်က ရာထူးတိုးဖို့ကို မျှော်လင့်နေတဲ့သူဖြစ်ပါက သင့်ရဲ့မန်နေဂျာက သင်ဟာဒီလူတွေနဲ့အလားတူပဲလို့အထင်မခံရစေဖို့လိုအပ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေကိုရှင်းရှင်းလင်းလင်းသိစေရန်ပြုလုပ်မထားပါက အဆိုပါရာထူးတိုးမြှင့်ခံရမှုတစ်ခုကို ဆုံးရှုံးရနိုင်ပါတယ်။ 

သင့်အနေနဲ့နောက်ထပ်ဘာတွေကိုဆက်လုပ်ရမလဲဆိုတာနဲ့ ရည်ရှည်၊ ရေတိုရည်မှန်းချက်တွေကို သင့်ကိုယ်သင် ချမှတ်ထားပါ။ ရည်မှန်းချက်များချမှတ်ရာတွင် ကောင်းမွန်တဲ့နည်းလမ်းတစ်ခုကတော့ သင်လိုချင်တဲ့နောက်ဆုံး ရလာဒ်တစ်ခုကိုစတင်ပုံဖော်ခြင်းကနေ စတင်ပြီးနောက် သင့်ကိုထိုနေရာသို့ရောက်ရှိနိုင်စေရန်ကူညီပေးနိုင်တဲ့ ရည်မှန်းချက်အသေးတွေကိုချမှတ်ခြင်းပါပဲ။ ဥပမာ - သင်လုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာအသစ်တစ်ခုဟာ သင့်ထံတွင်မရှိတဲ့ကျွမ်းကျင်မှုတစ်ခုကိုလိုအပ်ပါက သင့်အနေနဲ့ထိုအရာများကိုရယူနိုင်စေမယ့် အစီအစဉ်များကို ရေးဆွဲထားရမှာပါ။ သင့်ရဲ့ရည်မှန်းချက်အချို့ကို မန်နေဂျာအားပြောပြဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ဒီအရာက သင်ဟာ သင့်ရဲ့သက်မွေးဝမ်းကြောင်းမှုလုပ်ငန်းတစ်ရပ်အနေနဲ့ ဦးတည်သွားမယ့်အရာအပေါ်လေးလေးနက်နက် ရှိတယ်ဆိုတာကိုလဲ ပြသနေပါတယ်။ 

အကယ်၍သင့်အနေနဲ့ နောက်ထပ်အဆင့်တွေကဘာတွေလဲဆိုတာကို သေချာစွာမသိဘူးဆိုရင်၊ သင့်ရဲ့မန်နေဂျာ ကိုမေးမြန်းကြည့်ဖို့ကောင်းပါတယ်။ သူတို့အနေနဲ့ သင်ဟာနောင်လာမယ့်အလုပ်တာဝန်အသစ်အတွက် သင်ဘာ တွေပြင်ဆင်ထားသင့်တယ်ထင်သလဲဆိုတာကိုမေးမြန်းခြင်းအားဖြင့် သင်ဟာအသုံးဝင်တဲ့အကြံဉာဏ်များကို ရရှိ ရုံသာမက သင့်ရဲ့ရည်မှန်းချက်တွေကိုသူတို့မှရှင်းရှင်းလင်းလင်းသိမြင်သွားစေနိုင်ပါတယ်။ သင့်အနေနဲ့ “မပြေး တတ်ခင် လမ်းလျှောက်သင်ရမယ်” ဆိုတဲံ့စကားပုံအတိုင်းပဲ အရာရာတိုင်းကို အရှိအတိုင်းပြောဆိုပြီးတစ်ဆင့်ချင်း စီလုပ်ဆောင်သွားဖို့တော့လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ဒီမျှခြေကိုတော့ မပျက်ပါစေနဲ့။ 

နိဂုံးချုပ်

ရာထူးတိုးမြှင့်မှုများဟာအလိုအလျှောက်ရရှိလာမှာမဟုတ်တဲ့အတွက် ထိုသို့ဖြစ်လာစေရန်စောင့်ဆိုင်းနေခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော့ရဲ့အတွေ့အကြုံအရ အမှန်တကယ်ရာထူးတိုးမြှင့်ပေးဖို့ထိုက် တန်တဲ့သူများဟာ မှန်ကန်ကောင်းမွန်စွာသတိထားမှုခံရပြီးရာထူးတိုးမြှင့်ပေးဖို့အရည်အချင်းပြည့်စုံတဲ့သူများဖြစ် ပါတယ်။ မိမိဖက်ကစတင်လုပ်ဆောင်ခြင်းတွေပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့နယ်ပယ်ကိုချဲ့ထွင်ပြီးပါက နောက်တစ် ကြိမ် အခွင့်အလမ်းများပေါ်ပေါက်လာတဲ့အခါမှာ သင့်ရဲ့နာမည်ဟာထိပ်ဆုံးမှာရှိနေစေဖို့အတွက် နေရာယူထား လိုက်ပါ။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျက်
www.jobsinyangon.com 

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
Synergy Plus Co., Ltd

Synergy Plus Co., Ltd

Vision - To be one the Leading Construction Companies Mission - To provide our High Quality Services First after SAFETY Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS